ရှမ်းပြည်နယ်သတင်းများ

၂၀၁၉ ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲက်င္းပ

လား႐ႈိး ဇူလိုင္   −   ၂၄

174

၂၀၁၉ ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လား႐ႈိးၿမိဳ႕၊ ရပ္ကြက္(၁၂)ရွိ ေလ့က်င့္ေရးအားကစား႐ုံတြင္  ဇူလိုင္လ(၂၃)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က  က်င္းပျပဳလုပ္ခဲ့ သည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕  ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားၿပီး၊ ျမန္မာ ႏိုင္ငံ အိုလံပစ္ေကာ္မတီ ဒုတိယဥကၠဌ၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္က ႏႈတ္ခြန္းဆက္အမွာစကား ေျပာၾကားသည္။

ယင္းေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအး၊ ျမန္မာႏိုင္ငံ အိုလံပစ္ေကာ္မတီ ဒုတိယဥကၠဌ ၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားက အားကစားသမားမ်ားအား လိုက္လံႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ ေအာင္ႏိုင္ေရးအလႉေငြမ်ားကို ေစတနာရွင္၊ အလႉရွင္မ်ားကေပးအပ္ရာ တာဝန္ရွိသူမ်ားက လက္ခံရယူၿပီး တိုင္းရင္းသားယဥ္ေက်းမႈအကအဖြဲ႕၊ နည္းပညာတကၠသိုလ္အကအဖြဲ႕၊ ပညာေရးေကာလိပ္သ႐ုပ္ျပအဖြဲ႕၊ SAKURA အကအဖြဲ႕၊ ကိုးကန္႔ယဥ္ေက်းမႈအကအဖြဲ႕ ၊ ဘင္ခရာအဖြဲ႕တို႔က သ႐ုပ္ျပေဖ်ာ္ေျဖခဲ့ၾကသည္။

ယင္းေနာက္ အမ်ိဳးသမီးအားကစားအဖြဲ႕ခ်ဳပ္မွ ကိုယ္ကာယေလ့က်င့္ခန္းမ်ားကို ဂီတသံစဥ္မ်ားျဖင့္ သ႐ုပ္ျပသရာ တက္ေရာက္လာသူမ်ားက လိုက္ပါေဆာင္႐ြက္ခဲ့ၾကၿပီးေနာက္ ၂၀၁၉ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲ ပထမဆုံးပြဲစဥ္အျဖစ္ ရွမ္းျပည္နယ္အသင္းႏွင့္ ကရင္ျပည္နယ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကသည္။

၂၀၁၉ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲႀကီးတြင္ အမ်ိဳးသား (၁၃)သင္း၊ အမ်ိဳးသမီး(၁၂)သင္း ပါဝင္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး၊ (၅)ေယာက္တြဲအမ်ိဳးသား ဘတ္စကက္ေဘာၿပိဳင္ပြဲတြင္ အုပ္စု(က) ရွမ္း၊ ကယား၊ ကရင္၊ ဧရာဝတီ၊ အုပ္စု(ခ) ရန္ကုန္၊ တနသၤာရီ၊ ပဲခူး၊ အုပ္စု(ဂ) ကခ်င္၊ စစ္ကိုင္း၊ ရခိုင္၊ အုပ္စု(ဃ) မႏၲေလး၊ မြန္၊ မေကြး တို႔ပါဝင္ယွဥ္ၿပိဳင္ ၾကမည္ျဖစ္ၿပီး အမ်ိဳးသမီး ဘတ္စကက္ေဘာၿပိဳင္ပြဲတြင္ အုပ္စု(က) စစ္ကိုင္း၊ တနသၤာရီ၊ ကယား၊ အုပ္စု(ခ) မေကြး၊ ရခိုင္၊ မႏၲေလး၊ အုပ္စု(ဂ) ရွမ္း၊ ပဲခူး၊ ဧရာဝတီ၊ အုပ္စု(ဃ) ရန္ကုန္၊ မြန္၊ ကရင္၊ (၃)ေယာက္တြဲ ဘတ္စကက္ေဘာၿပိဳင္ပြဲ အမ်ိဳးသားၿပိဳင္ပြဲတြင္ အုပ္စု(က) ဧရာဝတီ၊ တနသၤာရီ၊ စစ္ကိုင္း၊ အုပ္စု(ခ) မြန္၊ ကယား၊ ရန္ကုန္၊ အုပ္စု(ဂ) ကရင္၊ ကခ်င္၊ ရွမ္း၊ အုပ္စု(ဃ) မေကြး၊ မႏၲေလး၊ ပဲခူး၊ အမ်ိဳးသမီးၿပိဳင္ပြဲတြင္ အုပ္စု(က) ရန္ကုန္၊ ဧရာဝတီ၊ ကခ်င္၊ အုပ္စု(ခ) ပဲခူး၊ မြန္၊ ရွမ္း၊ အုပ္စု(ဂ) စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ အုပ္စု(ဃ) ကယား၊ တနသၤာရီ တို႔ယွဥ္ၿပိဳင္ကစားၾကမည္ျဖစ္ေၾကာင္း သိရသည္။

