ရှမ်းပြည်နယ်သတင်းများ

ျပည္နယ္အတြက္ ေ႐ႊတံဆိပ္မ်ားရယူေပးခဲ့ေသာ အမ်ိဳးသား၊ အမ်ိဳးသမီးအသင္းမ်ားအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ဇူလိုင္   −   ၃

152

ရွမ္းျပည္နယ္အတြက္ ေ႐ႊတံဆိပ္မ်ားရယူေပးခဲ့ေသာ ရွမ္းျပည္နယ္အမ်ိဳးသမီး ၾကက္ေတာင္အသင္းႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီး ေသနတ္ပစ္အသင္းအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ပြဲ အခမ္းအနားကို ဇူလိုင္လ(၂)ရက္ ည(၇)နာရီက ေတာင္ႀကီးၿမိဳ႕ ေက်ာင္းႀကီးစုရပ္ကြက္ရွိ Treasure Palace Hotel ခန္းမ၌ က်င္းပခဲ့သည္။

ဂုဏ္ျပဳပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာ ေကာ္မတီဥကၠဌေဒါက္တာမ်ိဳးထြန္းက ရွမ္းျပည္နယ္အစိုးရအေနျဖင့္ အားကစား႐ုံ၊ အားကစားကြင္းမ်ားကို အဆင့္ျမႇင့္တင္ ျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္အတြက္ ေ႐ႊတံဆိပ္မ်ားကို ရယူေပးခဲ့ေသာ ရွမ္း ျပည္နယ္အမ်ိဳးသမီး ၾကက္ေတာင္အသင္းႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီးေသနတ္ပစ္အသင္းမ်ားအား ဂုဏ္ယူမိပါေၾကာင္း၊ ၎တို႔အသင္းမ်ားအေနျဖင့္ ျပည္နယ္လက္ေ႐ြးစင္မွ ႏိုင္ငံ့ဂုဏ္ေဆာင္အားကစားသမားျဖစ္ေအာင္ ဆက္လက္ႀကိဳးစားသြား ၾကရန္ႏွင့္ မ်ိဳးဆက္သစ္အားကစားသမားမ်ား ေပၚထြက္လာေအာင္ လက္ဆင့္ကမ္းသင္ၾကားေပးေစလိုေၾကာင္း ေျပာၾကား သြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အမ်ိဳးသမီး ၾကက္ေတာင္အသင္းႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီး ေသနတ္ပစ္အသင္းတို႔မွရရွိ ေသာတံခြန္စိုက္ဖလားအား အသင္းခ်ဳပ္သူမ်ားႏွင့္ တာဝန္ရွိသူတို႔ကေပးအပ္ရာ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာေကာ္မတီဥကၠဌ ေဒါက္တာမ်ိဳးထြန္းက လက္ခံရယူၿပီး ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာ ဦးစီးဌာနမွ အမ်ိဳးသမီးၾကက္ေတာင္အသင္းအား ဂုဏ္ျပဳဆုေငြက်ပ္(၁၂)သိန္းႏွင့္ အမ်ိဳးသား၊ အမ်ိဳးသမီး ေသနတ္ပစ္အသင္း အား ဂုဏ္ျပဳဆုေငြက်ပ္(၂၁)သိန္း၊ ေရကူးၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ဆု(၁)ခု ရရွိခဲ့သူမ်ားအား ဂုဏ္ျပဳဆုေငြမ်ားကို ျပန္လည္ေပးအပ္ သည္။

ထို႔ေနာက္ ၿပိဳင္ပြဲဝင္အသင္းသား၊ အသင္းသူမ်ားကိုယ္စား ရွမ္းျပည္နယ္ေသနတ္ပစ္အသင္းမွ ေမာင္ဇာနည္ထြန္းက ၿပိဳင္ပြဲအေတြ႕အႀကဳံယွဥ္ၿပိဳင္ခဲ့ရပုံမ်ားႏွင့္ ေက်းဇူးတင္စကားေျပာၾကားသည္။ 

ဆက္လက္၍ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္းႏွင့္အဖြဲ႕မ်ားက ၿပိဳင္ပြဲတြင္အႏိုင္ရရွိခဲ့ေသာ ေသနတ္တို႔အားၾကည့္႐ႈၾကၿပီး ၿပိဳင္ပြဲဝင္အားကစားသမားမ်ားႏွင့္အတူ ဂုဏ္ျပဳညစာသုံးေဆာင္ခဲ့ေၾကာင္းသိရသည္။

