ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကြန္ဟိန္းၿမိဳ႕ ေ႐ြ႕လ်ားဝန္ေဆာင္မႈ၌ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ကြန္ဟိန္း ဇူလိုင္   −   ၁၂

165

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါလ်က္ ဇူလိုင္(၁၁)ရက္ နံနက္ပိုင္းက လၽွပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးလုပ္ငန္း ၃၃/၁၁ ေကဗြီ ၅ အမ္ဗြီေအ ကြန္ဟိန္း(ကာလိ) ဓာတ္အားခြဲ႐ုံ တည္ေဆာက္ေရးစီမံကိန္းသို႔ ဝင္ေရာက္ၾကည့္႐ႈ စစ္ေဆးခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တာဝန္ရွိသူမ်ားသည္ ကြန္ဟိန္းၿမိဳ႕နယ္ ဝမ္ပန္ေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ ေဒသခံျပည္သူမ်ားအတြက္ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးရန္အတြက္ ေ႐ြ႕လ်ား ဝန္ေဆာင္မႈလုပ္ငန္းေဆာင္႐ြက္ေနမႈသို႔ ေရာက္ရွိလာၿပီးေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ကြန္ဟိန္း ၿမိဳ႕နယ္၊ ဝမ္ပန္ၿမိဳ႕ရွိ ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္မ်ား၊ ရင္ဖြင့္စကားသံမ်ား ၾကားနာရန္အတြက္ ေဒသခံျပည္သူမ်ားႏွင့္ လာေရာက္ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ကြန္ဟိန္းၿမိဳ႕နယ္ ဝမ္ပန္ေက်း႐ြာရွိ ေဒသခံျပည္သူမ်ား၊ ရပ္မိရပ္ဖမ်ားမွ ေဒသ၏လိုအပ္ခ်က္ျဖစ္ေသာ အမႈိက္သယ္ယာဥ္၊ မီးသၿဂႋဳလ္စက္၊ လၽွပ္စစ္မီးပုံမွန္လင္းေရး၊ ၿမိဳ႕ေျမရပ္ကြက္အသစ္တိုးခ်ဲ႕ေရး၊ ပညာေရးအတြက္လိုအပ္လ်က္ ရွိေသာ ဆရာ၊ ဆရာမမ်ားရရွိႏိုင္ရန္ တင္ျပေဆြးေႏြးၾကရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ သက္ဆိုင္ရာဌာနမ်ားမွ က႑အလိုက္အသီးသီး ျပန္လည္ေျဖၾကားၾကၿပီး ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္ မ်ားကို လာမည့္ဘ႑ာေရးႏွစ္အလိုက္ ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားၾကသည္။

ယင္းေနာက္ ေ႐ြ႕လ်ားဝန္ေဆာင္မႈ၌ ေဆာင္႐ြက္ၿပီးစီးေသာ ေမြးဖြားမႈပုံစံစာရင္း၊ လယ္ယာေျမပုံစံ(၇)၊ လၽွပ္စစ္အိမ္သုံး မီတာ၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ ဘီးခြန္မ်ားတို႔ကို ေဒသခံျပည္သူမ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးမ်ား၊ အစိုးရအဖြဲ႕အတြင္းေရးမႉးႏွင့္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္တို႔မွ အသီးသီးေပးအပ္ခဲ့ၾကၿပီး ေ႐ြ႕လ်ားဝန္ေဆာင္မႈ၌ ဌာနအသီးသီးမွ လာေရာက္လုပ္ငန္းေဆာင္႐ြက္ေနမႈတို႔ကို လွည့္လည္ၾကည့္႐ႈအားေပးခဲ့ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွန်ဟိန်းမြို့ ရွေ့လျားဝန်ဆောင်မှု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကွန်ဟိန်း ဇူလိုင်   −   ၁၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်(၁၁)ရက် နံနက်ပိုင်းက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကွန်ဟိန်း(ကာလိ) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းသို့ ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့နယ် ဝမ်ပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် ရွေ့လျား ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှုသို့ ရောက်ရှိလာပြီးဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ကွန်ဟိန်း မြို့နယ်၊ ဝမ်ပန်မြို့ရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ ရင်ဖွင့်စကားသံများ ကြားနာရန်အတွက် ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကွန်ဟိန်းမြို့နယ် ဝမ်ပန်ကျေးရွာရှိ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများမှ ဒေသ၏လိုအပ်ချက်ဖြစ်သော အမှိုက်သယ်ယာဉ်၊ မီးသင်္ဂြိုလ်စက်၊ လျှပ်စစ်မီးပုံမှန်လင်းရေး၊ မြို့မြေရပ်ကွက်အသစ်တိုးချဲ့ရေး၊ ပညာရေးအတွက်လိုအပ်လျက် ရှိသော ဆရာ၊ ဆရာမများရရှိနိုင်ရန် တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်အသီးသီး ပြန်လည်ဖြေကြားကြပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက် များကို လာမည့်ဘဏ္ဍာရေးနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားကြသည်။

ယင်းနောက် ရွေ့လျားဝန်ဆောင်မှု၌ ဆောင်ရွက်ပြီးစီးသော မွေးဖွားမှုပုံစံစာရင်း၊ လယ်ယာမြေပုံစံ(၇)၊ လျှပ်စစ်အိမ်သုံး မီတာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဘီးခွန်များတို့ကို ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှ အသီးသီးပေးအပ်ခဲ့ကြပြီး ရွေ့လျားဝန်ဆောင်မှု၌ ဌာနအသီးသီးမှ လာရောက်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 58 guests and no members online

Latest Updates