ရှမ်းပြည်နယ်သတင်းများ

ေဖာငေျမႇာင္ေတာင္ပိုးအား ေကာင္းကင္ေဆးဖ်န္းစက္ဒ႐ုန္းျဖင့္ စုေပါင္းေဆးဖ်န္းျခင္းကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ တက္ေရာက္ၾကည့္႐ႈ

ေနာင္ခ်ိဳ ဇူလိုင္   -   ၄

156

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲခ႐ိုင္၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေ႐ႊမုေဋာေက်း႐ြာအုပ္စု၊ ေနာင္လင္းေက်း႐ြာတြင္ ေတာင္သူမ်ားစိုက္ပ်ိဳးထားေသာ ေျပာင္းဖူးၿခံ၌ ဇူလိုင္(၄)ရက္ ေန႔လည္(၁၂)နာရီက ေဖာငေျမႇာင္ေတာင္ပိုးႏွိမ္နင္းျခင္းကို ေကာင္းကင္ေဆးဖ်န္းစက္ဒ႐ုန္းျဖင့္ စုေပါင္းေဆးဖ်န္းျခင္းက်င္းပသည္။ 

ဆက္လက္၍ ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန ျပည္နယ္ဦးစီးမႉးဦးတင္ဦးႀကိဳင္က အေစ့ထုတ္ေျပာင္းစိုက္ပ်ိဳးမႈႏွင့္ ပိုးက်ေရာက္မႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပၿပီး၊ ျမင္းက်ားကုမၸဏီတာဝန္ရွိသူတစ္ဦးမွ ေကာင္းကင္ေဆးဖ်န္းစက္ဒ႐ုန္း ျဖင့္ အေစ့ထုတ္ေျပာင္းစိုက္ပ်ိဳးေသာ ေတာင္သူမ်ားအား ဝန္ေဆာင္မႈေပးမည့္ အစီအစဥ္မ်ားကို ရွင္းလင္းတင္ျပကာ ေဖာငေျမႇာင္ေတာင္သီးႏွံဖ်က္ေသာ ပိုးအားကာကြယ္ႏွိမ္နင္းေရးအတြက္ လိုအပ္ေသာသြင္းအားစုပစၥည္းမ်ား ကာကြယ္ ေထာက္ပံ့ျခင္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား တို႔မွေဒသခံေတာင္သူမ်ားအား ေဆးဖ်န္းပုံး၊ ဝတ္စုံႏွင့္ ပိုးသတ္ေဆးမ်ားေပးအပ္ခဲ့ၾကၿပီး၊ ကုမၸဏီအသီးသီးမွ ပိုးသတ္ေဆးမ်ား ေပးအပ္ၾကရာ ေဖာငေျမႇာင္ေတာင္ပိုးကာကြယ္ႏွမ္နင္းေရး ႀကီးၾကပ္ေရးအဖြဲ႕ဥကၠ႒ဦးစစ္ေအာင္ႏွင့္ ေတာင္သူမ်ားက လက္ခံ ရယူၾကကာ ေကာင္းကင္ေဆးဖ်န္းစက္ဒ႐ုန္းျဖင့္ အေစ့ထုတ္ေျပာင္းၿခံပိုးသတ္ေဆးဖ်န္းေနမႈကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားကၾကည့္႐ႈၾကေၾကာင္းသိရသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ေနာင္ခ်ိဳၿမိဳ႕၊ ကံႀကီးေက်း႐ြာ အေျခခံ ပညာအထက္တန္းေက်ာင္း၌ ေ႐ြ႕လ်ားဝန္ေဆာင္မႈလုပ္ငန္း ေဆာင္႐ြက္ေနမႈကို ၾကည့္႐ႈအားေပးၿပီး၊ ဝန္ေဆာင္မႈ၌ျပဳလုပ္ၿပီး ေသာေမြးဖြားမႈစာရင္း၊ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမ်ား၊ အိမ္ေထာင္စုဇယား၊ လယ္ယာေျမပုံစံ(၇)မ်ားကို ေဒသခံျပည္သူမ်ားထံ လက္ဝယ္အေရာက္ေပးအပ္ခဲ့ၾကကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက ေဒသခံျပည္သူမ်ား ႏွင့္ေတြ႕ဆုံရာျပည္သူမ်ားမွေဒသတြင္ လိုအပ္လ်က္ရွိေသာလၽွပ္စစ္မီးလင္းေရး၊ လမ္းတံတားႏွင့္ပညာေရး၊ က်န္းမာေရးကိစၥရပ္ မ်ား၊ လယ္ယာေျမပုံစံ(၇)ရရွိေရး၊ အိမ္ဂရန္မ်ား၊ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမ်ား စသည့္ လိုအပ္ခ်က္မ်ားတင္ျပၾကရာ ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာျပည္နယ္အဆင့္တာဝန္ရွိသူမ်ားမွ က႑အလိုက္ ျပန္လည္ေျဖၾကားၾကၿပီး ဘတ္ဂ်က္ႏွစ္အလိုက္ ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္းႏွင့္ သစ္ေတာဦးစီးဌာနမွ သစ္ပင္မ်ားကို ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားမွ ေဒသခံေတာင္သူမ်ားအား ေပးအပ္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250312943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဖောငမြှောင်တောင်ပိုးအား ကောင်းကင်ဆေးဖျန်းစက်ဒရုန်းဖြင့် စုပေါင်းဆေးဖျန်းခြင်းကို ပြည်နယ်ဝန်ကြီးချုပ်

