ရှမ်းပြည်နယ်သတင်းများ

မိထၳီလာ- ေတာင္ႀကီး- က်ိဳင္းတုံ- တာခ်ီလိတ္လမ္းေပၚရွိ သံလြင္ျမစ္ကူးတံတား(တာေကာ္)ပႏၷက္ေတာ္တင္

 ကြန္ဟိန္း ဇူလိုင္-၁၁

164

ရွမ္းျပည္နယ္(ေတာင္ပိုင္း) လြိဳင္လင္ခ႐ိုင္၊ ကြန္ဟိန္းၿမိဳ႕နယ္၊ မိထၳီလာ-ေတာင္ႀကီး- က်ိဳင္းတုံ-တာခ်ီလိတ္လမ္းေပၚရွိ သံလြင္ျမစ္ကူးတံတား(တာေကာ္)ပႏၷက္ေတာ္တင္ျခင္းကို ဇူလိုင္(၁၁)ရက္နံနက္(၉)နာရီခြဲက အဆိုပါတံတားတည္ေဆာက္မည့္ေနရာ၌က်င္းပေၾကာင္းသိရသည္။ 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အသစ္တည္ေဆာက္မည့္ သံလြင္ တံတား (တာေကာ္)သည္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ႏွင့္(အေရွ႕ပိုင္း)ဆက္သြယ္ထားသည့္ မိထၳီလာ- ေတာင္ႀကီး- က်ိဳင္းတုံ- တာခ်ီလိတ္လမ္းမိုင္တိုင္အမွတ္(၂၈၃/၂ႏွင့္၂၈၃/၄)အတြင္း တည္ရွိသည့္ သံလြင္ျမစ္ကူး(တာေကာ္) တံတားအသစ္ ျပန္လည္တည္ေဆာက္ေရးစီမံကိန္းစတင္ႏိုင္ရန္အတြက္ ပႏၷက္ေတာ္တင္တြင္းေတာ္ဝန္း မဂၤလာအခမ္းအနားျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္အိမ္နီးခ်င္းႏိုင္ငံျဖစ္သည့္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ ထိုင္းႏိုင္ငံ လာအိုႏိုင္ငံမ်ားကို ဆက္သြယ္သြားႏိုင္သည့္ အာရွလမ္းမႀကီးႏွင့္ဆက္စပ္လၽွက္ရွိေၾကာင္း၊ ေဒသတြင္းမွ ထြက္ကုန္မ်ားသာမက ျမန္မာႏိုင္ငံ၏ေဒသအသီးသီးမွထြက္ကုန္မ်ားကိုပါ အိမ္နီခ်င္းႏိုင္ငံမ်ားသို႔ေပးပို႔ တင္သြင္းႏိုင္ျခင္းတို႔ေၾကာင့္ ႏိုင္ငံစီးပြားေရးအတြက္အဓိကအခ်က္အခ်ာၾကၿပီး ကုန္စည္မ်ားလ်င္ျမန္ေခ်ာေမြ႕စြာ ပို႔ေဆာင္ႏိုင္ေရးႏွင့္သယ္ယူပို႔ေဆာင္ကုန္က်စရိတ္မ်ား ေလ်ာ့က်ႏိုင္ေရးအတြက္ တန္(၄၀)အထက္ယာဥ္ႀကီးမ်ားမွာ အဆိုပါလမ္းေပၚတြင္ ျဖတ္သန္းသြားလာလၽွက္ရွိၿပီး လမ္းမႀကီးေပၚရွိတံတားမ်ားအား တန္(၆၀)ခံႏိုင္ဝန္ရွိေသာ တံတားမ်ားအျဖစ္သို႔အဆင့္ျမႇင့္တင္တည္ေဆာက္ျခင္းျဖစ္ေၾကာင္း ေျပာၾကားသြားသည္။ 

