ရှမ်းပြည်နယ်သတင်းများ

ေက်ာက္မဲၿမိဳ႕၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ထု တည္ေဆာက္ေနမႈ ျပည္နယ္ဝန္ႀကီးခ်ဳပ္ၾကည့္႐ႈ

ေက်ာက္မဲ ဇူလိုင္   -   ၅

159

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ထု တည္ေဆာက္ေနမႈကို ဇူလိုင္(၅)ရက္ နံနက္ (၈)နာရီ (၄၅)မိနစ္က ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူ မ်ားက ကြင္းဆင္းၾကည့္႐ႈၾကၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ထုႏွင့္ ပန္းၿခံျပဳျပင္ေနမႈကို အလႉေငြက်ပ္ (၁၀)သိန္းအား ျပည္နယ္ဝန္ႀကီးခ်ဳပ္မွေပးအပ္ရာ ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီဥကၠ႒ဦးတင္ဝင္းႏွင့္ ၿမိဳ႕မိၿမိဳ႕ဖ ဦးစိုးထြန္းတို႔က လက္ခံရယူၾကသည္။ 

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔သည္ ေက်ာက္မဲၿမိဳ႕၊ ေခ်ာင္းေခ်ာက္ေက်း ႐ြာ၌ အေစ့ထုတ္ေျပာင္းေဖာငေျမႇာင္ေတာင္ပိုးႏွိမ္နင္းကာကြယ္ရန္ ေကာင္းကင္ေဆးဖ်န္း Drone စက္ျဖင့္ ပိုးသတ္ေဆးဖ်န္း ျခင္းႏွင့္ သြင္းအားစုေထာက္ပံ့ပစၥည္းေပးအပ္ပြဲသို႔တက္ေရာက္ရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က အဖြင့္အမွာ စကားေျပာၾကားၿပီး၊ ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန ျပည္နယ္ဦးစီးမႉးဦးတင္ဦးႀကိဳင္မွ ေဖာငေျမႇာင္ေတာင္ပိုးက်ေရာက္မႈ ႏွင့္ပတ္သက္၍ ကာကြယ္ႏွိမ္နင္းျခင္းလုပ္ငန္းေဆာင္႐ြက္မႈမ်ားအား ရွင္းလင္းေျပာၾကားကာ Golden Key (ျမင္းက်ား)ကုမၸဏီ M.D ဦးခိုင္မင္းဦးမွ ေကာင္းကင္ေဆးဖ်န္းစက္ Drone ဝန္ေဆာင္မႈေပးမည့္အစီအစဥ္ႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားသည္။ 

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွေထာက္ပံ့ေသာ ပိုးသတ္ေဆးဖ်န္းပုံး၊ အက်ႌဝတ္စုံႏွင့္ ပိုးသတ္ေဆးတို႔ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားတို႔မွ ေဒသခံ ေတာင္သူမ်ားအား အသီးသီးေပးအပ္ၾကၿပီး၊ ကုမၸဏီမ်ားမွေထာက္ပံ့ေသာ ေထာက္ပံ့ပစၥည္းမ်ားကို ေဖာငေျမႇာင္ေတာင္ ကာကြယ္ႏွိမ္နင္းေရးလုပ္ငန္း ႀကီးၾကပ္ေရးအဖြဲ႕ဥကၠ႒ ေက်ာက္မဲၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးရဲထြဋ္ႏိုင္မွ လက္ခံရယူၿပီး၊ ကုမၸဏီ မ်ားမွ ေဖာငေျမႇာင္ေတာင္ပိုးသတ္ေဆးမ်ားကို ေဖာငေျမႇာင္ေတာင္ကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ အတြင္း ေရးမႉး စိုက္ပ်ိဳးေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမႉးေဒၚျဖဴျဖဴေအးမွ လက္ခံရယူကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက Drone ျဖင့္စုေပါင္းေဆးဖ်န္းျခင္းကို ၾကည့္႐ႈအားေပးၾကေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျောက်မဲမြို့၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်နေမှု ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှု

ကျောက်မဲ ဇူလိုင်   -   ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်နေမှုကို ဇူလိုင်(၅)ရက် နံနက် (၈)နာရီ (၄၅)မိနစ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့် ပန်းခြံပြုပြင်နေမှုကို အလှူငွေကျပ် (၁၀)သိန်းအား ပြည်နယ်ဝန်ကြီးချုပ်မှပေးအပ်ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌဦးတင်ဝင်းနှင့် မြို့မိမြို့ဖ ဦးစိုးထွန်းတို့က လက်ခံရယူကြသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကျောက်မဲမြို့၊ ချောင်းချောက်ကျေး ရွာ၌ အစေ့ထုတ်ပြောင်းဖောငမြှောင်တောင်ပိုးနှိမ်နင်းကာကွယ်ရန် ကောင်းကင်ဆေးဖျန်း Drone စက်ဖြင့် ပိုးသတ်ဆေးဖျန်း ခြင်းနှင့် သွင်းအားစုထောက်ပံ့ပစ္စည်းပေးအပ်ပွဲသို့တက်ရောက်ရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာ စကားပြောကြားပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်ဦးကြိုင်မှ ဖောငမြှောင်တောင်ပိုးကျရောက်မှု နှင့်ပတ်သက်၍ ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားကာ Golden Key (မြင်းကျား)ကုမ္ပဏီ M.D ဦးခိုင်မင်းဦးမှ ကောင်းကင်ဆေးဖျန်းစက် Drone ဝန်ဆောင်မှုပေးမည့်အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော ပိုးသတ်ဆေးဖျန်းပုံး၊ အင်္ကျီဝတ်စုံနှင့် ပိုးသတ်ဆေးတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့မှ ဒေသခံ တောင်သူများအား အသီးသီးပေးအပ်ကြပြီး၊ ကုမ္ပဏီများမှထောက်ပံ့သော ထောက်ပံ့ပစ္စည်းများကို ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်မှ လက်ခံရယူပြီး၊ ကုမ္ပဏီ များမှ ဖောငမြှောင်တောင်ပိုးသတ်ဆေးများကို ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်း ရေးမှူး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဖြူဖြူအေးမှ လက်ခံရယူကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက Drone ဖြင့်စုပေါင်းဆေးဖျန်းခြင်းကို ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 77 guests and no members online