ရှမ်းပြည်နယ်သတင်းများ

Korea Climate Change Center တို႔ပူးေပါင္းေဆာင္႐ြက္သည့္ ျမန္မာႏိုင္ငံတြင္ စြမ္းအားျမႇင့္မီးဖိုမ်ား ျဖန္႔ျဖဴးျခင္းစီမံကိန္းစတင္ျခင္း အလုပ္႐ုံေဆြးေႏြးပြဲက်င္းပ

ေတာင္ႀကီး ဇူလိုင္   -   ၂၂

171

စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ ကိုရီးယားအျပည္ျပည္ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္ေရးေအဂ်င္စီ (KOICA) ႏွင့္ ရာသီဥတုေျပာင္းလဲမႈဗဟိုဌာန၊ Korea Climate Change Center တို႔ပူးေပါင္း ေဆာင္႐ြက္သည့္ ျမန္မာႏိုင္ငံတြင္ စြမ္းအားျမႇင့္မီးဖိုမ်ား ျဖန္႔ျဖဴးျခင္းစီမံကိန္းစတင္ျခင္း အလုပ္႐ုံေဆြးေႏြးပြဲ (Inception Workshop) ႏွင့္ စီမံကိန္းအေကာင္အထည္ေဖာ္မည့္သူမ်ား ၫွိႏႈိင္းေဆြးေႏြးပြဲကို ဇူလိုင္(၂၂) နံနက္(၉)နာရီခြဲက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရ႐ုံး အစည္းအေဝးခန္းမ၌က်င္းပသည္။

ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ ကိုရီးယားရာသီဥတုဗဟိုဌာနတို႔ ၂၀၁၉ခုႏွစ္ မတ္လ(၂၅)ရက္ေန႔က သေဘာတူလက္မွတ္ေရးထိုးခဲ့မႈအရ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ ျမန္မာႏိုင္ငံတြင္း စြမ္းအားျမႇင့္မီးဖိုမ်ား ျဖန္႔ျဖဴးျခင္းစီမံကိန္း စတင္ႏိုင္ရန္အတြက္ Local Stakeholder မ်ားအား စီမံကိန္းႏွင့္စပ္လ်ဥ္းၿပီး ရည္႐ြယ္ခ်က္ေဆာင္႐ြက္မည့္လုပ္ငန္းမ်ား၊ ေမၽွာ္မွန္းရရွိလာမည့္အက်ိဳးေက်းဇူးမ်ားကို စီမံကိန္းႏွင့္ဆက္စပ္လ်က္ရွိေသာ ခ႐ိုင္ ၿမိဳ႕နယ္မ်ားမွ အမွန္တကယ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ၾကမည့္ ခ႐ိုင္/ၿမိဳ႕နယ္အလိုက္ တာဝန္ရွိသူမ်ားအား အသိေပး ရွင္းလင္းတင္ျပရန္ အျပန္အလွန္ေဆြးေႏြးၫွိႏႈိင္းၾကမည့္ အခမ္းအနားတစ္ခုျဖစ္ၿပီး စြမ္းအားျမႇင့္မီးဖိုမ်ားျဖန္႔ျဖဴးျခင္း စီမံကိန္း ကိုရွမ္းျပည္နယ္အပါအဝင္ တိုင္းေဒသႀကီး/ျပည္နယ္(၆)ခုတြင္ ေဆာင္႐ြက္သြားမည္ကို သိရွိရပါေၾကာင္း၊ ခ႐ိုင္ၿမိဳ႕နယ္ တာဝန္ ရွိသူမ်ားမွ မရွင္းလင္းသည့္အခ်က္မ်ားအား သိရွိလိုသည္မ်ားကို လြတ္လပ္ပြင့္လင္းစြာ ပါဝင္ေဆြးေႏြးၾကရန္ႏွင့္ (၇)ႏွစ္ စီမံကိန္းျဖစ္ၿပီး ႀကီးမားသည့္စီမံကိန္းျဖစ္သည္ႏွင့္အညီ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ၾကမည့္ စိုက္ပ်ိဳးေရးဦးစီးဌာန၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားမွ တာဝန္ရွိသူမ်ားကလည္း စီမံကိန္းေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ေရးအတြက္ ထိထိေရာက္ေရာက္ တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္သြားၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ စီမံကိန္းဒါ႐ိုက္တာဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအးကိုကို၊ စိုက္ပ်ိဳးေရးဦးစီးဌာနမွ စီမံကိန္းႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပၿပီး ကိုရီးယားရာသီဥတုေျပာင္းလဲမႈဗဟိုဌာန Team Manager Ms. Seohee Sun မွ ႏႈတ္ခြန္းဆက္ စကားေျပာၾကား၍ စြမ္းအားျမႇင့္မီးဖို၏ အသုံးဝင္ပုံအား ျမန္မာႏိုင္ငံစဥ့္အသင္းဦးျမင့္ေအာင္မွ ရွင္းလင္းေဆြးေႏြးကာ စြမ္းအား ျမႇင့္မီးဖို လက္ေတြ႕သ႐ုပ္ျပသျခင္းႏွင့္ မီးဖိုမ်ားျဖန္႔ျဖဴးေရးႏွင့္ပတ္သက္၍ ျပည္နယ္ဦးစီးမႉးဦးတင္ဦးႀကိဳင္၊ စိုက္ပ်ိဳးေရးဌာနမွ ရွင္းလင္းတင္ျပၿပီး၊ ျပည္နယ္စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္က နိဂုံးခ်ဳပ္အမွာစကား ေျပာၾကား ခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++