ဆက္လက္၍ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဒုတိယဝန္ႀကီး ဦးေက်ာ္လင္းမွ လက္ရွိအသုံးျပဳ ေနေသာ သံလြင္ျမစ္ကူးတံတား(တာေကာ္)အေဟာင္း၏ ႀကံ႕ခိုင္မႈအေျခအေနႏွင့္အသစ္တည္ေဆာက္မည့္တံတား၏ ဆိုင္ရာအခ်က္အလက္မ်ားရွင္းလင္းေျပာၾကားသည္။ 

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ဦးစိုင္းလုံးဆိုင္၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္သန္းလႈိင္၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္း၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ တံတားဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေနေအာင္ရဲျမင့္၊ မိုင္းပ်ဥ္းမဲဆႏၷနယ္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းစိန္ႏွင့္ ကြန္ဟိန္းမဲဆႏၷနယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚ နန္းခင္ေစာတို႔က မဂၤလာအခ်ိန္တြင္ပႏၷက္ေတာ္မ်ား ႐ိုက္သြင္းေပးျခင္း၊ အေမႊးနံ႔သာေရမ်ားပက္ျဖန္းျခင္းမဂၤလာတို႔အားေဆာက္႐ြက္ခဲ့ၿပီး အမွတ္တရဓါတ္ပုံ႐ိုက္ကူးၾကေၾကာင္းသိရွိရသည္။ 

အဆိုပါသံလြင္ျမစ္ကူးတံတား(တာေကာ္)၏ တံတားသက္တမ္းမွာ(၄၅)ႏွစ္ခန္႔ၾကာျမႇင့္လာသည္ႏွင့္အမၽွ ယိုယြင္းပ်က္စီးမႈမ်ားရွိလာျခင္းေၾကာင့္ တံတားခံႏိုင္ဝန္အား(၂၄)တန္ထိေလၽွာ႔ခ်ခြင့္ျပဳထားသျဖင့္ ယာဥ္ႀကီးမ်ား အဆင္ေျပေခ်ာေမြ႕စြာျဖတ္သန္းသြားလာႏိုင္ရန္အတြက္ သံလြင္ျမစ္ကူးတံတား(တာေကာ္)အား တံတားခံႏိုင္ဝန္ တန္(၆၀)အထက္ရွိေသာ တံတားအသစ္တစ္စင္းျပန္လည္တည္ေဆာက္ေပးရန္ လိုအပ္လၽွက္ရွိေသာေၾကာင့္ ယခုတည္ေဆာက္မည့္တံအူေၾကာင္းသည္ တံတားေဟာင္းကြန္ဟိန္းဘက္ကမ္းတြင္ (၃၀)မီတာႏွင့္ မိုင္းပ်ဥ္း ဘက္ကမ္းတြင္(၂၀)မီတာအကြာတို႔တြင္ တံတားေပအရွည္(၃၅၁)မီတာျဖင့္တည္ေဆာက္မည္ျဖစ္ေၾကာင္းသိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 09 250132943

(unicode)++++

မိထ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်းပေါ်ရှိ သံလွင်မြစ်ကူးတံတား(တာကော်)ပန္နက်တော်တင်

