ရှမ်းပြည်နယ်သတင်းများ

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္အထူးအစည္းအေဝး (၁/၂၀၁၉) (ဒုတိယေန႔)က်င္းပ

ေတာင္ႀကီး  ဇူလိုင္ - ၉

127

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး (၁/၂၀၁၉) (ဒုတိယေန႔) ကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၉)ရက္ နံနက္ (၁၀)နာရီအခ်ိန္က ရွမ္းျပည္နယ္လႊတ္ေတာ္ အစည္းအေဝး ခန္းမ၌က်င္းပသည္။ 

ဆက္လက္၍ ျပည္နယ္လႊတ္ေတာ္ဥကၠ႒က အစည္းအေဝးတြင္ တက္ေရာက္ခြင့္ရွိသူ လႊတ္ေတာ္ကိုယ္စားလွယ္ ( ၁၄၀ )ဦး ရွိသည့္အနက္ ခြင့္ပန္ၾကားသူ( ၁၉ )ဦးရွိၿပီး အစည္းအေဝး သို႔ (၁၂၁)ဦး တက္ေရာက္သျဖင့္(၈၆.၄၃ )%  ရွိေသာေၾကာင့္ အစည္းအေဝးအထေျမာက္ေၾကာင္း ႏွင့္ (ဒုတိယေန႔) အစည္းအေဝး စတင္က်င္းပေၾကာင္းေၾကညာသည္။

ထို႔ေနာက္ အစည္းအေဝးမတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၁၉)ဦး တို႔အတြက္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားစိစစ္ေရး ေကာ္မတီဥကၠ႒၊ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြ က ခြင့္ပန္ၾကားၿပီး ျပည္နယ္လႊတ္ေတာ္မွ သေဘာတူေၾကာင္းႏွင့္ အစည္းအေဝးအထေျမာက္ ေၾကာင္းကို လႊတ္ေတာ္မွအတည္ျပဳေၾကာင္း ေၾကညာသည္။

၎ေနာက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္(၆)ဦးမွ ၾကယ္ပြင့္ျပေမးခြန္း (၈)ခု ေမးျမန္းျခင္း ေဆာင္႐ြက္ရာတြင္ ကေလာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန္းထိုက္ က“ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ေပးရန္ အစီအစဥ္ ရွိ/မရွိ” ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းအားေမးျမန္းရာ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး မွလည္းေကာင္း ၊ “ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ၂၀၁၆-၂၀၁၇ ခု ဘ႑ာေရးႏွစ္၊ ၂၀၁၇-၂၀၁၈ခု ဘ႑ာေရးႏွစ္အတြက္ ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္၏ စစ္ေဆးေတြ႕ရွိခ်က္အစီရင္ ခံစာ အပိုဒ္(၁၅)၊ (၁၆)” ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းအားေမးျမန္းရာ ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ ႏွင့္စက္မႈဝန္ႀကီး  ဦးစိုင္းရွဲန္တစ္လုံ မွလည္းေကာင္းအသီးသီး ျပန္လည္ေျဖၾကားၾကသည္။

အဆိုပါ အစည္းအေဝးသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္း စစ္ခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ေလ့လာသူ မ်ား တက္ေရာက္ၾကသည္။

            ေမာင္ေမာင္သန္း(ေတာင္ႀကီး)

(Unicode)+++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၉) (ဒုတိယနေ့)ကျင်းပ

တောင်ကြီး  ဇူလိုင် - ၉

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) (ဒုတိယနေ့) ကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၉)ရက် နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပသည်။ 

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၁၄၀ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၉ )ဦးရှိပြီး အစည်းအဝေး သို့ (၁၂၁)ဦး တက်ရောက်သဖြင့်(၈၆.၄၃ )%  ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်း နှင့် (ဒုတိယနေ့) အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာသည်။

ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက် ကြောင်းကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ ကြယ်ပွင့်ပြမေးခွန်း (၈)ခု မေးမြန်းခြင်း ဆောင်ရွက်ရာတွင် ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက် က“တောင်ကြီးမြို့၊ မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်း ၊ “ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်၊ ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အစီရင် ခံစာ အပိုဒ်(၁၅)၊ (၁၆)” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင် နှင့်စက်မှုဝန်ကြီး  ဦးစိုင်းရှဲန်တစ်လုံ မှလည်းကောင်းအသီးသီး ပြန်လည်ဖြေကြားကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်း စစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် လေ့လာသူ များ တက်ရောက်ကြသည်။

            မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 71 guests and no members online