ရှမ်းပြည်နယ်သတင်းများ

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး(၁/၂၀၁၉)က်င္းပ

ေတာင္ႀကီး ဇူလိုင္   -   ၈

161

ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးခန္းမတြင္ ဇူလိုင္(၈)ရက္ နံနက္(၁၀)နာရီက ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး(၁/၂၀၁၉) က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠ႒ဦးစိုင္းလုံးဆိုင္က အစည္းအေဝးပထမေန႔တက္ေရာက္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ (၁၄၀)ဦးရွိသည့္အနက္ တက္ေရာက္သူ(၁၂၂)ဦး၊ ပ်က္ကြက္(၁၈)ဦး၊ ရာခိုင္ႏႈန္း(၈၇.၁၄)ရာခိုင္ႏႈန္း ရွိေၾကာင္းေၾကညာသည္။

ဆက္လက္၍ အစည္းအေဝးမတက္ေရာက္ႏိုင္သည့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကိုယ္စား လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ စိစစ္ေရးေကာ္မတီနမ့္စန္မဲဆႏၷနယ္အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြ ကခြင့္ပန္ၾကားကာ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ဦးစိုင္းလုံးဆိုင္က ႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ျပည္နယ္လႊတ္ေတာ္သို႔ မိန္႔ခြန္း ေျပာၾကားကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏မိန္႔ခြန္းကို ျပည္နယ္လႊတ္ေတာ္တြင္မွတ္တမ္းတင္ၿပီး၊ ႏိုင္ငံေတာ္သမၼတထံမွ ေပးပို႔ ေသာသဝဏ္လႊာကို လႊတ္ေတာ္သို႔ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ဦးစိုင္းလုံးဆိုင္မွ ဖတ္ၾကားတင္ျပရာတြင္ ရွမ္းျပည္နယ္ အစိုးရ အဖြဲ႕၌ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနတစ္ခုထားရွိရန္ လႊတ္ေတာ္၏သေဘာတူညီခ်က္ရယူရာ မိုင္းဆတ္ၿမိဳ႕နယ္မဲဆႏၷနယ္အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းဝင္းမွကန္႔ကြက္ၿပီး၊ လႊတ္ေတာ္၏မဲဆႏၵ ျဖင့္အဆုံးအျဖတ္ရယူရာ ေထာက္ခံမဲ(၃၂)မဲ၊ ၾကားေန(၁)မဲ၊ မဲမေပးသူ(၁)မဲ၊ ကန္႔ကြက္မဲ(၈၇)ရွိေၾကာင္းသိရသည္။

၎ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ၂၀၁၉-၂၀၂ဝခုဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္၏ ရသုံးခန္႔မွန္းေျခေငြစာရင္းမ်ား တြင္ျပည္ေထာင္စုမွထပ္မံေထာက္ပံ့ေငြျဖင့္ ေဆာင္႐ြက္မည့္လုပ္ငန္းစာရင္းမ်ားအား ရွမ္းျပည္နယ္လႊတ္ေတာ္သို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဦးစိုးၫြန္႔လြင္က လႊတ္ေတာ္သို႔တင္သြင္းသည္။

ယင္းေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ တင္သြင္းေသာ၂၀၁၉-၂၀၂ဝခုဘ႑ာႏွစ္ ရွမ္းျပည္နယ္၏ရသုံးခန္႔မွန္းေျခေငြ စာရင္းမ်ားတြင္ ျပည္ေထာင္စုမွထပ္မံေထာက္ပံ့ေငြျဖင့္ ေဆာင္႐ြက္မည့္လုပ္ငန္းစာရင္းမ်ားႏွင့္စပ္လ်ဥ္း၍ ၂၀၁၉ခုႏွစ္ ဇူလိုင္ (၁၀)ရက္ ဗုဒၶဟူးေန႔တြင္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္းႏွင့္ ေဆြးေႏြးလိုေသာ ကိုယ္စားလွယ္မ်ားရွိပါက လႊတ္ေတာ္႐ုံး ၫႊန္ၾကားေရးမႉးထံ အမည္စာရင္းေပးသြင္းႏိုင္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး(၁/၂၀၁၉) ပထမေန႔ ရပ္နားေၾကာင္း၊ အစည္းအေဝးဒုတိယေန႔ ဆက္လက္က်င္းပသြားမည္ကို ျပည္နယ္လႊတ္ေတာ္ဥကၠ႒မွ ေၾကညာေၾကာင္းသိရ သည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09−250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)ကျင်းပ

တောင်ကြီး ဇူလိုင်   -   ၈

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ဇူလိုင်(၈)ရက် နံနက်(၁၀)နာရီက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်က အစည်းအဝေးပထမနေ့တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦးရှိသည့်အနက် တက်ရောက်သူ(၁၂၂)ဦး၊ ပျက်ကွက်(၁၈)ဦး၊ ရာခိုင်နှုန်း(၈၇.၁၄)ရာခိုင်နှုန်း ရှိကြောင်းကြေညာသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကိုယ်စား လွှတ်တော် ကိုယ်စားလှယ်များ၊ စိစစ်ရေးကော်မတီနမ့်စန်မဲဆန္နနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ ကခွင့်ပန်ကြားကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်း ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၏မိန့်ခွန်းကို ပြည်နယ်လွှတ်တော်တွင်မှတ်တမ်းတင်ပြီး၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့ သောသဝဏ်လွှာကို လွှတ်တော်သို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်မှ ဖတ်ကြားတင်ပြရာတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့၌ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခုထားရှိရန် လွှတ်တော်၏သဘောတူညီချက်ရယူရာ မိုင်းဆတ်မြို့နယ်မဲဆန္နနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းမှကန့်ကွက်ပြီး၊ လွှတ်တော်၏မဲဆန္ဒ ဖြင့်အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ(၃၂)မဲ၊ ကြားနေ(၁)မဲ၊ မဲမပေးသူ(၁)မဲ၊ ကန့်ကွက်မဲ(၈၇)ရှိကြောင်းသိရသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂ဝခုဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းများ တွင်ပြည်ထောင်စုမှထပ်မံထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစာရင်းများအား ရှမ်းပြည်နယ်လွှတ်တော်သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်က လွှတ်တော်သို့တင်သွင်းသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော၂၀၁၉-၂၀၂ဝခုဘဏ္ဍာနှစ် ရှမ်းပြည်နယ်၏ရသုံးခန့်မှန်းခြေငွေ စာရင်းများတွင် ပြည်ထောင်စုမှထပ်မံထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစာရင်းများနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ် ဇူလိုင် (၁၀)ရက် ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ပထမနေ့ ရပ်နားကြောင်း၊ အစည်းအဝေးဒုတိယနေ့ ဆက်လက်ကျင်းပသွားမည်ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာကြောင်းသိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 82 guests and no members online