ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားဖြင့္လွစ္

မိုင္း႐ႉး ဇူလိုင္ - ၂

149

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ မိုင္း႐ႉးၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ (Township Sport Development Program) အရက်င္းပသည့္ ေဘာလုံး/ ဘိလိယက္/စႏူကာ / ပိုက္ေက်ာ္ျခင္း/ မီနီမာရသြန္ အားကစားၿပိဳင္ပြဲ မ်ားဖြင့္ပြဲကို ဇူလိုင္ ၁  ရက္ေန႔ကမိုင္း႐ႉးၿမိဳ႕အားကစားကြင္း၌က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔မွ ဖြင့္လွစ္ေပးခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ဇူလိုင္ ၂ ရက္ေန႔ နံနက္ပိုင္းတြင္ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ မီနီမာရသြန္ၿပိဳင္ပြဲကို က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီးမွ ေသနတ္ပစ္ေဖာက္တာလႊတ္ေပးခဲ့ၿပီး၊ အဆိုပါၿပိဳင္ပြဲသို႔ ရပ္ကြက္/ ေက်း႐ြာမ်ားမွ အားကစားသမားမ်ားႏွင့္ ေက်ာင္းသား/ ေက်ာင္းသူ (၆၇၄)ဦးပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖွင့်လှစ်

မိုင်းရှူး ဇူလိုင် - ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် (Township Sport Development Program) အရကျင်းပသည့် ဘောလုံး/ ဘိလိယက်/စနူကာ / ပိုက်ကျော်ခြင်း/ မီနီမာရသွန် အားကစားပြိုင်ပွဲ များဖွင့်ပွဲကို ဇူလိုင် ၁  ရက်နေ့ကမိုင်းရှူးမြို့အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ ကျေးရွာများမှ အားကစားသမားများနှင့် ကျောင်းသား/ ကျောင်းသူ (၆၇၄)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)