၂၀၁၉ ခုႏွစ္ ေတာင္ႀကီးဇုန္အဆင့္ တကၠသိုလ္မ်ား အမ်ိဳးသား/အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ဇူလိုင္   −   ၂၂

172

၂၀၁၉ ခုႏွစ္ ေတာင္ႀကီးဇုန္အဆင့္ တကၠသိုလ္မ်ား အမ်ိဳးသား/အမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားကို ဇူလိုင္ (၂၂)ရက္ နံနက္(၈)နာရီက ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ရွမ္းျပည္နယ္ေဘာလုံးကြင္း၌ က်င္းပခဲ့ေၾကာင္းသိရသည္။ 

ဖြင့္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ လၽွပ္စစ္ႏွင့္ စက္မႈလက္မႈဝန္ႀကီး ဦးစိုင္းရွဲတစ္လုံ၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာန လက္/ၫႊန္ၾကားေရးမႉး ဦးတင္ျမင့္၊ ျပည္နယ္/ခ႐ိုင္/ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ေတာင္ႀကီးတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာမူမူျမင့္၊ ဒုပါေမာကၡခ်ဳပ္ ေဒါက္တာ ဝင္းဝင္းအိ၊ သတၱေဗဒဌာန ပါေမာကၡ(ဌာနမႉး) ေဒါက္တာႏြယ္ႏြယ္စန္း၊ ဘူမိေဗဒဌာန ပါေမာကၡ(ဌာနမႉး) ေဒါက္တာသန္းစိန္ ႏွင့္ဆရာ/မမ်ား၊  ေတာင္ႀကီးေဒသတကၠသိုလ္/က်ိဳင္းတုံေဒသတကၠသိုလ္/လြိဳင္ေကာ္ေဒသတကၠသိုလ္/ပင္လုံေဒသတကၠသိုလ္/ လား႐ႈိးေဒသတကၠသိုလ္ စသည့္တကၠသိုလ္အသီးသီးမွ အသင္းအုပ္ခ်ဳပ္သူဆရာ/မမ်ား၊ ၿပိဳင္ပြဲဝင္အားကစားသမား ေက်ာင္းသား/သူမ်ား၊ စုစုေပါင္း(၁၅၀)ဦးခန္႔ တက္ေရာက္ခဲ့ၿပီး၊  ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းမွ အဖြင့္အမွာစကားေျပာၾကားၿပီး၊ ၿပိဳင္ပြဲအားကစားသမားမ်ားမွ အားကစားအဓိ႒ာန္႐ြတ္ဆိုၾကသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ တာဝန္ရွိသူမ်ားမွ ၿပိဳင္ပြဲဝင္ အားကစားသမားမ်ားအား လိုက္လံႏႈတ္ဆက္ၿပီး၊ လြိဳင္ေကာ္တကၠသိုလ္ အမ်ိဳးသားအသင္းႏွင့္ ေတာင္ႀကီးတကၠသိုလ္ အမ်ိဳးသားအသင္းတို႔ ဖြင့္ပြဲ ပြဲစဥ္အေနျဖင့္ ယွဥ္ၿပိဳင္ကစားေနမႈမ်ား ၾကည့္႐ူအားေပးသည္။ 

၎ ၂၀၁၉ခုႏွစ္ ေတာင္ႀကီးဇုန္တကၠသိုလ္မ်ား အမ်ိဳးသား/အမ်ိဳးသမီးေဘာ္လုံးၿပိဳင္ပြဲတြင္ ေဒသအသီးသီးမွ အမ်ိဳးသား အသင္း(၃)သင္း၊ အမ်ိဳးသမီးအသင္း(၅)သင္းတို႔မွ ဩဂုတ္လ(၁)ရက္ေန႔ထိ အသီးသီးယွဥ္ၿပိဳင္ကစားသြားၾကမည္ ျဖစ္ေၾကာင္း သိရွိရသည္။

အစရ(ရွမ္း)

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++

၂၀၁၉ ခုနှစ် တောင်ကြီးဇုန်အဆင့် တက္ကသိုလ်များ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇူလိုင်   −   ၂၂

၂၀၁၉ ခုနှစ် တောင်ကြီးဇုန်အဆင့် တက္ကသိုလ်များ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် (၂၂)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်ဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။ 

ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းရှဲတစ်လုံ၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန လက်/ညွှန်ကြားရေးမှူး ဦးတင်မြင့်၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်၊ ဒုပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိ၊ သတ္တဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာနွယ်နွယ်စန်း၊ ဘူမိဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသန်းစိန် နှင့်ဆရာ/မများ၊  တောင်ကြီးဒေသတက္ကသိုလ်/ကျိုင်းတုံဒေသတက္ကသိုလ်/လွိုင်ကော်ဒေသတက္ကသိုလ်/ပင်လုံဒေသတက္ကသိုလ်/ လားရှိုးဒေသတက္ကသိုလ် စသည့်တက္ကသိုလ်အသီးသီးမှ အသင်းအုပ်ချုပ်သူဆရာ/မများ၊ ပြိုင်ပွဲဝင်အားကစားသမား ကျောင်းသား/သူများ၊ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲအားကစားသမားများမှ အားကစားအဓိဋ္ဌာန်ရွတ်ဆိုကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး၊ လွိုင်ကော်တက္ကသိုလ် အမျိုးသားအသင်းနှင့် တောင်ကြီးတက္ကသိုလ် အမျိုးသားအသင်းတို့ ဖွင့်ပွဲ ပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်ကစားနေမှုများ ကြည့်ရူအားပေးသည်။ 

၎င်း ၂၀၁၉ခုနှစ် တောင်ကြီးဇုန်တက္ကသိုလ်များ အမျိုးသား/အမျိုးသမီးဘော်လုံးပြိုင်ပွဲတွင် ဒေသအသီးသီးမှ အမျိုးသား အသင်း(၃)သင်း၊ အမျိုးသမီးအသင်း(၅)သင်းတို့မှ ဩဂုတ်လ(၁)ရက်နေ့ထိ အသီးသီးယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း သိရှိရသည်။

အစရ(ရှမ်း)