ရှမ်းပြည်နယ်သတင်းများ

ၿမိဳ႕နယ္လုံးကၽြတ္ စုေပါင္းဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲက်င္းပ

ကြမ္းလုံ ဇူလိုင္ - ၂၉

179

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ကြမ္းလုံၿမိဳ႕တြင္ အဌမအႀကိမ္ေျမာက္ ၿမိဳ႕နယ္လုံးကၽြတ္ စုေပါင္းဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲကို ဇူလိုင္ ၂၇ ရက္ နံနက္ ၉ နာရီတြင္ ကြမ္းလုံၿမိဳ႕၊ သာသနာ႔အလင္းေရာင္ တံတားဦးေက်ာင္းတိုက္၌ က်င္းပခဲ့ေၾကာင္းသိရသည္။

အခမ္းအနားကို နေမာတႆသုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့၍ ဖြင့္လွစ္ခဲ့ၿပီး၊ တက္ေရာက္လာေသာ ဧည့္ပရိတ္သတ္ မ်ားက ၿမိဳ႕နယ္သံဃာ့နာယကဥကၠ႒ သာသနာျပဳ(ဗဟို) ေက်ာင္းတိုက္ဆရာေတာ္ ဦးဉာဏိကထံမွ ငါးပါးသီလခံယူ ေဆာက္တည္ျခင္း၊ ဆရာေတာ္၊ သံဃာေတာ္မ်ားထံမွ ပရိတ္တရားေတာ္မ်ားနာယူျခင္း၊ ေစတနာရွင္အလႉရွင္မ်ားမွ ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းျခင္းမ်ားျပဳလုပ္ခဲ့ၿပီး၊ လႉဒါန္းမႈအစုစုအတြက္ ၿမိဳ႕နယ္သံဃာ့နာယကဥကၠ႒ သာသနာျပဳ(ဗဟို) ေက်ာင္းတိုက္ဆရာေတာ္ ဦးဉာဏိကထံမွ အႏုေမာဓနာတရားေတာ္ႏွင့္ ေရစက္ခ်တရားနာယူၿပီး ဆရာေတာ္သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းၾကေၾကာင္းသိရသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ဇနီး၊ ျပည္နယ္အားကစားႏွင့္ ကာယ ပညာဦးစီးဌာနမႉး၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လူမႈေရးအသင္းအဖြဲ႕ဝင္မ်ား၊  ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရး မႉးမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မ်ား၊ ေစတနာရွင္အလႉရွင္မ်ား စုစုေပါင္းအင္အား(၂၅၀) ဦးခန္႔ တက္ေရာက္ၾကေၾကာင္းသိရသည္။

အစရ(ရွမ္း)

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကွမ်းလုံ ဇူလိုင် - ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့တွင် အဌမအကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီတွင် ကွမ်းလုံမြို့၊ သာသနာ့အလင်းရောင် တံတားဦးကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ တက်ရောက်လာသော ဧည့်ပရိတ်သတ် များက မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ သာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော် ဦးဉာဏိကထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူခြင်း၊ စေတနာရှင်အလှူရှင်များမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ပြီး၊ လှူဒါန်းမှုအစုစုအတွက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ သာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော် ဦးဉာဏိကထံမှ အနုမောဓနာတရားတော်နှင့် ရေစက်ချတရားနာယူပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ စုစုပေါင်းအင်အား(၂၅၀) ဦးခန့် တက်ရောက်ကြကြောင်းသိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 120 guests and no members online