၂၀၁၉ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ထူးခၽြန္ေက်ာင္းသား/သူမ်ားအား ဂုဏ္ျပဳဆုခ်ီးျမႇင့္

ကြမ္းလုံ ဇူလိုင္ - ၂၉

178

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ကြမ္းလုံၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ထူးခၽြန္ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္းအခမ္းအနားကို ဇူလိုင္ ၂၈ ရက္ နံနက္ ၉ နာရီက အေျခခံပညာအထက္တန္းေက်ာင္း (ကြမ္းလုံ)၊ သံလြင္ေဆာင္၌ က်င္းပခဲ့ေၾကာင္းသိရသည္။   

အခမ္းအနားကို အေျခခံပညာအထက္တန္းေက်ာင္း (ကြမ္းလုံ)မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ျမန္မာ့ေက်ာင္း သီခ်င္းျဖင့္ သီဆိုဖြင့္လွစ္ၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးမွ အဖြင့္အမွာစကားေျပာၾကားကာ ဂုဏ္ထူးရ ဘာသာရပ္သင္ဆရာမႏွင့္ ထူးခၽြန္စြာေအာင္ျမင္ေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဂုဏ္ျပဳဆုမ်ားခ်ီးျမႇင့္ခဲ့သည္။ ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးမွ အေျခခံပညာေက်ာင္းမ်ားအတြက္ အားကစားပစၥည္းမ်ား ေထာက္ပံ့ေပးျခင္း တို႔ျပဳလုပ္ခဲ့ၿပီးေနာက္ အထက(ကြမ္းလုံ)မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ဇာတိမာန္သီျခင္းျဖင့္ သီဆိုၿပီး အခမ္းအနားကို ေအာင္ျမင္စြာက်င္းပၿပီးစီးခဲ့သည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ဇနီး၊ ျပည္နယ္ပညာေရးမႉး႐ုံး(႐ုံးခြဲ) လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒၚခင္ဝင္းၾကည္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လူမႈေရးအသင္းအဖြဲ႕ဝင္မ်ား၊  ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ဆရာ၊ ဆရာမႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္းအင္အား(၂၅၀) ဦးခန္႔ တက္ေရာက္ၾကေၾကာင္းသိရသည္။

အစရ(ရွမ္း)

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်

ကွမ်းလုံ ဇူလိုင် - ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ)၊ သံလွင်ဆောင်၌ ကျင်းပခဲ့ကြောင်းသိရသည်။   

အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားကာ ဂုဏ်ထူးရ ဘာသာရပ်သင်ဆရာမနှင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်း တို့ပြုလုပ်ခဲ့ပြီးနောက် အထက(ကွမ်းလုံ)မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီခြင်းဖြင့် သီဆိုပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား(၂၅၀) ဦးခန့် တက်ရောက်ကြကြောင်းသိရသည်။

အစရ(ရှမ်း)