ကမၻာ့မိခင္ႏို႔တိုက္ေကၽြးေရး ရက္သတၱပတ္ႏွင့္ အာဟာရဖြံ႕ၿဖိဳးေရး ရက္သတၱပတ္မ်ား လႈပ္ရွားမႈအႀကိဳၫွိႏႈိင္း

ေတာင္ႀကီး ဇူလိုင္   −   ၂၃

173

၂၀၁၉ခုႏွစ္ ကမၻာ့မိခင္ႏို႔တိုက္ေကၽြးေရး ရက္သတၱပတ္ႏွင့္ အာဟာရဖြံ႕ၿဖိဳးေရး ရက္သတၱပတ္မ်ားလႈပ္ရွားမႈ ဗဟိုအဆင့္ ဖြင့္ပြဲအခမ္းအနားႏွင့္ လူထုလႈပ္ရွားမႈမ်ားေဆာင္႐ြက္ႏိုင္ေရး အႀကိဳၫွိႏႈိင္းအစည္းအေဝးကို ဇူလိုင္(၂၃)ရက္ နံနက္(၉)နာရီခြဲက ရွမ္းျပည္နယ္ကုသေရးႏွင့္ ျပည္သူ႕က်န္းမာေရးဦးစီးဌာန႐ုံး၌ က်င္းပသည္။

အစည္းအေဝးက်င္းပရျခင္း၏ရည္႐ြယ္ခ်က္ကို ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမင့္ျမင့္သန္း(ျပည္သူ႕က်န္းမာ) ကရွင္းလင္းေျပာၾကားၿပီး အာဟာရဖြံ႕ၿဖိဳးေရးရက္သတၱပတ္အစီအစဥ္မ်ားကို ၫႊန္ၾကားေရးမႉး ေဒါက္တာလြင္မာလႈိင္ (တာဝန္/ အာဟာရ) မွရွင္းလင္းတင္ျပရာ အာဟာရဖြံ႕ၿဖိဳးေရးအတြက္ က်န္းမာေရးက႑အျပင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ပညာေရး၊ လူမႈ ကာကြယ္ေစာင့္ေရွာက္ေရး စသည့္ဆက္စပ္က႑မ်ားမွ ပူးေပါင္းပါဝင္မွသာ ေအာင္ျမင္ႏိုင္မည္ျဖစ္ေၾကာင္း အာဟာရ ဖြံ႕ၿဖိဳးေရးသည္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အဓိကက်ေသာအခန္းက႑မွ ပါဝင္ေၾကာင္းရွင္းလင္းသြားသည္။

ဆက္လက္၍ အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားကို ေဒါက္တာျမင့္ျမင့္ အဖြဲ႕ေခါင္းေဆာင္ဆရာဝန္(အာဟာရ)မွ တင္ျပြပီး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမင့္ျမင့္သန္း(ျပည္သူ႕က်န္းမာ)ကနိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအကြိုညှိနှိုင်း

တောင်ကြီး ဇူလိုင်   −   ၂၃

၂၀၁၉ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနားနှင့် လူထုလှုပ်ရှားမှုများဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၂၃)ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အစည်းအဝေးကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း(ပြည်သူ့ကျန်းမာ) ကရှင်းလင်းပြောကြားပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အစီအစဉ်များကို ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင် (တာဝန်/ အာဟာရ) မှရှင်းလင်းတင်ပြရာ အာဟာရဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးကဏ္ဍအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ လူမှု ကာကွယ်စောင့်ရှောက်ရေး စသည့်ဆက်စပ်ကဏ္ဍများမှ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း အာဟာရ ဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ကြောင်းရှင်းလင်းသွားသည်။

ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို ဒေါက်တာမြင့်မြင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်(အာဟာရ)မှ တင်ပြြပီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း(ပြည်သူ့ကျန်းမာ)ကနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943