ရှမ်းပြည်နယ်သတင်းများ

ျမန္မာအမ်ိဳးသမီးမ်ားေန႔ ေတာင္ႀကီးၿမိဳ႕၌က်င္းပ

ေတာင္ႀကီး ဇူလိုင္   −   ၃

150

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈခန္းမတြင္ ဇူလိုင္(၃)ရက္ နံနက္(၉)နာရီခြဲက ျမန္မာအမ်ိဳးသမီးမ်ားေန႔က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ရွမ္းျပည္နယ္အမ်ိဳးသမီး ေကာ္မတီဥကၠ႒ ေဒါက္တာေအာင္သန္းေမာင္က ျမန္မာအမ်ိဳးသမီးမ်ားသည္ ျမန္မာ့သမိုင္းစဥ္တစ္ေလၽွာက္ အမ်ိဳးသားေရးစိတ္ဓာတ္၊ မ်ိဳးခ်စ္ စိတ္ဓာတ္ႏွင့္ ျပည္ေထာင္စုစိတ္ဓာတ္ ထြန္းကားျပန္႔ပြားေအာင္ စံနမူနာျပအျဖစ္ ႀကိဳးပမ္းခဲ့ၾကရာတြင္လည္းေကာင္း၊ ျမန္မာ့ လူ႕ေဘာင္ရွင္သန္ဖြံ႕ၿဖိဳးတိုးတက္မႈကို ေဆာင္႐ြက္ေပးရာတြင္လည္းေကာင္း၊ ေနာင္တစ္ေခတ္ေခါင္းေဆာင္မ်ားျဖစ္ရန္ မ်ိဳးဆက္သစ္လူငယ္မ်ားကို ျပဳစုပ်ိဳးေထာင္ေပးရာတြင္လည္းေကာင္း၊ က်ရာတာဝန္မ်ားကိုေက်ပြန္စြာပါဝင္ေဆာင္႐ြက္ၾကၿပီး ရွမ္းျပည္နယ္အတြင္းရွိ အမ်ိဳးသမီးထုအားလုံးအား က်ားမတန္းတူညီမၽွမႈရရွိရန္ႏွင့္ အမ်ိဳးသမီးမ်ားႏွင့္ အမ်ိဳးသမီးငယ္မ်ားအား မိမိတို႔မွာရွိသည့္ စြမ္းေဆာင္ရည္မ်ားကို ျမႇင့္တင္လ်က္ ႏိုင္ငံေတာ္၏ စီးပြားေရးအခန္းက႑မ်ားတြင္ အမ်ိဳးသမီးထုႀကီး၏ စြမ္းပကားကို ေဖာ္ထုတ္ၾကရန္ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အမ်ိဳးသမီးဖြံ႕ၿဖိဳးတိုးတက္ေရးဥကၠ႒ ေဒၚစဝ္ေဟမာသိုက္မွ ႀကိဳဆိုႏႈတ္ခြန္းဆက္စကား ေျပာၾကားၿပီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) အမ်ိဳးသမီးအဖြဲ႕မ်ားကြန္ရက္နာယက ေဒၚသီသီေအာင္က ျမန္မာအမ်ိဳးသမီးမ်ားေန႔ပြဲ က်င္းပျပဳလုပ္ရျခင္း၏ ရည္႐ြယ္ခ်က္ကိုေျပာၾကားကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ရွမ္းျပည္နယ္အမ်ိဳးသမီးေရးရာအဖြဲ႕၊ ျပည္နယ္မိခင္ႏွင့္ကေလး ေစာင့္ေရွာက္မႈႀကီးၾကပ္ေရးအဖြဲ႕မွ အလႉေငြက်ပ္(၅)သိန္းကို ရွမ္းျပည္နယ္အမ်ိဳးသမီးေရးရာအဖြဲ႕ နာယကေဒၚနန္းေ႐ႊျမင့္က ေပးအပ္လႉဒါန္းရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ရွမ္း ျပည္နယ္အမ်ိဳးသမီးေကာ္မတီဥကၠ႒ ေဒါက္တာေအာင္သန္းေမာင္ကလက္ခံရယူ၍ ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ခဲ့ သည္။

