ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေက်ာက္မဲခ႐ိုင္ ျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ေက်ာက္မဲ ဇူလိုင္   -   ၅

157

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲခ႐ိုင္၊ သာသနာဝံေက်ာင္းတိုက္တြင္ ဇူလိုင္လ(၄)ရက္ ညေန(၄)နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ေဒသခံျပည္သူမ်ား ေတြ႕ဆုံေၾကာင္းသိရသည္။ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားၿပီး၊ အတူလိုက္ပါလာသည့္ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္အဆင့္ဌာန ဆိုင္ရာမ်ားတို႔ကို ေဒသခံျပည္သူမ်ားႏွင့္မိတ္ဆက္ေပးသည္။ 

ဆက္လက္၍ ေက်ာက္မဲခ႐ိုင္ရွိ ေဒသခံျပည္သူမ်ားက ေဒသလိုအပ္ခ်က္မ်ားျဖစ္သည့္ လမ္းတံတားတည္ေဆာက္ေပး ႏိုင္ေရး၊ ပိႏၷဲကုန္းေက်း႐ြာကို ရပ္ကြက္အျဖစ္တိုးျမႇင့္ေပးေရး၊ ပညာေရး၊ က်န္းမာေရး၊ အခြန္ကိစၥရပ္မ်ား၊ လူမႈဝန္ထမ္း ပရဟိတ ကိစၥရပ္မ်ား တင္ျပေတာင္းဆိုၾကရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာျပည္နယ္အဆင့္တာဝန္ရွိသူ မ်ားက ေဒသလိုအပ္ခ်က္မ်ားကို က႑အလိုက္ျဖည့္ဆည္းေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ျပန္လည္ေျဖၾကားၾကေၾကာင္းသိရ သည္။ 

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔သည္ ေ႐ြ႕လ်ားဝန္ေဆာင္ မႈ၌ျပဳလုပ္ၿပီးေသာ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမ်ား၊ လယ္ယာေျမပုံစံ(၇)မ်ား၊ ယာဥ္ေမာင္းလိုင္စင္မ်ား၊ မီးသတ္ဦးစီးဌာနမွ မီး ၿငိမ္းသတ္မႈသ႐ုပ္ျပေနမႈ၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး႒ာနမွ ၾကက္အေကာင္ကေလးမ်ားကို မ်က္စဥ္းခတ္ေဆးထည့္ေပးေနမႈ တို႔အားၾကည့္႐ႈအားေပးခဲ့ၿပီး၊ သစ္ေတာဦးစီး႒ာနမွသစ္ပင္မ်ားကို ေဒသခံျပည္သူမ်ားအား ျဖန္႔ေဝေပးခဲ့ၾကသည္။ 

ယင္းေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔သည္ ေက်ာက္မဲၿမိဳ႕ရွိ ေအာင္ေျမသာယာ ပရဟိတဘုန္းေတာ္ႀကီးေက်ာင္းသို႔ေရာက္ရွိၿပီး ဆရာေတာ္အားရွိခိုးကန္ေတာ့၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ မိဘမဲ့ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ဆရာ၊ ဆရာမမ်ားအတြက္လိုအပ္ေနေသာ ဆန္အိတ္(၅၀)အိတ္ကို လႉဒါန္းေပးခဲ့ၾကေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျောက်မဲခရိုင် ပြည်သူများနှင့်တွေ့ဆုံ

ကျောက်မဲ ဇူလိုင်   -   ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သာသနာဝံကျောင်းတိုက်တွင် ဇူလိုင်လ(၄)ရက် ညနေ(၄)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံကြောင်းသိရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ အတူလိုက်ပါလာသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများတို့ကို ဒေသခံပြည်သူများနှင့်မိတ်ဆက်ပေးသည်။ 

ဆက်လက်၍ ကျောက်မဲခရိုင်ရှိ ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များဖြစ်သည့် လမ်းတံတားတည်ဆောက်ပေး နိုင်ရေး၊ ပိန္နဲကုန်းကျေးရွာကို ရပ်ကွက်အဖြစ်တိုးမြှင့်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်ကိစ္စရပ်များ၊ လူမှုဝန်ထမ်း ပရဟိတ ကိစ္စရပ်များ တင်ပြတောင်းဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူ များက ဒေသလိုအပ်ချက်များကို ကဏ္ဍအလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ဖြေကြားကြကြောင်းသိရ သည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ရွေ့လျားဝန်ဆောင် မှု၌ပြုလုပ်ပြီးသော နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊ လယ်ယာမြေပုံစံ(၇)များ၊ ယာဉ်မောင်းလိုင်စင်များ၊ မီးသတ်ဦးစီးဌာနမှ မီး ငြိမ်းသတ်မှုသရုပ်ပြနေမှု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဋ္ဌာနမှ ကြက်အကောင်ကလေးများကို မျက်စဉ်းခတ်ဆေးထည့်ပေးနေမှု တို့အားကြည့်ရှုအားပေးခဲ့ပြီး၊ သစ်တောဦးစီးဋ္ဌာနမှသစ်ပင်များကို ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကျောက်မဲမြို့ရှိ အောင်မြေသာယာ ပရဟိတဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆရာတော်အားရှိခိုးကန်တော့၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိဘမဲ့ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက်လိုအပ်နေသော ဆန်အိတ်(၅၀)အိတ်ကို လှူဒါန်းပေးခဲ့ကြကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

 

09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 98 guests and no members online