Korea Climate Change Center တို့ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဇူလိုင်   -   ၂၂

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA) နှင့် ရာသီဥတုပြောင်းလဲမှုဗဟိုဌာန၊ Korea Climate Change Center တို့ပူးပေါင်း ဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ (Inception Workshop) နှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်(၂၂) နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုဗဟိုဌာနတို့ ၂၀၁၉ခုနှစ် မတ်လ(၂၅)ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့မှုအရ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံတွင်း စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း စတင်နိုင်ရန်အတွက် Local Stakeholder များအား စီမံကိန်းနှင့်စပ်လျဉ်းပြီး ရည်ရွယ်ချက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ မျှော်မှန်းရရှိလာမည့်အကျိုးကျေးဇူးများကို စီမံကိန်းနှင့်ဆက်စပ်လျက်ရှိသော ခရိုင် မြို့နယ်များမှ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ခရိုင်/မြို့နယ်အလိုက် တာဝန်ရှိသူများအား အသိပေး ရှင်းလင်းတင်ပြရန် အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြမည့် အခမ်းအနားတစ်ခုဖြစ်ပြီး စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်း ကိုရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၆)ခုတွင် ဆောင်ရွက်သွားမည်ကို သိရှိရပါကြောင်း၊ ခရိုင်မြို့နယ် တာဝန် ရှိသူများမှ မရှင်းလင်းသည့်အချက်များအား သိရှိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာ ပါဝင်ဆွေးနွေးကြရန်နှင့် (၇)နှစ် စီမံကိန်းဖြစ်ပြီး ကြီးမားသည့်စီမံကိန်းဖြစ်သည်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများကလည်း စီမံကိန်းအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ထိထိရောက်ရောက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ စီမံကိန်းဒါရိုက်တာဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန Team Manager Ms. Seohee Sun မှ နှုတ်ခွန်းဆက် စကားပြောကြား၍ စွမ်းအားမြှင့်မီးဖို၏ အသုံးဝင်ပုံအား မြန်မာနိုင်ငံစဉ့်အသင်းဦးမြင့်အောင်မှ ရှင်းလင်းဆွေးနွေးကာ စွမ်းအား မြှင့်မီးဖို လက်တွေ့သရုပ်ပြသခြင်းနှင့် မီးဖိုများဖြန့်ဖြူးရေးနှင့်ပတ်သက်၍ ပြည်နယ်ဦးစီးမှူးဦးတင်ဦးကြိုင်၊ စိုက်ပျိုးရေးဌာနမှ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 73 guests and no members online