ထို႔ေနာက္ ထူးခၽြန္အမ်ိဳးသမီး(၁၈)ဦးအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ရွမ္း ျပည္နယ္အမ်ိဳးသမီးေကာ္မတီဥကၠ႒ ေဒါက္တာေအာင္သန္းေမာင္ႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ရွမ္းျပည္နယ္အမ်ိဳးသမီး ေရးရာအဖြဲ႕၊ ျပည္နယ္မိခင္ႏွင့္ ကေလးေစာင့္ေရွာက္မႈ ႀကီးၾကပ္ေရးအဖြဲ႕နာယကေဒၚနန္းေ႐ႊျမင့္တို႔မွ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား အသီးသီးခ်ီးျမႇင့္ေပးခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးမ်ားေန႔တြင္ ေတာင္ႀကီးတကၠသိုလ္ဥပေဒပညာဌာနမွ ပါေမာကၡ/ဌာနမႉးေဒၚယဥ္ယဥ္ဝင္း၊ ရွမ္း ျပည္နယ္(ေတာင္ပိုင္း) အမ်ိဳးသမီးမ်ားကြန္ရက္အဖြဲ႕မွ တြဲဖက္ၫွိႏႈိင္းေရးမႉးေဒၚဝါဝါစိုး၊ ရန္ကုန္ၿမိဳ႕ဖန္တီးအိမ္အဖြဲ႕မွ စီမံကိန္း ဒါ႐ိုက္တာေဒၚနႏၵာထြဋ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားကြန္ရက္အဖြဲ႕မွဥကၠ႒ေဒၚနန္းမိုမိုသီတာ၊ အမ်ိဳးသမီးစြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမႉးေဒၚနန္းစံလႈိင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) လူငယ္ေရးရာ ေကာ္မတီအဖြဲ႕မွ အဖြဲ႕ဝင္ဦးေစာေရမြန္၊ ေတာင္ႀကီးၿမိဳ႕နယ္ SNLDပါတီမွ ဒုဥကၠ႒ေဒၚနန္းျမဦးတို႔မွ ဦးေဆာင္၍ အမ်ိဳးသမီးႏွင့္ ေခါင္းေဆာင္မႈ၊ အမ်ိဳးသမီးႏွင့္ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသမီးႏွင့္အလုပ္အကိုင္အခြင့္အလမ္း၊ အမ်ိဳးသမီးႏွင့္အိမ္တြင္း အၾကမ္းဖက္ မႈေခါင္းစဥ္မ်ားျဖင့္လည္းေကာင္း၊ ဥပေဒအေၾကာင္းအရာႏွင့္သိေကာင္းစရာမ်ား၊ အေထြေထြဗဟုသုတမ်ားအားလည္းေကာင္း၊ အမ်ိဳးသမီးမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာအသိပညာေပးျခင္းအေနျဖင့္ ရွင္းလင္းေဆြးေႏြးစကားဝိုင္းက်င္းပျပဳလုပ္ေၾကာင္းသိရွိ ရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာအမျိုးသမီးများနေ့ တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး ဇူလိုင်   −   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ဇူလိုင်(၃)ရက် နံနက်(၉)နာရီခွဲက မြန်မာအမျိုးသမီးများနေ့ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သန်းမောင်က မြန်မာအမျိုးသမီးများသည် မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် စံနမူနာပြအဖြစ် ကြိုးပမ်းခဲ့ကြရာတွင်လည်းကောင်း၊ မြန်မာ့ လူ့ဘောင်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးရာတွင်လည်းကောင်း၊ နောင်တစ်ခေတ်ခေါင်းဆောင်များဖြစ်ရန် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးရာတွင်လည်းကောင်း၊ ကျရာတာဝန်များကိုကျေပွန်စွာပါဝင်ဆောင်ရွက်ကြပြီး ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးထုအားလုံးအား ကျားမတန်းတူညီမျှမှုရရှိရန်နှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအား မိမိတို့မှာရှိသည့် စွမ်းဆောင်ရည်များကို မြှင့်တင်လျက် နိုင်ငံတော်၏ စီးပွားရေးအခန်းကဏ္ဍများတွင် အမျိုးသမီးထုကြီး၏ စွမ်းပကားကို ဖော်ထုတ်ကြရန်ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌ ဒေါ်စဝ်ဟေမာသိုက်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးအဖွဲ့များကွန်ရက်နာယက ဒေါ်သီသီအောင်က မြန်မာအမျိုးသမီးများနေ့ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အလှူငွေကျပ်(၅)သိန်းကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်နန်းရွှေမြင့်က ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်း ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သန်းမောင်ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ သည်။

ထို့နောက် ထူးချွန်အမျိုးသမီး(၁၈)ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်း ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သန်းမောင်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းရွှေမြင့်တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးများနေ့တွင် တောင်ကြီးတက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခ/ဌာနမှူးဒေါ်ယဉ်ယဉ်ဝင်း၊ ရှမ်း ပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများကွန်ရက်အဖွဲ့မှ တွဲဖက်ညှိနှိုင်းရေးမှူးဒေါ်ဝါဝါစိုး၊ ရန်ကုန်မြို့ဖန်တီးအိမ်အဖွဲ့မှ စီမံကိန်း ဒါရိုက်တာဒေါ်နန္ဒာထွဋ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်အဖွဲ့မှဥက္ကဋ္ဌဒေါ်နန်းမိုမိုသီတာ၊ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဒေါ်နန်းစံလှိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လူငယ်ရေးရာ ကော်မတီအဖွဲ့မှ အဖွဲ့ဝင်ဦးစောရေမွန်၊ တောင်ကြီးမြို့နယ် SNLDပါတီမှ ဒုဥက္ကဋ္ဌဒေါ်နန်းမြဦးတို့မှ ဦးဆောင်၍ အမျိုးသမီးနှင့် ခေါင်းဆောင်မှု၊ အမျိုးသမီးနှင့်ငြိမ်းချမ်းရေး၊ အမျိုးသမီးနှင့်အလုပ်အကိုင်အခွင့်အလမ်း၊ အမျိုးသမီးနှင့်အိမ်တွင်း အကြမ်းဖက် မှုခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဥပဒေအကြောင်းအရာနှင့်သိကောင်းစရာများ၊ အထွေထွေဗဟုသုတများအားလည်းကောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသိပညာပေးခြင်းအနေဖြင့် ရှင်းလင်းဆွေးနွေးစကားဝိုင်းကျင်းပပြုလုပ်ကြောင်းသိရှိ ရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 85 guests and no members online