၂၀၁၉ခုႏွစ္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေသနတ္ပစ္ၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္အသင္းမွ ေ႐ႊ(၅)၊ ေငြ(၁)၊ ေၾကး(၂)ရရွိကာ တံခြန္စိုက္ဖလားႏွင့္ ၾကက္ေတာင္အသင္း ပထမဆုဖလားႏွင့္ ေရကူးၿပိဳင္ပြဲတြင္ေ႐ႊတံဆိပ္(၁)ခု တို႔ကိုဆြတ္ခူးရရွိေၾကာင္း သိရ သည္။

အစရ(ရွမ္း)

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်အတွက် ရွှေတံဆိပ်များရယူပေးခဲ့သော အမျိုးသား၊ အမျိုးသမီးအသင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇူလိုင်   −   ၃

 

ရှမ်းပြည်နယ်အတွက် ရွှေတံဆိပ်များရယူပေးခဲ့သော ရှမ်းပြည်နယ်အမျိုးသမီး ကြက်တောင်အသင်းနှင့် အမျိုးသား၊ အမျိုးသမီး သေနတ်ပစ်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၂)ရက် ည(၇)နာရီက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ Treasure Palace Hotel ခန်းမ၌ ကျင်းပခဲ့သည်။

ဂုဏ်ပြုပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌဒေါက်တာမျိုးထွန်းက ရှမ်းပြည်နယ်အစိုးရအနေဖြင့် အားကစားရုံ၊ အားကစားကွင်းများကို အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွက် ရွှေတံဆိပ်များကို ရယူပေးခဲ့သော ရှမ်း ပြည်နယ်အမျိုးသမီး ကြက်တောင်အသင်းနှင့် အမျိုးသား၊ အမျိုးသမီးသေနတ်ပစ်အသင်းများအား ဂုဏ်ယူမိပါကြောင်း၊ ၎င်းတို့အသင်းများအနေဖြင့် ပြည်နယ်လက်ရွေးစင်မှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်အောင် ဆက်လက်ကြိုးစားသွား ကြရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာအောင် လက်ဆင့်ကမ်းသင်ကြားပေးစေလိုကြောင်း ပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီး ကြက်တောင်အသင်းနှင့် အမျိုးသား၊ အမျိုးသမီး သေနတ်ပစ်အသင်းတို့မှရရှိ သောတံခွန်စိုက်ဖလားအား အသင်းချုပ်သူများနှင့် တာဝန်ရှိသူတို့ကပေးအပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်းက လက်ခံရယူပြီး ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အမျိုးသမီးကြက်တောင်အသင်းအား ဂုဏ်ပြုဆုငွေကျပ်(၁၂)သိန်းနှင့် အမျိုးသား၊ အမျိုးသမီး သေနတ်ပစ်အသင်း အား ဂုဏ်ပြုဆုငွေကျပ်(၂၁)သိန်း၊ ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၁)ခု ရရှိခဲ့သူများအား ဂုဏ်ပြုဆုငွေများကို ပြန်လည်ပေးအပ် သည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများကိုယ်စား ရှမ်းပြည်နယ်သေနတ်ပစ်အသင်းမှ မောင်ဇာနည်ထွန်းက ပြိုင်ပွဲအတွေ့အကြုံယှဉ်ပြိုင်ခဲ့ရပုံများနှင့် ကျေးဇူးတင်စကားပြောကြားသည်။ 

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်အဖွဲ့များက ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သော သေနတ်တို့အားကြည့်ရှုကြပြီး ပြိုင်ပွဲဝင်အားကစားသမားများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြောင်းသိရသည်။

၂၀၁၉ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ်သေနတ်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ရွှေ(၅)၊ ငွေ(၁)၊ ကြေး(၂)ရရှိကာ တံခွန်စိုက်ဖလားနှင့် ကြက်တောင်အသင်း ပထမဆုဖလားနှင့် ရေကူးပြိုင်ပွဲတွင်ရွှေတံဆိပ်(၁)ခု တို့ကိုဆွတ်ခူးရရှိကြောင်း သိရ သည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 92 guests and no members online