ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ လုပ္ငန္းၫွိႏႈိင္း အစည္းအေဝးက်င္းပ

shan-news-20190730

ေတာင္ႀကီး ဇူလိုင္   −   ၃၀

ရွမ္းျပည္နယ္လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ လုပ္ငန္းၫွိႏႈိင္း အစည္းအေဝးအမွတ္စဥ္(၄/၂၀၁၉)ကို ဇူလိုင္(၃၀)ရက္ နံနက္(၉)နာရီခြဲက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရ႐ုံး အစည္းအေဝး ခန္းမ၌ က်င္းပသည္။

ရွမ္းျပည္နယ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ ဥကၠ႒ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ႐ုံး၏ (၅−၂−၂၀၁၉) ရက္စြဲပါအမိန္႔ ေၾကာ္ျငာစာအမွတ္(၂၁/၂၀၁၉)ျဖင့္ ျပင္ဆင္ဖြဲ႕စည္းထားရွိၿပီးျဖစ္ေၾကာင္း၊ ဥပေဒမဲ့သိမ္းဆည္းထားေသာလယ္ယာေျမမ်ား ျပန္လည္ရရွိေရး ေလ်ာ္ေၾကး/နစ္နာေၾကး ရရွိေရးတို႔ကို ဥပေဒႏွင့္အညီေဆာင္႐ြက္ႏိုင္ရန္ က႑တစ္ရပ္အေနျဖင့္ ပါဝင္ ေသာေၾကာင့္ ေကာ္မတီအဆင့္ဆင့္၏ စိစစ္ေတြ႕ရွိခ်က္၊ သေဘာထားမွတ္ခ်က္မ်ားအေပၚအေျခခံကာ မွန္မွန္ကန္ကန္ ေဆာင္႐ြက္ေပးၾကရန္ လိုအပ္ပါေၾကာင္း၊ စြန္႔လႊတ္ေျမမ်ားႏွင့္ပတ္သက္၍ ေႏွာင့္ေႏွးၾကန္႔ၾကာမႈမရွိေစပဲ မူလပိုင္ရွင္မ်ားထံ အျမန္ဆုံးအပ္ႏွံသြားရန္ႏွင့္ မစြန္႔လႊတ္ရေသးသည့္သိမ္းဆည္းေျမမ်ားအေပၚ ေကာ္မတီအဆင့္ဆင့္က ထိထိေရာက္ေရာက္စိစစ္ ေပးၾကရန္၊ စြန္႔လႊတ္ေျမမ်ားကို မသက္ဆိုင္သူမ်ားလက္ဝယ္သို႔ ေရာက္ရွိျခင္းမရွိေစရန္ႏွင့္ သက္ဆိုင္သူေတာင္သူမ်ားထံသို႔သာ အျမန္ဆုံးေရာက္ရွိေရးစိစစ္ေပးၾကရန္၊ စြန္႔လႊတ္ေျမမ်ားေပၚတြင္က်ဴးေက်ာ္ဝင္ေရာက္မႈမ်ားကို ဥပေဒႏွင့္အညီရွင္းလင္းေပးၾက ရန္၊ ေတာင္သူမ်ားထံ လႊဲေျပာင္းအပ္ႏွံၿပီးေျမမ်ားကို အသုံးခ်ပိုင္ခြင့္ အမည္ေပါက္ရရွိေစေရးတို႔အတြက္ လယ္ယာေျမႏွင့္ အျခား ေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးကိစၥႏွင့္ ပတ္သက္၍ ေရွ႕ဆက္ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္(၅)ရပ္ကို ႏိုင္ငံေတာ္သမၼတႀကီးက လမ္းၫႊန္ခ်က္ခ်မွတ္ထားရွိၿပီးျဖစ္ေၾကာင္း၊ လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီက ေပးပို႔လာေသာအမႈတြဲေပါင္း(၆၂၄)မႈအေပၚ ခ႐ိုင္ေျမစစ္ေကာ္မတီမ်ားမွ စိစစ္တင္ျပရန္ က်န္ရွိေနေသာ အမႈကိစၥေပါင္း(၁၀၈)မႈကို ဗဟိုေကာ္မတီကခ်မွတ္ထားေသာ မူဝါဒမ်ား၊ လမ္းစဥ္မ်ားႏွင့္အညီ မွန္မွန္ကန္ကန္ ျမန္ျမန္ဆန္ဆန္ စိစစ္ေျဖရွင္းေဆာင္႐ြက္ေပးၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ၊ တြဲဖက္အတြင္းေရးမႉး၊ လယ္ယာေျမစီမံခန္႔ခြဲမႈႏွင့္ စာရင္းအင္းဦးစီးဌာန ၫႊန္ၾကားေရးမႉးဦးဆန္းဝင္းက အမႈတစ္မႈခ်င္း အလိုက္ေဆြးေႏြးေျပာၾကားၿပီး၊ တက္ေရာက္လာသည့္ ျပည္နယ္ေျမစစ္ေကာ္မတီဝင္ မ်ားႏွင့္ ခ႐ိုင္ေျမစစ္ေကာ္မတီဥကၠ႒၊ တြဲဖက္အတြင္းေရးမႉးမ်ားက ေဆြးေႏြးတင္ျပ၍ အေထြေထြ ေဆြးေႏြးၾကကာ ရွမ္းျပည္နယ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီဥကၠ႒ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဇူလိုင်   −   ၃၀

ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၄/၂၀၁၉)ကို ဇူလိုင်(၃၀)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ (၅−၂−၂၀၁၉) ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၂၁/၂၀၁၉)ဖြင့် ပြင်ဆင်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ဥပဒေမဲ့သိမ်းဆည်းထားသောလယ်ယာမြေများ ပြန်လည်ရရှိရေး လျော်ကြေး/နစ်နာကြေး ရရှိရေးတို့ကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင် သောကြောင့် ကော်မတီအဆင့်ဆင့်၏ စိစစ်တွေ့ရှိချက်၊ သဘောထားမှတ်ချက်များအပေါ်အခြေခံကာ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စွန့်လွှတ်မြေများနှင့်ပတ်သက်၍ နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ မူလပိုင်ရှင်များထံ အမြန်ဆုံးအပ်နှံသွားရန်နှင့် မစွန့်လွှတ်ရသေးသည့်သိမ်းဆည်းမြေများအပေါ် ကော်မတီအဆင့်ဆင့်က ထိထိရောက်ရောက်စိစစ် ပေးကြရန်၊ စွန့်လွှတ်မြေများကို မသက်ဆိုင်သူများလက်ဝယ်သို့ ရောက်ရှိခြင်းမရှိစေရန်နှင့် သက်ဆိုင်သူတောင်သူများထံသို့သာ အမြန်ဆုံးရောက်ရှိရေးစိစစ်ပေးကြရန်၊ စွန့်လွှတ်မြေများပေါ်တွင်ကျူးကျော်ဝင်ရောက်မှုများကို ဥပဒေနှင့်အညီရှင်းလင်းပေးကြ ရန်၊ တောင်သူများထံ လွှဲပြောင်းအပ်နှံပြီးမြေများကို အသုံးချပိုင်ခွင့် အမည်ပေါက်ရရှိစေရေးတို့အတွက် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကိစ္စနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၅)ရပ်ကို နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်ချက်ချမှတ်ထားရှိပြီးဖြစ်ကြောင်း၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက ပေးပို့လာသောအမှုတွဲပေါင်း(၆၂၄)မှုအပေါ် ခရိုင်မြေစစ်ကော်မတီများမှ စိစစ်တင်ပြရန် ကျန်ရှိနေသော အမှုကိစ္စပေါင်း(၁၀၈)မှုကို ဗဟိုကော်မတီကချမှတ်ထားသော မူဝါဒများ၊ လမ်းစဉ်များနှင့်အညီ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စိစစ်ဖြေရှင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အမှုတစ်မှုချင်း အလိုက်ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသည့် ပြည်နယ်မြေစစ်ကော်မတီဝင် များနှင့် ခရိုင်မြေစစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးများက ဆွေးနွေးတင်ပြ၍ အထွေထွေ ဆွေးနွေးကြကာ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 66 guests and no members online