ရှမ်းပြည်နယ်သတင်းများ

၂၀၁၉ခုႏွစ္ လား႐ႈိးၿမိဳ႕တြင္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပျပဳလုပ္ေသာ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲ က်င္းပ

လား႐ႈိး ဇူလိုင္   -   ၃၀

181

လား႐ႈိးၿမိဳ႕၊ ရပ္ကြက္(၁၂)ရွိ ေလ့က်င့္ေရးအားကစား႐ုံ၌ ဇူလိုင္(၂၉)ရက္ ညေန(၄)နာရီအခ်ိန္က လား႐ႈိးၿမိဳ႕တြင္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပျပဳလုပ္ေသာ ၂၀၁၉ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲ အခမ္းအနား က်င္းပသည္။ 

ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယ ပညာေကာ္မတီဥကၠဌ ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူေဇာ္၊ ျမန္မာႏိုင္ငံ ဘတ္စကက္ေဘာ အဖြဲ႕ခ်ဳပ္ဒုတိယဥကၠဌ ဦးျမင့္သိန္း၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ အားကစားႏွင့္ ကာယပညာဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးမ်ိဳးလႈိင္၊ လား႐ႈိးတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာေက်ာ္ထြန္းႏွင့္ တြဲဘက္ျပည္နယ္အဆင့္ တာဝန္ရွိ လူႀကီးမင္းမ်ားက ၿပိဳင္ပြဲမွ ဆုရရွိအသင္းမ်ားအား အသီးသီးဆုမ်ား ခ်ီးျမႇင့္ခဲ့ၾကသည္။ 

အမ်ိဳးသမီး(3on3) အသင္းလိုက္ၿပိဳင္ပြဲမွ ပထမဆုရ ပဲခူးတိုင္းေဒသႀကီးအသင္း၊ ဒုတိယဆုရ စစ္ကိုင္းတိုင္းေဒသႀကီး၊ တတိယဆုရ မေကြးတိုင္းေဒသႀကီး၊ အမ်ိဳးသား (3on3) အသင္းလိုက္ၿပိဳင္ပြဲမွ ပထမဆုရ ရွမ္းျပည္နယ္၊ ဒုတိယဆုရ ရန္ကုန္တိုင္းေဒသႀကီး၊ တတိယဆုရ ကခ်င္ျပည္နယ္ အသင္းတို႔အား တစ္ဦးခ်င္းဆုဆြဲျပားႏွင့္ ဆုေၾကးေငြအားလည္းေကာင္း၊ အမ်ိဳးသမီး(5on5) အသင္းလိုက္ၿပိဳင္ပြဲမွ ပထမဆုရ စစ္ကိုင္းတိုင္းေဒသႀကီးအသင္း၊ ဒုတိယဆုရ ရွမ္းျပည္နယ္အသင္း၊ တတိယဆုရ မေကြးတိုင္းေဒသႀကီးအသင္းႏွင့္ ပူးတြဲ တတိယဆုရ ကရင္ျပည္နယ္အသင္းတို႔အား လည္းေကာင္း၊ အမ်ိဳးသား (5on5)အသင္းလိုက္ၿပိဳင္ပြဲမွ ပထမဆုရ ရွမ္းျပည္နယ္အသင္း၊ ဒုတိယဆုရ မႏၲေလးတိုင္းေဒသႀကီးအသင္း၊ တတိယဆုရ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ပူးတြဲတတိယဆုရ ကရင္ျပည္နယ္ အသင္းတို႔အားလည္းေကာင္း၊ အမ်ိဳးသမီးအထူးခၽြန္ဆုံး အားကစားသမားဆုအား စစ္ကိုင္းတိုင္းေဒသႀကီးမွ ေက်ာနံပတ္(၁၆) မအိအိထြန္း၊ အမ်ိဳးသားအထူးခၽြန္ဆုံး အားကစားသမား ဆုအား ရွမ္းျပည္နယ္မွ ေက်ာနံပတ္(၁၀) ေမာင္ေအာင္ျမင့္ကလည္းေကာင္း၊ အတိုးတက္ဆုံး အမ်ိဳးသား၊ အမ်ိဳးသမီး အားကစားအသင္း ဆုဖလားအား ကရင္ျပည္နယ္ကလည္းေကာင္း၊ တံခြန္စိုက္ဖလားမ်ား ခ်ီးျမႇင့္ရာ၌ အမ်ိဳးသမီး(3on3) အသင္းလိုက္ၿပိဳင္ပြဲမွ ပထဆုရရွိေသာ ပဲခူးတိုင္းေဒသႀကီး၊ အမ်ိဳးသား (3on3)အသင္းလိုက္ၿပိဳင္ပြဲမွ ပထမဆုရ ရွမ္းျပည္နယ္၊ အမ်ိဳးသမီး(5on5) အသင္းလိုက္ၿပိဳင္ပြဲမွ စစ္ကိုင္းတိုင္းေဒသႀကီး၊ အမ်ိဳးသား(5on5)အသင္းလိုက္ၿပိဳင္ပြဲမွ ပထမဆုရ ရွမ္းျပည္နယ္အသင္းတို႔အား တံခြန္စိုက္ဆုဖလားမ်ားကို ခ်ီးျမႇင့္ေပးအပ္ခဲ့ၾကပါသည္။ 

