ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ UNOCHA မွ Ms. Marie Spaak အဖြဲ႕ႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ဇူလိုင္   −   ၃

153

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးေဒါက္တာ ေအာင္သန္းေမာင္၊ အစိုးရအဖြဲ႕အတြင္းေရးမႉးဦးစိုးစိုးေဇာ္၊ လူမႈဝန္ထမ္းဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးဦးထြန္းဦး၊ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးဦးစိုးႏိုင္တို႔ႏွင့္အတူ ဇူလိုင္(၃)ရက္ ညေန(၃)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး ျပည္နယ္ဝန္ႀကီးခ်ဳပ္ Callခန္းမ၌ UNOCHAမွ Ms. Marie Spaak အဖြဲ႕ႏွင့္ ေတြ႕ဆုံ ေၾကာင္းသိရသည္။

ထို႔သို႔ေတြ႕ဆုံရာတြင္ Ms. Marie Spaakမွ လူသားခ်င္းစာနာေထာက္ထားေသာ လုပ္ငန္းအေျခအေနအျမင္မ်ားအား ဖလွယ္ရန္ႏွင့္ ရွမ္းျပည္နယ္၌ လူသားခ်င္းစာနာေထာက္ထားေသာ လုပ္ငန္းမ်ားပူးေပါင္းေဆာင္႐ြက္ရန္အတြက္ ယခုလို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ လာေရာက္ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္း၊ မိမိတို႔အဖြဲ႕သည္ ၂၀၀၈ခုႏွစ္ နာကစ္ မုန္တိုင္းစတင္ခ်ိန္က ေရာက္ရွိေနၿပီျဖစ္ၿပီး UNOCHA အဖြဲ႕သည္ INGO၊ အစိုးရဌာနမ်ားတြင္ အေရးေပၚမ်ားဖြင့္လွစ္လ်က္ ရွိေၾကာင္း၊ ယခုသဘာဝအေရးေပၚျပႆနာမ်ားေျဖရွင္းရာတြင္ ပူးေပါင္းမႈမရွိပါက ထိေရာက္မႈမရွိႏိုင္ေၾကာင္းႏွင့္ ယခုဆိုလၽွင္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ႏိုင္ငံတကာအတြင္းရွိအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းၿပီး လူသားခ်င္းစာနာစိတ္ ျဖင့္ေဆာင္႐ြက္ေပးလ်က္ရွိကာ ယခင္ကရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ကို ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ေဆြးေႏြး သြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ Ms. Marie Spaak အဖြဲ႕မွ အခုလိုလာေရာက္ေတြ႕ဆုံ သည့္အတြက္ ဝမ္းေျမာက္မိပါေၾကာင္းႏွင့္ မည္သည့္အဖြဲ႕အစည္းမဆို တစ္သင္းတစ္ဖြဲ႕တည္းျဖင့္ ေဆာင္႐ြက္ပါက ထိေရာက္မႈ မရွိႏိုင္သည္ကို သိရွိရသျဖင့္ ယခုလို UNOCHAမွ လာေရာက္ကူညီေဆာင္႐ြက္ေပးသည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္လည္း လူသားခ်င္းစာနာေထာက္ထားျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိၿပီး ျပည္တြင္းျပည္ပ အဖြဲ႕အစည္းမ်ားႏွင့္လည္း ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း ေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် UNOCHA မှ Ms. Marie Spaak အဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး ဇူလိုင်   −   ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးစိုးစိုးဇော်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးထွန်းဦး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့နှင့်အတူ ဇူလိုင်(၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် Callခန်းမ၌ UNOCHAမှ Ms. Marie Spaak အဖွဲ့နှင့် တွေ့ဆုံ ကြောင်းသိရသည်။

ထို့သို့တွေ့ဆုံရာတွင် Ms. Marie Spaakမှ လူသားချင်းစာနာထောက်ထားသော လုပ်ငန်းအခြေအနေအမြင်များအား ဖလှယ်ရန်နှင့် ရှမ်းပြည်နယ်၌ လူသားချင်းစာနာထောက်ထားသော လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်အတွက် ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် ၂၀၀၈ခုနှစ် နာကစ် မုန်တိုင်းစတင်ချိန်က ရောက်ရှိနေပြီဖြစ်ပြီး UNOCHA အဖွဲ့သည် INGO၊ အစိုးရဌာနများတွင် အရေးပေါ်များဖွင့်လှစ်လျက် ရှိကြောင်း၊ ယခုသဘာဝအရေးပေါ်ပြဿနာများဖြေရှင်းရာတွင် ပူးပေါင်းမှုမရှိပါက ထိရောက်မှုမရှိနိုင်ကြောင်းနှင့် ယခုဆိုလျှင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာအတွင်းရှိအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး လူသားချင်းစာနာစိတ် ဖြင့်ဆောင်ရွက်ပေးလျက်ရှိကာ ယခင်ကရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း ဆွေးနွေး သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ Ms. Marie Spaak အဖွဲ့မှ အခုလိုလာရောက်တွေ့ဆုံ သည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမဆို တစ်သင်းတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်ပါက ထိရောက်မှု မရှိနိုင်သည်ကို သိရှိရသဖြင့် ယခုလို UNOCHAမှ လာရောက်ကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း လူသားချင်းစာနာထောက်ထားခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 71 guests and no members online