ေညာင္ေ႐ႊၿမိဳ႕နယ္ မိုင္းပ်ိဳးေက်း႐ြာတြင္ ေ႐ြ႕လ်ားဝန္ေဆာင္မႈ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကြင္းဆင္းၾကည့္႐ႈ

ေညာင္ေ႐ႊ ဇြန္   −   ၂၈

145

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးခ႐ိုင္ ေညာင္ေ႐ႊၿမိဳ႕နယ္ မိုင္းပ်ိဳးေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္း၌ ဇြန္(၂၈)ရက္ မြန္းလြဲ(၁)နာရီက ေဒသခံျပည္သူမ်ားအတြက္ ေ႐ြ႕လ်ားဝန္ေဆာင္မႈလုပ္ငန္းေဆာင္႐ြက္ေနျခင္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါလ်က္ ကြင္းဆင္းၾကည့္႐ႈခဲ့ၾကေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္ တာဝန္ရွိသူမ်ားက ေ႐ြ႕လ်ားဝန္ေဆာင္မႈတြင္ျပဳလုပ္ ၿပီးေသာႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား၊ လယ္ယာေျမပုံစံခြန္မ်ား၊ အိမ္ေထာင္စုဇယားမ်ားတို႔ကို ေက်း႐ြာရွိေဒသခံျပည္သူ မ်ားအားေပးအပ္ၿပီး၊ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံရာ မိုင္းပ်ိဳးေက်း႐ြာေဒသခံမ်ားမွ ႐ြာအဝင္လမ္းတံတားျပဳျပင္ေပးရန္၊ စာသင္ေက်ာင္းမ်ား၊ ဆရာဆရာမမ်ား၊ လမ္းပန္းဆက္သြယ္ေရးကိစၥရပ္မ်ား၊ လၽွပ္စစ္မီးလင္းေရးကိစၥရပ္မ်ား၊ ေဘးမဲ့ေတာကိစၥ ရပ္မ်ားကိုတင္ျပၾကၿပီး၊ ေဒသခံျပည္သူမ်ား၏တင္ျပခ်က္မ်ားကို ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ သက္ဆိုင္ရာ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားက အသီးသီးျပန္လည္ေျဖၾကားၾကကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ မွနိဂုံးခ်ဳပ္ အမွာစကားေျပာၾကားရာ ယခုလိုေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံရသည့္အတြက္ဝမ္းသာပါေၾကာင္းႏွင့္ ေဒသ၏လိုအပ္ခ်က္မ်ား ကိုပြင့္ပြင့္လင္းလင္းသိရွိရသည့္အတြက္ ေက်းဇူးတင္ပါေၾကာင္း၊ ေဒသခံျပည္သူမ်ားကလည္း စုေပါင္း၍ ညီညီၫြတ္ၫြတ္ ႀကိဳးစားေပးၾကရန္ႏွင့္ ေဒသ၏လိုအပ္ခ်က္မ်ားကို လာမည့္ဘ႑ာႏွစ္တြင္က႑အလိုက္ ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္းေျပာၾကားသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာတွင် ရွေ့လျားဝန်ဆောင်မှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ညောင်ရွှေ ဇွန်   −   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဇွန်(၂၈)ရက် မွန်းလွဲ(၁)နာရီက ဒေသခံပြည်သူများအတွက် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ရွေ့လျားဝန်ဆောင်မှုတွင်ပြုလုပ် ပြီးသောနိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ လယ်ယာမြေပုံစံခွန်များ၊ အိမ်ထောင်စုဇယားများတို့ကို ကျေးရွာရှိဒေသခံပြည်သူ များအားပေးအပ်ပြီး၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ မိုင်းပျိုးကျေးရွာဒေသခံများမှ ရွာအဝင်လမ်းတံတားပြုပြင်ပေးရန်၊ စာသင်ကျောင်းများ၊ ဆရာဆရာမများ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များ၊ ဘေးမဲ့တောကိစ္စ ရပ်များကိုတင်ပြကြပြီး၊ ဒေသခံပြည်သူများ၏တင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အသီးသီးပြန်လည်ဖြေကြားကြကာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် မှနိဂုံးချုပ် အမှာစကားပြောကြားရာ ယခုလိုဒေသခံပြည်သူများနှင့်တွေ့ဆုံရသည့်အတွက်ဝမ်းသာပါကြောင်းနှင့် ဒေသ၏လိုအပ်ချက်များ ကိုပွင့်ပွင့်လင်းလင်းသိရှိရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း စုပေါင်း၍ ညီညီညွတ်ညွတ် ကြိုးစားပေးကြရန်နှင့် ဒေသ၏လိုအပ်ချက်များကို လာမည့်ဘဏ္ဍာနှစ်တွင်ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943