အမ်ိဳးသား၊ အမ်ိဳးသမီး(3on3) အသင္းလိုက္ၿပိဳင္ပြဲ၌ ပထမဆုက်ပ္(၂)သိန္း၊ ဒုတိယဆုက်ပ္(၁)သိန္း ခြဲ၊ တတိယဆု က်ပ္(၁)သိန္း၊ အမ်ိဳးသား၊ အမ်ိဳးသမီး (5on5)သင္းလိုက္ၿပိဳင္ပြဲ၌ ပထမဆုက်ပ္(၁၀)သိန္း၊ ဒုတိယဆုက်ပ္ (၇)သိန္း၊ တတိယဆု က်ပ္(၅)သိန္းတို႔ႏွင့္အတူ အထူးခၽြန္ဆုံးအားကစားသမားဆုကို က်ပ္(၁)သိန္း ခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရွရသည္။

ဟန္ေဌး(လား႐ႈိး) ခ႐ိုင္ျပန္/ဆက္

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၂၀၁၉ခုနှစ် လားရှိုးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

လားရှိုး ဇူလိုင်   -   ၃၀

လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ဇူလိုင်(၂၉)ရက် ညနေ(၄)နာရီအချိန်က လားရှိုးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပသည်။ 

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကျော်ထွန်းနှင့် တွဲဘက်ပြည်နယ်အဆင့် တာဝန်ရှိ လူကြီးမင်းများက ပြိုင်ပွဲမှ ဆုရရှိအသင်းများအား အသီးသီးဆုများ ချီးမြှင့်ခဲ့ကြသည်။ 

အမျိုးသမီး(3on3) အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆုရ မကွေးတိုင်းဒေသကြီး၊ အမျိုးသား (3on3) အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်၊ ဒုတိယဆုရ ရန်ကုန်တိုင်းဒေသကြီး၊ တတိယဆုရ ကချင်ပြည်နယ် အသင်းတို့အား တစ်ဦးချင်းဆုဆွဲပြားနှင့် ဆုကြေးငွေအားလည်းကောင်း၊ အမျိုးသမီး(5on5) အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ ရှမ်းပြည်နယ်အသင်း၊ တတိယဆုရ မကွေးတိုင်းဒေသကြီးအသင်းနှင့် ပူးတွဲ တတိယဆုရ ကရင်ပြည်နယ်အသင်းတို့အား လည်းကောင်း၊ အမျိုးသား (5on5)အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုရ မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယဆုရ ရန်ကုန်တိုင်းဒေသကြီးနှင့် ပူးတွဲတတိယဆုရ ကရင်ပြည်နယ် အသင်းတို့အားလည်းကောင်း၊ အမျိုးသမီးအထူးချွန်ဆုံး အားကစားသမားဆုအား စစ်ကိုင်းတိုင်းဒေသကြီးမှ ကျောနံပတ်(၁၆) မအိအိထွန်း၊ အမျိုးသားအထူးချွန်ဆုံး အားကစားသမား ဆုအား ရှမ်းပြည်နယ်မှ ကျောနံပတ်(၁၀) မောင်အောင်မြင့်ကလည်းကောင်း၊ အတိုးတက်ဆုံး အမျိုးသား၊ အမျိုးသမီး အားကစားအသင်း ဆုဖလားအား ကရင်ပြည်နယ်ကလည်းကောင်း၊ တံခွန်စိုက်ဖလားများ ချီးမြှင့်ရာ၌ အမျိုးသမီး(3on3) အသင်းလိုက်ပြိုင်ပွဲမှ ပထဆုရရှိသော ပဲခူးတိုင်းဒေသကြီး၊ အမျိုးသား (3on3)အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်၊ အမျိုးသမီး(5on5) အသင်းလိုက်ပြိုင်ပွဲမှ စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသား(5on5)အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားများကို ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။ 

အမျိုးသား၊ အမျိုးသမီး(3on3) အသင်းလိုက်ပြိုင်ပွဲ၌ ပထမဆုကျပ်(၂)သိန်း၊ ဒုတိယဆုကျပ်(၁)သိန်း ခွဲ၊ တတိယဆု ကျပ်(၁)သိန်း၊ အမျိုးသား၊ အမျိုးသမီး (5on5)သင်းလိုက်ပြိုင်ပွဲ၌ ပထမဆုကျပ်(၁၀)သိန်း၊ ဒုတိယဆုကျပ် (၇)သိန်း၊ တတိယဆု ကျပ်(၅)သိန်းတို့နှင့်အတူ အထူးချွန်ဆုံးအားကစားသမားဆုကို ကျပ်(၁)သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှရသည်။

ဟန်ဌေး(လားရှိုး) ခရိုင်ပြန်/ဆက်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 60 guests and no members online

Latest Updates