ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ဆြစ္ဇာလန္သံ႐ုံး၏ သံ႐ုံးယာယီတာဝန္ခံျဖစ္သူ Mr. Giacomo Solari ေတြ႕ဆုံ

ေတာင္ႀကီး ဇူလိုင္   −   ၁၇

167

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္၊ အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္တို႔ႏွင့္အတူ ဇူလိုင္(၁၇)ရက္ ညေန(၃)နာရီက ရွမ္းျပည္နယ္အစိုးရ အဖြဲ႕႐ုံး ျပည္နယ္ဝန္ႀကီးခ်ဳပ္ Callခန္းမ၌ ဆြစ္ဇာလန္သံ႐ုံး၏ယာယီတာဝန္ခံျဖစ္သူ Mr. Giacomo Solari ဦးေဆာင္လ်က္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ဒုတိယအႀကီးအကဲျဖစ္သူ Mr. Mark Haeussermann ႏွင့္ National Project Officer ျဖစ္သူ ေဒၚအိသႏၲာလြင္လိုက္ပါလ်က္ လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအကူအညီေပးေရးဆိုင္ရာ ကိစၥရပ္ မ်ားႏွင့္ စပ္လ်ဥ္း၍ လာေရာက္ေတြ႕ဆုံေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ Mr. Giacomo Solari မွ ယခုလို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီး မ်ားႏွင့္ ေတြ႕ဆုံရသည့္အတြက္ဝမ္းသာပါေၾကာင္း၊ မိမိတို႔အဖြဲ႕ႏွင့္ မိတ္ဆက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ဆြစ္ဇာလန္ႏိုင္ငံသည္ ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ ၂၀၀၈ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ ပူးေပါင္းေဆာင္႐ြက္ေရးကို ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ က်န္းမာေရး၊ ပညာေရး စသည့္ အေဆာက္အဦးႏွင့္ ေက်ာင္းမ်ားကို ျပဳျပင္ျပန္လည္ေဆာင္႐ြက္ေပးေၾကာင္း၊ ၂၀၁၃ခုႏွစ္တြင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကိစၥရပ္မ်ားေဆာင္႐ြက္ၿပီး ၂၀၁၃ခုႏွစ္တြင္ သံ႐ုံးဖြင့္လွစ္ကာ ေမာ္လၿမိဳင္ၿမိဳ႕တြင္လည္း ႐ုံးဖြင့္လွစ္ၿပီး လုပ္ငန္းစတင္ခဲ့ပါေၾကာင္း၊ လုပ္ငန္းပထမပိုင္းတြင္ က်န္းမာေရး၊ ပညာေရးမ်ားကို စတင္အေကာင္အထည္ေဖာ္ၿပီး၊ စိုက္ေမြးပညာရပ္မ်ားကိုလည္း စီမံခ်က္ေရးဆြဲ၍ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အစိုးရေဒသအုပ္ခ်ဳပ္မႈေအာက္ႏွင့္ တိုင္းရင္းသား အုပ္ခ်ဳပ္မႈေအာက္တြင္ေဆာင္႐ြက္လ်က္ရွိၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားတြင္ပါဝင္ေဆာင္႐ြက္လ်က္ရွိၿပီး ဆြစ္ဇာလန္ႏိုင္ငံ၏ ပူးေပါင္းေဆာင္႐ြက္ေရးလုပ္ငန္းသည္ (၅)ႏွစ္တာစီမံကိန္းျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္လည္း တိုးခ်ဲ႕ေဆာင္႐ြက္ ရန္လ်ာထားပါေၾကာင္းႏွင့္ ရွမ္းျပည္နယ္တြင္ လူမႈေရးကိစၥရပ္မ်ားလည္း စတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ ႐ုံးမ်ား လည္းထားရွိပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္လည္း ေနာင္မ်ားတြင္မည္ကဲ့သို႔ေဆာင္႐ြက္ရန္ စီစဥ္ထားရွိမႈမ်ားကို တင္ျပလို ေၾကာင္း၊ အင္းေလးေဒသကိုေဆာင္႐ြက္ရန္လ်ာထားပါေသာ္လည္း အင္းေလးေဒသသည္ စီမံခ်က္မ်ားရွိပါေၾကာင္းႏွင့္ ေရေဝ ေရလဲေဒသႏွင့္ အျခားၿမိဳ႕နယ္မ်ားကို ေဆာင္႐ြက္ရန္ရွိပါေၾကာင္း၊ ဆြစ္ဇာလန္ႏိုင္ငံအျဖစ္ စီမံခ်က္မ်ားကို အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရာတြင္ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားႏွင့္ ေဒသမ်ားတြင္ လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ႏွင့္ ၿငိမ္းခ်မ္းေရးပိုမိုခိုင္မာ လာေအာင္ ပူးေပါင္းေဆာင္႐ြက္ရန္လိုပါေၾကာင္း ေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဆွစ်ဇာလန်သံရုံး၏ သံရုံးယာယီတာဝန်ခံဖြစ်သူ Mr. Giacomo Solari တွေ့ဆုံ

