ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ဇူလိုင္- ၁၇

166

၂၀၁၉ခုႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲကို ဇူလိုင္(၁၅)ရက္ မြန္းလြဲ(၂)နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္အားကစားကြင္း၌ က်င္းပသည္။

ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲတြင္ ေတာင္ႀကီးခ႐ိုင္အသင္းႏွင့္ ေက်ာက္မဲ ခ႐ိုင္အသင္း ယွဥ္ၿပိဳင္ကစားၾကရာ ေတာင္ႀကီးခ႐ိုင္အသင္းမွ အႏိုင္ရဗိုလ္စြဲသြားၿပီး၊ အားကစားယွဥ္ၿပိဳင္ေနမႈကို ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္ တာဝန္ရွိသူတို႔က ၾကည့္႐ႈ အားေပးၾကသည္။

ဆက္လက္၍ ဆုခ်ီးျမႇင့္ပြဲက်င္းပရာ ပူးတြဲတတိယဆုရရွိေသာ လား႐ႈိးခ႐ိုင္အသင္းႏွင့္ လင္းေခးခ႐ိုင္အသင္းတို႔အား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၂)သိန္းစီကို ေတာင္ႀကီးစဝ္စံထြန္းေဆး႐ုံအုပ္ႀကီး ေဒါက္တာဦးျမင့္သိန္းႏွင့္ ျပည္နယ္ စီမံကိန္းေရးဆြဲေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးဦးသန္းေဇာ္တို႔မွ ဆုခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ ဒုတိယဆုရရွိေသာ ေက်ာက္မဲ ခ႐ိုင္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၅)သိန္းကို ျပည္နယ္ရသုံးမွန္းေျခ ေငြစာရင္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးႏိုင္ႏိုင္ဝင္းမွ လည္းေကာင္း၊ ပထမဆုရရွိေသာ ေတာင္ႀကီးခ႐ိုင္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၇)သိန္းကို ေတာင္ႀကီးတကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ ေဒၚခ်ိဳခ်ိဳအိမွလည္းေကာင္း၊ ေနရာအလိုက္ အေကာင္းဆုံး ေဘာလုံးကစားသမား ဆုရရွိသူမ်ားအား ဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၅)ေသာင္းစီကို အားကစားႏွင့္ ကာယပညာသိပၸံ (ေတာင္ႀကီး) ေက်ာင္းအုပ္ႀကီးဦးသက္လြင္ဦးႏွင့္ ရွမ္းျပည္နယ္ေဘာလုံးဥကၠ႒ ဦးခင္ေမာင္လြင္ႀကီးတို႔မွ အသီးသီးဆုခ်ီးျမႇင့္ေပး ၾကသည္။

ထို႔ေနာက္ ပထမဆုရရွိေသာေတာင္ႀကီးခ႐ိုင္အသင္းအား တံခြန္စိုက္ဆုဖလားကို ရွမ္းျပည္နယ္ဝန္ႀကီးခ္်ဳပ(ကိုယ္စား) ျပည္နယ္လူမႈေရးဝန္ႀကီး အားကစားႏွင့္ ကာယပညာေကာ္မတီဥကၠ႒ ေဒါက္တာမ်ိဳးထြန္းကခ်ီးျမႇင့္ေပးေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ 

တောင်ကြီး ဇူလိုင်- ၁၇

၂၀၁၉ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၅)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် တောင်ကြီးခရိုင်အသင်းနှင့် ကျောက်မဲ ခရိုင်အသင်း ယှဉ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရဗိုလ်စွဲသွားပြီး၊ အားကစားယှဉ်ပြိုင်နေမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပူးတွဲတတိယဆုရရှိသော လားရှိုးခရိုင်အသင်းနှင့် လင်းခေးခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၂)သိန်းစီကို တောင်ကြီးစဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာဦးမြင့်သိန်းနှင့် ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဇော်တို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော ကျောက်မဲ ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သိန်းကို ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်းမှ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၇)သိန်းကို တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်ချိုချိုအိမှလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံး ဘောလုံးကစားသမား ဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သောင်းစီကို အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီးဦးသက်လွင်ဦးနှင့် ရှမ်းပြည်နယ်ဘောလုံးဥက္ကဋ္ဌ ဦးခင်မောင်လွင်ကြီးတို့မှ အသီးသီးဆုချီးမြှင့်ပေး ကြသည်။

ထို့နောက် ပထမဆုရရှိသောတောင်ကြီးခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချု်ပ(ကိုယ်စား) ပြည်နယ်လူမှုရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းကချီးမြှင့်ပေးကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 115 guests and no members online