ရှမ်းပြည်နယ်သတင်းများ

ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲဖြင့္လွစ္

ေတာင္ႀကီး ဇူလိုင္   −   ၄

154

၂၀၁၉ခုႏွစ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားကို ဇူလိုင္လ(၃)ရက္ မြန္းလြဲ(၂)နာရီခြဲက ေတာင္ႀကီးၿမိဳ႕ သစ္ေတာရပ္ကြက္ရွိ ျပည္နယ္ အားကစားကြင္း၌ က်င္းပခဲ့ေၾကာင္းသိရသည္။

အခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုယ္စား ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာ ေကာ္မတီဥကၠဌ ေဒါက္တာမ်ိဳးထြန္းက အဖြင့္အမွာစကားေျပာၾကားၿပီး ၿပိဳင္ပြဲကိုဖြင့္လွစ္ေပးသည္။

ဆက္လက္၍ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားက အားကစားသစၥာအဓိဌာန္ ႐ြတ္ဆိုၾကသည္။

ထို႔ေနာက္ မူဆယ္ခ႐ိုင္အသင္းႏွင့္ လင္းေခးခ႐ိုင္အသင္းတို႔ အဖြင့္ပြဲစဥ္အေနျဖင့္ ယွဥ္ၿပိဳင္ကစားေနမႈကို  ျပည္နယ္ လူမႈေရးဝန္ႀကီး ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အားကစားႏွင့္ကာယ ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးဦးေက်ာ္ေက်ာ္သိန္း၊ ဒုတိယၫြန္ၾကားေရးမႉးႏွင့္အဖြဲ႕ဝင္မ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ရွမ္းျပည္နယ္ေဘာလုံးဆပ္ေကာ္မတီဥကၠဌႏွင့္အဖြဲ႕ဝင္မ်ား၊ ၿပိဳင္ပြဲဝင္အသင္းမ်ားမွ အုပ္ခ်ဳပ္သူမ်ားႏွင့္နည္းျပ မ်ား၊ ၿပိဳင္ပြဲဝင္အားကစားသမားမ်ား၊ အားကစားဝါသနာရွင္မ်ား တက္ေရာက္ၾကည့္႐ႈအားေပးၾကသည္။

အဆိုပါၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္အတြင္းရွိ ခ႐ိုင္(၁၂)ခ႐ိုင္မွ ၿပိဳင္ပြဲဝင္(၁၂)သင္းတို႔မွ ဇူလိုင္လ(၁၅)ရက္ေန႔အထိ ယွဥ္ၿပိဳင္သြားမည္ျဖစ္ရာ ဗိုလ္လုပြဲႏွင့္ဆုခ်ီးျမႇင့္ပြဲကို အဆိုပါေန႔တြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ၿပီး၊ ၿပိဳင္ပြဲတြင္ ဆုရရွိေသာအသင္းႏွင့္ အေကာင္းဆုံးအားကစားသမားမ်ားကို ေ႐ြးခ်ယ္ကာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အားကစားၿပိဳင္ပြဲသို႔ ျပည္နယ္ကိုယ္စားျပဳလက္ေ႐ြးစင္ အသင္းအေနျဖင့္ သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း၊ ျပည္နယ္အားကစားႏွင့္ကာယ ပညာဦးစီးဌာနတာဝန္ရွိသူတစ္ဦးကေျပာၾကားသည္။

အစရ(ရွမ္း)

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်လှစ်

တောင်ကြီး ဇူလိုင်   −   ၄

၂၀၁၉ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၃)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြသည်။

ထို့နောက် မူဆယ်ခရိုင်အသင်းနှင့် လင်းခေးခရိုင်အသင်းတို့ အဖွင့်ပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်ကစားနေမှုကို  ပြည်နယ် လူမှုရေးဝန်ကြီး ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်ကျော်သိန်း၊ ဒုတိယညွန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများနှင့်နည်းပြ များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်(၁၂)ခရိုင်မှ ပြိုင်ပွဲဝင်(၁၂)သင်းတို့မှ ဇူလိုင်လ(၁၅)ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို အဆိုပါနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသောအသင်းနှင့် အကောင်းဆုံးအားကစားသမားများကို ရွေးချယ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲသို့ ပြည်နယ်ကိုယ်စားပြုလက်ရွေးစင် အသင်းအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 61 guests and no members online

Latest Updates