တောင်ကြီး ဇူလိုင်   −   ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့နှင့်အတူ ဇူလိုင်(၁၇)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် Callခန်းမ၌ ဆွစ်ဇာလန်သံရုံး၏ယာယီတာဝန်ခံဖြစ်သူ Mr. Giacomo Solari ဦးဆောင်လျက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယအကြီးအကဲဖြစ်သူ Mr. Mark Haeussermann နှင့် National Project Officer ဖြစ်သူ ဒေါ်အိသန္တာလွင်လိုက်ပါလျက် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ လာရောက်တွေ့ဆုံကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် Mr. Giacomo Solari မှ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တွေ့ဆုံရသည့်အတွက်ဝမ်းသာပါကြောင်း၊ မိမိတို့အဖွဲ့နှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်ရေးအတွက် ၂၀၀၈ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး စသည့် အဆောက်အဦးနှင့် ကျောင်းများကို ပြုပြင်ပြန်လည်ဆောင်ရွက်ပေးကြောင်း၊ ၂၀၁၃ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ပြီး ၂၀၁၃ခုနှစ်တွင် သံရုံးဖွင့်လှစ်ကာ မော်လမြိုင်မြို့တွင်လည်း ရုံးဖွင့်လှစ်ပြီး လုပ်ငန်းစတင်ခဲ့ပါကြောင်း၊ လုပ်ငန်းပထမပိုင်းတွင် ကျန်းမာရေး၊ ပညာရေးများကို စတင်အကောင်အထည်ဖော်ပြီး၊ စိုက်မွေးပညာရပ်များကိုလည်း စီမံချက်ရေးဆွဲ၍ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရဒေသအုပ်ချုပ်မှုအောက်နှင့် တိုင်းရင်းသား အုပ်ချုပ်မှုအောက်တွင်ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဆွစ်ဇာလန်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းသည် (၅)နှစ်တာစီမံကိန်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်လည်း တိုးချဲ့ဆောင်ရွက် ရန်လျာထားပါကြောင်းနှင့် ရှမ်းပြည်နယ်တွင် လူမှုရေးကိစ္စရပ်များလည်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရုံးများ လည်းထားရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း နောင်များတွင်မည်ကဲ့သို့ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို တင်ပြလို ကြောင်း၊ အင်းလေးဒေသကိုဆောင်ရွက်ရန်လျာထားပါသော်လည်း အင်းလေးဒေသသည် စီမံချက်များရှိပါကြောင်းနှင့် ရေဝေ ရေလဲဒေသနှင့် အခြားမြို့နယ်များကို ဆောင်ရွက်ရန်ရှိပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံအဖြစ် စီမံချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနှင့် ဒေသများတွင် လုပ်ငန်းများဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာ လာအောင် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943