ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးဇုန္အဆင့္ တကၠသိုလ္၊ ေကာလိပ္မ်ား အမ်ိဳးသား၊ အမ်ိဳးသမီး ေဘာ္လီေဘာၿပိဳင္ပြဲ ဖြင့္လွစ္

ေတာင္ႀကီး ဇူလိုင္ - ၅

158

၂၀၁၉ ခုႏွစ္ ေတာင္ႀကီးဇုန္အဆင့္ တကၠသိုလ္/ ေကာလိပ္မ်ား အမ်ိဳးသား/ အမ်ိဳးသမီးေဘာ္လီေဘာၿပိဳင္ပြဲ ဖြင့္ပြဲ အခမ္းအနားကို ဇူလိုင္လ ၅ ရက္ နံနက္ ၈ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ ခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္ေဒသကိုယ္စားျပဳ ၿပိဳင္ပြဲဝင္အားလုံးကို အားကစားစိတ္ဓာတ္အျပည့္အဝျဖင့္ ယွဥ္ၿပိဳင္ ကစားၾကၿပီး မိမိတို႔ ေဒသတကၠသိုလ္၊ ေကာလိပ္မ်ား၏ ဂုဏ္ကိုေဆာင္ၾကရန္ မွာၾကားလိုေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ ဖိလစ္ပိုင္ႏိုင္ငံ၌ က်င္းပမည့္ အႀကိမ္(၃၀)ေျမာက္ အေရွ႕ေတာင္အာရွိအားကစားၿပိဳင္ပြဲမွာလည္း တကၠသိုလ္အသီးသီးမွ လက္ေ႐ြးစင္ ေက်ာင္းသား/ ေက်ာင္းသူမ်ား ပါဝင္ကစားခြင့္ ရမွာျဖစ္ပါေၾကာင္း၊ ေဘာ္လီေဘာအားကစားနည္းမွာလည္း တစ္မ်ိဳးပါဝင္မည္ျဖစ္သည့္ အတြက္ ျပည္နယ္အသီးသီးမွ လက္ေ႐ြးစင္အားကစားထူးခၽြန္သူ ေက်ာင္းသား/ေက်ာင္းသူမ်ားအတြက္ အခြင့္အေရးေကာင္း တစ္ရပ္ဟု ျမင္မိပါေၾကာင္း၊ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိေအာင္ ေလ့က်င့္ႀကိဳးစားသြားရန္ လိုအပ္ပါေၾကာင္း တိုက္တြန္းေျပာၾကားၿပီး ၿပိဳင္ပြဲကို ဖြင့္လွစ္ေပးခဲ့သည္။

ဆက္လက္၍ ၿပိဳင္ပြဲအားကစားမ်ားက အားကစားသစၥာဓိဌာန္႐ြတ္ဆိုၾကၿပီး ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ အဖြဲ႕ဝင္မ်ား မွ ၿပိဳင္ပြဲဝင္အသင္းအုပ္ခ်ဳပ္သူမ်ား၊ နည္းျပမ်ားႏွင့္ အားကစားသမားမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္သည္။ ထို႔ေနာက္ ေတာင္ႀကီးတကၠသိုလ္အမ်ိဳးသား ေဘာ္လီေဘာအသင္းႏွင့္ က်ိဳင္းတုံတကၠသိုလ္ အမ်ိဳးသားေဘာ္လီေဘာအသင္းတို႔ ယွဥ္ၿပိဳင္ ကစားေနမႈကို ျပည္နယ္လူမႈေရးဝန္ႀကီး၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ တကၠသိုလ္မ်ားမွ ပါေမာကၡခ်ဳပ္မ်ားႏွင့္ ပါေမာကၡ (ဌာနမႉး)မ်ား၊ ဆရာ/ ဆရာမမ်ားႏွင့္ ေက်ာင္းသား/ ေက်ာင္းသူမ်ား၊ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားက ၾကည့္႐ႈအားေပးၾက သည္။

အဆိုပါ ၿပိဳင္ပြဲတြင္ ေတာင္ႀကီး၊ လား႐ႈိး၊ က်ိဳင္းတုံ၊ ပင္လုံႏွင့္ လြိဳင္ေကာ္တို႔မွ ၿပိဳင္ပြဲဝင္အမ်ိဳးသားေဘာ္လီေဘာ အသင္း ၅ သင္းတို႔မွ ဇူလိုင္လ ၁၁ ရက္ေန႔အထိ ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အစရ(ရွမ္း)

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးဇုန်အဆင့် တက္ကသိုလ်၊ ကောလိပ်များ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်လှစ်

တောင်ကြီး ဇူလိုင် - ၅

၂၀၁၉ ခုနှစ် တောင်ကြီးဇုန်အဆင့် တက္ကသိုလ်/ ကောလိပ်များ အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ဒေသကိုယ်စားပြု ပြိုင်ပွဲဝင်အားလုံးကို အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင် ကစားကြပြီး မိမိတို့ ဒေသတက္ကသိုလ်၊ ကောလိပ်များ၏ ဂုဏ်ကိုဆောင်ကြရန် မှာကြားလိုကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှိအားကစားပြိုင်ပွဲမှာလည်း တက္ကသိုလ်အသီးသီးမှ လက်ရွေးစင် ကျောင်းသား/ ကျောင်းသူများ ပါဝင်ကစားခွင့် ရမှာဖြစ်ပါကြောင်း၊ ဘော်လီဘောအားကစားနည်းမှာလည်း တစ်မျိုးပါဝင်မည်ဖြစ်သည့် အတွက် ပြည်နယ်အသီးသီးမှ လက်ရွေးစင်အားကစားထူးချွန်သူ ကျောင်းသား/ကျောင်းသူများအတွက် အခွင့်အရေးကောင်း တစ်ရပ်ဟု မြင်မိပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိအောင် လေ့ကျင့်ကြိုးစားသွားရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲအားကစားများက အားကစားသစ္စာဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ မှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ထို့နောက် တောင်ကြီးတက္ကသိုလ်အမျိုးသား ဘော်လီဘောအသင်းနှင့် ကျိုင်းတုံတက္ကသိုလ် အမျိုးသားဘော်လီဘောအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများက ကြည့်ရှုအားပေးကြ သည်။

အဆိုပါ ပြိုင်ပွဲတွင် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ ပင်လုံနှင့် လွိုင်ကော်တို့မှ ပြိုင်ပွဲဝင်အမျိုးသားဘော်လီဘော အသင်း ၅ သင်းတို့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 82 guests and no members online

Latest Updates