ရှမ်းပြည်နယ်သတင်းများ

(၇၂)ႏွစ္ေျမာက္ အာဇာနည္ေန႔ လြမ္းသူ႕ပန္းေခြခ်ျခင္းကို ေတာင္ႀကီးၿမိဳ႕၌က်င္းပ

ေတာင္ႀကီး ဇူလိုင္ - ၁၉

169

(၇၂)ႏွစ္ေျမာက္ အာဇာနည္ေန႔ လြမ္းသူ႕ပန္းေခြခ်ျခင္းႏွင့္ အေလးျပဳျခင္းကို ဇူလိုင္ (၁၉)ရက္ နံနက္ (၈)နာရီက ေတာင္ႀကီးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ပန္းၿခံ၌က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစိုင္းလုံးဆိုင္၊ ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ အေရွ႕ပိုင္း တိုင္း စစ္ဌာနခ်ဳပ္တိုင္မႉး၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ အေျခခံပညာေက်ာင္းအသီးသီးမွ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ လူမႈေရးအသင္း အဖြဲ႕မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ရွမ္းျပည္နယ္ လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္တရားလႊတ္ေတာ္ တရား သူႀကီးခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္မႉးတို႔က ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တြင္ လြမ္းသူ႕ပန္းေခြခ်ျခင္းႏွင့္ က်ဆုံး ေလၿပီးေသာ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား အေလးျပဳျခင္း၊ ဝမ္းနည္းျခင္းအထိမ္းအမွတ္ တစ္မိနစ္ ၿငိမ္သက္၍ ဆုေတာင္းေပးၾကသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ားတို႔က ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕လယ္ဓမၼာ႐ုံ၌ (၇၂)ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္ က်ဆုံးေလၿပီးေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား ရည္စူး၍ ဆရာေတာ္ႀကီး(၁၁)ပါးတို႔အား ဆြမ္းဆက္ကပ္လႉဒါန္းပြဲ အခမ္းအနားကို နေမာတႆ သုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္၍ ႏိုင္ငံေတာ္ ၾသဝါဒါစရိယ အဂၢမဟာပ႑ိတ၊ အဂၢမဟာကမၼဌာနာစရိယ ေတာင္ႀကီးၿမိဳ႕ စြန္းလြန္းေက်ာင္းတိုက္ ပဓာန နာယကဆရာေတာ္ ဘဒၵႏၲအဂၢဓမၼာဘိဝံသ အရွင္သူျမတ္ထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကၿပီး၊ ဆရာေတာ္သံဃာေတာ္ အရွင္သူျမတ္မ်ားက ေမတၱာသုတ္ပရိတ္တရားေတာ္ ႐ြတ္ဖတ္ သရဇၨ်ာယ္ေပးကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူမ်ားကဆရာေတာ္၊ သံဃာေတာ္မ်ားအား လႉဖြယ္ဝတၳဳပစၥည္း တို႔ကို ဆက္ကပ္လႉဒါန္းေပးၾက၍ လႉဒါန္းမႈအစုစုတို႔အတြက္ ျပည္နယ္သံဃနာယကဥကၠ႒ အဂၢမဟာပ႑ိတ၊ မူလမင္းကြန္းပရိယတၱိစာသင္တိုက္ ပဓာန နာယကဆရာေတာ္ ဘဒၵႏၲ ပညာသိရီထံမွ ေရစက္သြန္းခ် အမၽွ ေပးေဝကာ အခမ္းအနားကို ဗုဒၶသာသနံစိရံတိဌတု သုံးႀကိမ္႐ြတ္ဆိုဆုေတာင္း၍ ႐ုပ္သိမ္းလိုက္ၿပီး ဆရာေတာ္ႀကီး (၁၁)ပါးအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Uincode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(၇၂)နှစ်မြောက် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချခြင်းကို တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး ဇူလိုင် - ၁၉

(၇၂)နှစ်မြောက် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းကို ဇူလိုင် (၁၉)ရက် နံနက် (၈)နာရီက တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်မှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူးတို့က ဗိုလ်ချုပ်ကြေးရုပ်တွင် လွမ်းသူ့ပန်းခွေချခြင်းနှင့် ကျဆုံး လေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်၍ ဆုတောင်းပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတို့က တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံ၌ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆရာတော်ကြီး(၁၁)ပါးတို့အား ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဌာနာစရိယ တောင်ကြီးမြို့ စွန်းလွန်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော် ရွတ်ဖတ် သရဇ္ဇျာယ်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း တို့ကို ဆက်ကပ်လှူဒါန်းပေးကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ပြည်နယ်သံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ မူလမင်းကွန်းပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပညာသိရီထံမှ ရေစက်သွန်းချ အမျှ ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး ဆရာတော်ကြီး (၁၁)ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−50132943

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 97 guests and no members online