မိုင္းရယ္ၿမိဳ႕နယ္ မန္ဖ်က္တြင္ ေက်ာင္းေဆာင္သစ္ လႊဲေျပာင္းေပးအပ္ပြဲက်င္းပ

မိုင္းရယ္ ဇူလိုင္   −   ၂၅

176

မိုင္းရယ္ၿမိဳ႕နယ္ မန္ဖ်က္ေက်း႐ြာအုပ္စု မန္ဖ်က္ေက်း႐ြာရွိ အလကမန္ဖ်က္၌ ေက်ာင္းေဆာင္သစ္လႊဲေျပာင္းေပးအပ္ပြဲ ကိုဇူလိုင္(၂၄)ရက္ နံနက္(၉)နာရီက အဆိုပါေက်ာင္း၌ က်င္းပသည္။

ေက်ာင္းေဆာင္သစ္လႊဲေျပာင္းေပးအပ္ပြဲ ဖြင့္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း၊ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းျမင့္ထူး၊ ျပည္နယ္ပညာေရးမႉး႐ုံးခြဲ ဒုတိယၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္၊ မိုင္းရယ္ၿမိဳ႕နယ္ ပညာေရးမႉး ေဒၚၾကည္ၾကည္ခိုင္ ႏွင့္ရပ္မိရပ္ဖ ဦးစိုင္းခမ္းတို႔က ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၿပီး ေက်ာင္းေဆာင္သစ္အား လွည့္လည္ၾကည့္႐ႈၾကေၾကာင္း သိရသည္။

ဆက္လက္၍ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက အဖြင့္အမွာစကားေျပာၾကား၍ ဗလာစာအုပ္မ်ားကို ေပးအပ္လႉဒါန္းရာ မိုင္းရယ္ၿမိဳ႕နယ္ ပညာေရးမႉးကလက္ခံရယူၿပီး Hom Hway Co.,Ltd မွ အလက မန္ဖ်က္၊ မူလြန္ မန္ပုံ၊ အမကလြယ္ဆိုင္ ေက်ာင္းေဆာင္သစ္မ်ားႏွင့္ ပက္သက္ေသာစာ႐ြက္စာတမ္းမ်ားအား လႊဲေျပာင္းေပးအပ္ရာ မိုင္းရယ္ၿမိဳ႕နယ္ ပညာေရးမႉး ေဒၚၾကည္ၾကည္ခိုင္မွ လက္ခံရယူ၍ အဆိုပါေက်ာင္းမ်ားအတြက္ ဆိုလာျပား၊ ဗီ႐ို၊ အလႉေငြမ်ားကို Hom Hway Co.,Ltd ဥကၠ႒ ဦးစိုင္းၾကဴက ေပးအပ္လႉဒါန္းခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မိုင်းရယ်မြို့နယ် မန်ဖျက်တွင် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကျင်းပ

မိုင်းရယ် ဇူလိုင်   −   ၂၅

မိုင်းရယ်မြို့နယ် မန်ဖျက်ကျေးရွာအုပ်စု မန်ဖျက်ကျေးရွာရှိ အလကမန်ဖျက်၌ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ကိုဇူလိုင်(၂၄)ရက် နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြင့်ထူး၊ ပြည်နယ်ပညာရေးမှူးရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ မိုင်းရယ်မြို့နယ် ပညာရေးမှူး ဒေါ်ကြည်ကြည်ခိုင် နှင့်ရပ်မိရပ်ဖ ဦးစိုင်းခမ်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြား၍ ဗလာစာအုပ်များကို ပေးအပ်လှူဒါန်းရာ မိုင်းရယ်မြို့နယ် ပညာရေးမှူးကလက်ခံရယူပြီး Hom Hway Co.,Ltd မှ အလက မန်ဖျက်၊ မူလွန် မန်ပုံ၊ အမကလွယ်ဆိုင် ကျောင်းဆောင်သစ်များနှင့် ပက်သက်သောစာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ မိုင်းရယ်မြို့နယ် ပညာရေးမှူး ဒေါ်ကြည်ကြည်ခိုင်မှ လက်ခံရယူ၍ အဆိုပါကျောင်းများအတွက် ဆိုလာပြား၊ ဗီရို၊ အလှူငွေများကို Hom Hway Co.,Ltd ဥက္ကဋ္ဌ ဦးစိုင်းကြူက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943