ကွန်ဟိန်း ဇူလိုင်-၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မိထ္ထီလာ-တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ သံလွင်မြစ်ကူးတံတား(တာကော်)ပန္နက်တော်တင်ခြင်းကို ဇူလိုင်(၁၁)ရက်နံနက်(၉)နာရီခွဲက အဆိုပါတံတားတည်ဆောက်မည့်နေရာ၌ကျင်းပကြောင်းသိရသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အသစ်တည်ဆောက်မည့် သံလွင် တံတား (တာကော်)သည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်(အရှေ့ပိုင်း)ဆက်သွယ်ထားသည့် မိထ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်းမိုင်တိုင်အမှတ်(၂၈၃/၂နှင့်၂၈၃/၄)အတွင်း တည်ရှိသည့် သံလွင်မြစ်ကူး(တာကော်) တံတားအသစ် ပြန်လည်တည်ဆောက်ရေးစီမံကိန်းစတင်နိုင်ရန်အတွက် ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ လာအိုနိုင်ငံများကို ဆက်သွယ်သွားနိုင်သည့် အာရှလမ်းမကြီးနှင့်ဆက်စပ်လျှက်ရှိကြောင်း၊ ဒေသတွင်းမှ ထွက်ကုန်များသာမက မြန်မာနိုင်ငံ၏ဒေသအသီးသီးမှထွက်ကုန်များကိုပါ အိမ်နီချင်းနိုင်ငံများသို့ပေးပို့ တင်သွင်းနိုင်ခြင်းတို့ကြောင့် နိုင်ငံစီးပွားရေးအတွက်အဓိကအချက်အချာကြပြီး ကုန်စည်များလျင်မြန်ချောမွေ့စွာ ပို့ဆောင်နိုင်ရေးနှင့်သယ်ယူပို့ဆောင်ကုန်ကျစရိတ်များ လျော့ကျနိုင်ရေးအတွက် တန်(၄၀)အထက်ယာဉ်ကြီးများမှာ အဆိုပါလမ်းပေါ်တွင် ဖြတ်သန်းသွားလာလျှက်ရှိပြီး လမ်းမကြီးပေါ်ရှိတံတားများအား တန်(၆၀)ခံနိုင်ဝန်ရှိသော တံတားများအဖြစ်သို့အဆင့်မြှင့်တင်တည်ဆောက်ခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။ 

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးကျော်လင်းမှ လက်ရှိအသုံးပြု နေသော သံလွင်မြစ်ကူးတံတား(တာကော်)အဟောင်း၏ ကြံ့ခိုင်မှုအခြေအနေနှင့်အသစ်တည်ဆောက်မည့်တံတား၏ ဆိုင်ရာအချက်အလက်များရှင်းလင်းပြောကြားသည်။ 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်၊ မိုင်းပျဉ်းမဲဆန္နနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်နှင့် ကွန်ဟိန်းမဲဆန္နနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ် နန်းခင်စောတို့က မင်္ဂလာအချိန်တွင်ပန္နက်တော်များ ရိုက်သွင်းပေးခြင်း၊ အမွှေးနံ့သာရေများပက်ဖြန်းခြင်းမင်္ဂလာတို့အားဆောက်ရွက်ခဲ့ပြီး အမှတ်တရဓါတ်ပုံရိုက်ကူးကြကြောင်းသိရှိရသည်။ 

အဆိုပါသံလွင်မြစ်ကူးတံတား(တာကော်)၏ တံတားသက်တမ်းမှာ(၄၅)နှစ်ခန့်ကြာမြှင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများရှိလာခြင်းကြောင့် တံတားခံနိုင်ဝန်အား(၂၄)တန်ထိလျှော့ချခွင့်ပြုထားသဖြင့် ယာဉ်ကြီးများ အဆင်ပြေချောမွေ့စွာဖြတ်သန်းသွားလာနိုင်ရန်အတွက် သံလွင်မြစ်ကူးတံတား(တာကော်)အား တံတားခံနိုင်ဝန် တန်(၆၀)အထက်ရှိသော တံတားအသစ်တစ်စင်းပြန်လည်တည်ဆောက်ပေးရန် လိုအပ်လျှက်ရှိသောကြောင့် ယခုတည်ဆောက်မည့်တံအူကြောင်းသည် တံတားဟောင်းကွန်ဟိန်းဘက်ကမ်းတွင် (၃၀)မီတာနှင့် မိုင်းပျဉ်း ဘက်ကမ်းတွင်(၂၀)မီတာအကွာတို့တွင် တံတားပေအရှည်(၃၅၁)မီတာဖြင့်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 09 250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 48 guests and no members online

Latest Updates