ရှမ်းပြည်နယ်သတင်းများ

နမ့္ဟန္ေခ်ာင္းႏွင့္ နမ့္ပြန္ေခ်ာင္းတြင္ အေသးစားေရအားလၽွပ္စစ္ထုတ္လုပ္ႏိုင္ရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ နားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထိုး

ေတာင္ႀကီး ဇူလိုင္ - ၉

162

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ မိုင္းတုံေစတမန္ကုမၸဏီလီမိတက္ M.Y Holding Co.,Ltd တို႔သည္ နမ့္ဟန္ေခ်ာင္းႏွင့္ နမ့္ပြန္ေခ်ာင္းတို႔တြင္ အေသးစားေရအားလၽွပ္စစ္ထုတ္ယူႏိုင္ရန္အတြက္ ဇူလိုင္ ၉ ရက္ မြန္းလႊဲ ၂ နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႐ုံး အစည္းအေဝးခန္းမ၌ နားလည္မႈစာခၽြန္လႊာ MOU  လက္မွတ္ေရးထိုးေၾကာင္း သိရသည္။ 

ျပည္နယ္ေဒသႏၲရဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းဥကၠဌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္က ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဆီဆိုင္ၿမိဳ႕နယ္၊ ေတာင္ေရွ႕ေက်း႐ြာအုပ္စု၊ ေနာင္ေထာ္ေက်း႐ြာ၊ နမ့္ပြန္ေခ်ာင္းအနီးတြင္ Run Off River Type ျဖင့္ ေရအားလၽွပ္စစ္ဓာတ္အား 30 MW ထုတ္လုပ္ျခင္းစီမံကိန္းတည္ေဆာက္ေရးအတြက္ နားလည္မႈစာခၽြန္လႊာေရးထိုးျခင္းျဖစ္ေၾကာင္း၊ M.Y Holding Co.,Ltd မွ ပတ္ဝန္းက်င္ထိခိုက္မႈအနည္းဆုံးႏွင့္ ေရအားလၽွပ္စစ္ထုတ္လုပ္သြားမည္ျဖစ္ၿပီး သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးဆုံး႐ႈံးမႈမရွိပါက MOA လက္မွတ္ေရးထိုးႏိုင္ရန္ ျပည္ေထာင္စုအစိုးရသို႔ ဆက္လက္တင္ျပသြားမည္ ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဥကၠဌ ဦးခြန္စံလြင္ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံတို႔က အသီးသီးအမွာစကားေျပာၾကားၾကၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ႏွင့္ ကုမၸဏီတို႔မွ နားလည္မႈစာခၽြန္လႊာ MOU လက္မွတ္ေရးထိုးၾက၍ အျပန္အလွန္လဲလွယ္ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕သည္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း ေရအားလၽွပ္စစ္သုံး ဓာတ္အား ထုတ္လုပ္ျခင္းစီမံကိန္းကို ပုဂၢလိကအဖြဲ႕အစည္းတစ္ခုျဖစ္ေသာ M.Y Holding Co.,Ltd မွ BOT စနစ္ျဖင့္ ေဆာင္႐ြက္ မည္ျဖစ္ၿပီး Run Off River Type ျဖင့္ ေရအားအသုံးျပဳ၍ ထြက္ရွိလာေသာ လၽွပ္စစ္ဓာတ္အား 30 MW ကို ႏိုင္ငံေတာ္ ပိုင္ဓာတ္အားပို႔လႊတ္သည့္ ပမာဏဓာတ္အားလိုင္းအတြင္းသို႔ ထည့္သြင္းေရာင္းခ်ရန္ ရည္႐ြယ္ထားေၾကာင္းႏွင့္ စမ္းသပ္တိုင္းတာျခင္းလုပ္ငန္းကို  ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလတြင္ တိုင္းတာမႈရရွိခဲ့ေသာ 20 m3/s  ေရစီးႏႈန္းအေပၚ အေျခခံ၍ ရရွိႏိုင္ေသာ လၽွပ္စစ္ဓာတ္အား ပမာဏမွာ 40 MW မွ 50 MW အထိ ရရွိႏိုင္မည္ျဖစ္ကာ ျပည္နယ္အစိုးရ၏ ခြင့္ျပဳမိန္႔အတြင္းျဖစ္ေသာ 30 MW ထုတ္လုပ္ႏိုင္စြမ္းရွိသည့္ ေရအားလၽွပ္စစ္စီမံကိန္းစက္႐ုံအား ေရရွည္လည္ပတ္ ႏိုင္ရန္ ႏွစ္ပတ္လည္ေရရရွိမႈ တိုင္းတာသတ္မွတ္သည့္လုပ္ငန္းကိုသာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++

နမ့်ဟန်ချောင်းနှင့် နမ့်ပွန်ချောင်းတွင် အသေးစားရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

တောင်ကြီး ဇူလိုင် - ၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မိုင်းတုံစေတမန်ကုမ္ပဏီလီမိတက် M.Y Holding Co.,Ltd တို့သည် နမ့်ဟန်ချောင်းနှင့် နမ့်ပွန်ချောင်းတို့တွင် အသေးစားရေအားလျှပ်စစ်ထုတ်ယူနိုင်ရန်အတွက် ဇူလိုင် ၉ ရက် မွန်းလွှဲ ၂ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ နားလည်မှုစာချွန်လွှာ MOU  လက်မှတ်ရေးထိုးကြောင်း သိရသည်။ 

ပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာ၊ နမ့်ပွန်ချောင်းအနီးတွင် Run Off River Type ဖြင့် ရေအားလျှပ်စစ်ဓာတ်အား 30 MW ထုတ်လုပ်ခြင်းစီမံကိန်းတည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာရေးထိုးခြင်းဖြစ်ကြောင်း၊ M.Y Holding Co.,Ltd မှ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိပါက MOA လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုအစိုးရသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးခွန်စံလွင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့က အသီးသီးအမှာစကားပြောကြားကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် ကုမ္ပဏီတို့မှ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးကြ၍ အပြန်အလှန်လဲလှယ်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရေအားလျှပ်စစ်သုံး ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းကို ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်သော M.Y Holding Co.,Ltd မှ BOT စနစ်ဖြင့် ဆောင်ရွက် မည်ဖြစ်ပြီး Run Off River Type ဖြင့် ရေအားအသုံးပြု၍ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အား 30 MW ကို နိုင်ငံတော် ပိုင်ဓာတ်အားပို့လွှတ်သည့် ပမာဏဓာတ်အားလိုင်းအတွင်းသို့ ထည့်သွင်းရောင်းချရန် ရည်ရွယ်ထားကြောင်းနှင့် စမ်းသပ်တိုင်းတာခြင်းလုပ်ငန်းကို  ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တိုင်းတာမှုရရှိခဲ့သော 20 m3/s  ရေစီးနှုန်းအပေါ် အခြေခံ၍ ရရှိနိုင်သော လျှပ်စစ်ဓာတ်အား ပမာဏမှာ 40 MW မှ 50 MW အထိ ရရှိနိုင်မည်ဖြစ်ကာ ပြည်နယ်အစိုးရ၏ ခွင့်ပြုမိန့်အတွင်းဖြစ်သော 30 MW ထုတ်လုပ်နိုင်စွမ်းရှိသည့် ရေအားလျှပ်စစ်စီမံကိန်းစက်ရုံအား ရေရှည်လည်ပတ် နိုင်ရန် နှစ်ပတ်လည်ရေရရှိမှု တိုင်းတာသတ်မှတ်သည့်လုပ်ငန်းကိုသာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 76 guests and no members online