ဒေါက်တာလင်းထွဋ် တက်ရောက်ကြည့်ရှု

နောင်ချို ဇူလိုင်   -   ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ရွှေမုဋောကျေးရွာအုပ်စု၊ နောင်လင်းကျေးရွာတွင် တောင်သူများစိုက်ပျိုးထားသော ပြောင်းဖူးခြံ၌ ဇူလိုင်(၄)ရက် နေ့လည်(၁၂)နာရီက ဖောငမြှောင်တောင်ပိုးနှိမ်နင်းခြင်းကို ကောင်းကင်ဆေးဖျန်းစက်ဒရုန်းဖြင့် စုပေါင်းဆေးဖျန်းခြင်းကျင်းပသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်ဦးကြိုင်က အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုနှင့် ပိုးကျရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ မြင်းကျားကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ကောင်းကင်ဆေးဖျန်းစက်ဒရုန်း ဖြင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးသော တောင်သူများအား ဝန်ဆောင်မှုပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကာ ဖောငမြှောင်တောင်သီးနှံဖျက်သော ပိုးအားကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောသွင်းအားစုပစ္စည်းများ ကာကွယ် ထောက်ပံ့ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တို့မှဒေသခံတောင်သူများအား ဆေးဖျန်းပုံး၊ ဝတ်စုံနှင့် ပိုးသတ်ဆေးများပေးအပ်ခဲ့ကြပြီး၊ ကုမ္ပဏီအသီးသီးမှ ပိုးသတ်ဆေးများ ပေးအပ်ကြရာ ဖောငမြှောင်တောင်ပိုးကာကွယ်နှမ်နင်းရေး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစစ်အောင်နှင့် တောင်သူများက လက်ခံ ရယူကြကာ ကောင်းကင်ဆေးဖျန်းစက်ဒရုန်းဖြင့် အစေ့ထုတ်ပြောင်းခြံပိုးသတ်ဆေးဖျန်းနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများကကြည့်ရှုကြကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်ချိုမြို့၊ ကံကြီးကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း၌ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး၊ ဝန်ဆောင်မှု၌ပြုလုပ်ပြီး သောမွေးဖွားမှုစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊ အိမ်ထောင်စုဇယား၊ လယ်ယာမြေပုံစံ(၇)များကို ဒေသခံပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ နှင့်တွေ့ဆုံရာပြည်သူများမှဒေသတွင် လိုအပ်လျက်ရှိသောလျှပ်စစ်မီးလင်းရေး၊ လမ်းတံတားနှင့်ပညာရေး၊ ကျန်းမာရေးကိစ္စရပ် များ၊ လယ်ယာမြေပုံစံ(၇)ရရှိရေး၊ အိမ်ဂရန်များ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ စသည့် လိုအပ်ချက်များတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားကြပြီး ဘတ်ဂျက်နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် သစ်တောဦးစီးဌာနမှ သစ်ပင်များကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ ဒေသခံတောင်သူများအား ပေးအပ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09−250312943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 74 guests and no members online