အစရ(ရွမ္း)

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲကျင်းပ

လားရှိုး ဇူလိုင်   −   ၂၄

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ လေ့ကျင့်ရေးအားကစားရုံတွင်  ဇူလိုင်လ(၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့  ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ပြည်နယ်ဝန်ကြီးများက အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် အောင်နိုင်ရေးအလှူငွေများကို စေတနာရှင်၊ အလှူရှင်များကပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့၊ နည်းပညာတက္ကသိုလ်အကအဖွဲ့၊ ပညာရေးကောလိပ်သရုပ်ပြအဖွဲ့၊ SAKURA အကအဖွဲ့၊ ကိုးကန့်ယဉ်ကျေးမှုအကအဖွဲ့ ၊ ဘင်ခရာအဖွဲ့တို့က သရုပ်ပြဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကိုယ်ကာယလေ့ကျင့်ခန်းများကို ဂီတသံစဉ်များဖြင့် သရုပ်ပြသရာ တက်ရောက်လာသူများက လိုက်ပါဆောင်ရွက်ခဲ့ကြပြီးနောက် ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲကြီးတွင် အမျိုးသား (၁၃)သင်း၊ အမျိုးသမီး(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ (၅)ယောက်တွဲအမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲတွင် အုပ်စု(က) ရှမ်း၊ ကယား၊ ကရင်၊ ဧရာဝတီ၊ အုပ်စု(ခ) ရန်ကုန်၊ တနင်္သာရီ၊ ပဲခူး၊ အုပ်စု(ဂ) ကချင်၊ စစ်ကိုင်း၊ ရခိုင်၊ အုပ်စု(ဃ) မန္တလေး၊ မွန်၊ မကွေး တို့ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် အုပ်စု(က) စစ်ကိုင်း၊ တနင်္သာရီ၊ ကယား၊ အုပ်စု(ခ) မကွေး၊ ရခိုင်၊ မန္တလေး၊ အုပ်စု(ဂ) ရှမ်း၊ ပဲခူး၊ ဧရာဝတီ၊ အုပ်စု(ဃ) ရန်ကုန်၊ မွန်၊ ကရင်၊ (၃)ယောက်တွဲ ဘတ်စကက်ဘောပြိုင်ပွဲ အမျိုးသားပြိုင်ပွဲတွင် အုပ်စု(က) ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်း၊ အုပ်စု(ခ) မွန်၊ ကယား၊ ရန်ကုန်၊ အုပ်စု(ဂ) ကရင်၊ ကချင်၊ ရှမ်း၊ အုပ်စု(ဃ) မကွေး၊ မန္တလေး၊ ပဲခူး၊ အမျိုးသမီးပြိုင်ပွဲတွင် အုပ်စု(က) ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ အုပ်စု(ခ) ပဲခူး၊ မွန်၊ ရှမ်း၊ အုပ်စု(ဂ) စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ အုပ်စု(ဃ) ကယား၊ တနင်္သာရီ တို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 68 guests and no members online

Latest Updates