ရှမ်းပြည်နယ်သတင်းများ

က်န္းမာေရးဆိုင္ရာအရပ္ဘက္အဖြဲ႕အစည္းမ်ားဖိုရမ္က်င္းပ

ေတာင္ႀကီး ဇူလိုင္ - ၂၂

170

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ အမ်ိဳးသားက်န္းမာေရးစီမံကိန္း (၂၀၁၇-၂၀၂၁)ကို အရွိန္ အဟုန္ျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိရာ အရပ္ဘက္ဆိုင္ရာအဖြဲ႕အစည္းမ်ား၏အခန္းက႑ကို ေသခ်ာစြာ စဥ္းစားလ်က္ အရပ္ဘက္ဆိုင္ရာအဖြဲ႕အစည္းမ်ားမွ ပါဝင္ေဆာင္႐ြက္ရန္ အားေပးလ်က္ရွိေသာ ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္းရွိ က်န္းမာေရးဆိုင္ရာအရပ္ဘက္အဖြဲ႕အစည္းမ်ားဖိုရမ္ကို ဇူလိုင္ ၂၀ ရက္ နံနက္ ၉ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ထိန္သာဟိုတယ္၌က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္က က်န္းမာေရးေစာင့္ေရွာက္မႈကို ရရွိရန္ ေဖာ္ေဆာင္ ရာတြင္ အစိုးရတစ္ခုၿပီးမွသာ ေဆာင္႐ြက္၍မရဘဲ အရပ္ဘက္ဆိုင္ရာအဖြဲ႕အစည္းမ်ား၊ တိုင္းရင္းသား က်န္းမာေရးအဖြဲ႕မ်ား၊ ပုဂၢလိက ဆရာဝန္မ်ား၊ ေဆးဝန္ထမ္းမ်ား၏ ပူးေပါင္းပါဝင္မွသာ အေကာင္အထည္ ေဖာ္ႏိုင္မည္ျဖစ္ေၾကာင္း၊ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္မ်ားေဆာင္႐ြက္ရာတြင္ ပညာရွင္မ်ား၊ အစိုးရ ေပၚလစီ မိတ္ကာမ်ားႏွင့္ ျပည္သူလူထုက သုံးပြင့္ဆိုင္အခ်ိဳးညီညီ လႈပ္ရွားေဆာင္႐ြက္မွသာ ေအာင္ျမင္မႈ ရရွိမည္ျဖစ္ၿပီး အရပ္ဘက္ဆိုင္ရာအဖြဲ႕အစည္းမ်ား၏ ကိုယ္စားလွယ္မ်ားမွ ေဆြးေႏြးပြဲတြင္ အမ်ိဳးသား က်န္းမာေရး စီမံကိန္းကို အေကာင္အထည္ေဖာ္၍ က်န္းမာေရးစနစ္ ျပဳျပင္ေျပာင္းလဲရာတြင္ အရပ္ဘက္ ဆိုင္ရာ အဖြဲ႕အစည္းမ်ားမွ မည္သည့္ အခန္းက႑မွ ပါဝင္ေဆာင္႐ြက္မည္ကို အႀကံျပဳခ်က္မ်ားေပးရန္ တိုက္တြန္းေျပာၾကားသြားသည္။

ဆက္လက္၍ ရတနာေမတၱာအဖြဲ႕မွ ဦးျမင့္ေဆြမွ က်န္းမာေရးဆိုင္ရာအရပ္ဘက္အဖြဲ႕အစည္းမ်ား ဖိုရမ္ ရည္႐ြယ္ခ်က္ကို ရွင္းလင္းေျပာၾကားခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျန်းမာရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများဖိုရမ်ကျင်းပ

တောင်ကြီး ဇူလိုင် - ၂၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)ကို အရှိန် အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၏အခန်းကဏ္ဍကို သေချာစွာ စဉ်းစားလျက် အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများမှ ပါဝင်ဆောင်ရွက်ရန် အားပေးလျက်ရှိသော ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ ကျန်းမာရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများဖိုရမ်ကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ထိန်သာဟိုတယ်၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရန် ဖော်ဆောင် ရာတွင် အစိုးရတစ်ခုပြီးမှသာ ဆောင်ရွက်၍မရဘဲ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ၊ ပုဂ္ဂလိက ဆရာဝန်များ၊ ဆေးဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှသာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ပညာရှင်များ၊ အစိုးရ ပေါ်လစီ မိတ်ကာများနှင့် ပြည်သူလူထုက သုံးပွင့်ဆိုင်အချိုးညီညီ လှုပ်ရှားဆောင်ရွက်မှသာ အောင်မြင်မှု ရရှိမည်ဖြစ်ပြီး အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ ဆွေးနွေးပွဲတွင် အမျိုးသား ကျန်းမာရေး စီမံကိန်းကို အကောင်အထည်ဖော်၍ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရာတွင် အရပ်ဘက် ဆိုင်ရာ အဖွဲ့အစည်းများမှ မည်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ကို အကြံပြုချက်များပေးရန် တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ ရတနာမေတ္တာအဖွဲ့မှ ဦးမြင့်ဆွေမှ ကျန်းမာရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 73 guests and no members online

Latest Updates