ရှမ်းပြည်နယ်သတင်းများ

အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ)မွ အေျခခံပညာအထက္တန္းေက်ာင္းအျဖစ္ အဆင့္တိုးျမႇင့္ဖြင့္လွစ္

ေတာင္ႀကီး ဇူလိုင္ - ၃၁

182

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ေအးသာယာၿမိဳ႕၊ အေျခခံပညာအထက္တန္းေက်ာင္း (ခြဲ)မွ အေျခခံပညာအထက္တန္းေက်ာင္းအျဖစ္ အဆင့္တိုးျမႇင့္ျခင္းကို ဇူလိုင္ ၃၁ ရက္ နံနက္ ၉ နာရီက အ.ထ.က (စက္မႈဇုန္) ေအးသာယာၿမိဳ႕၌ က်င္းပသည္။

ဆက္လက္၍ ဖြင့္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္ပညာေရးၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္၊ စက္မႈဇုန္စီမံခန္႔ခြဲေရးဥကၠဌ ဦးဝင္းေသာ္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး ေက်ာင္းဆိုင္းဘုတ္အား ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းက စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးကာ ဆိုင္းဘုတ္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူ တို႔က အေမြးနံသာမ်ား ပတ္ဖ်န္းေပးၾကသည္။

အစီအစဥ္အရ အခမ္းအနား ဒုတိယအပိုင္းတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ႏိုင္ငံေတာ္ႏွင့္ ပညာေရးက႑ကို အထူးအေလးေပးၿပီး အမ်ိဳးသားပညာရည္ ျမင့္မားေရးလုပ္ငန္းမ်ားကို အစီအစဥ္ခ်မွတ္၍ ေက်ာင္းေနအ႐ြယ္ကေလးတိုင္း ေက်ာင္းေနႏိုင္ေရး၊ ႏိုင္ငံသားတိုင္းအေျခခံပညာကို မူလတန္းအဆင့္မွ အလယ္တန္းအဆင့္၊ အထက္တန္းအဆင့္ပညာရပ္မ်ား ျဖင့္ အဆင့္ဆင့္သင္ၾကားခြင့္ရရွိႏိုင္ေရးကို အထူးအေလးထား ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ေက်ာင္းေန အ႐ြယ္ကေလးတိုင္း ပညာသင္ၾကားႏိုင္ေရးအတြက္ ႏိုင္ငံေတာ္က မူလတန္းအဆင့္ ေက်ာင္းသား/ ေက်ာင္းသူမ်ားအား ပုံႏွိပ္စာအုပ္မ်ား၊ ဗလာစာအုပ္မ်ား၊ အလယ္တန္းႏွင့္ အထက္တန္းေက်ာင္းသား/ ေက်ာင္းသူမ်ားအား ပုံႏွိပ္စာအုပ္မ်ားကို အခမဲ့ေဝငွေပးခဲ့ပါေၾကာင္း၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ၏ ပညာေရးအဆင့္အတန္းတိုးတက္ျမင့္မားလာေစေရးအတြက္ ေဆာင္႐ြက္လ်က္ရွိရာ ၂၀၁၉-၂၀၂၀ ပညာ သင္ႏွစ္တြင္ ေတာင္ႀကီးၿမိဳ႕နယ္အတြင္း အ.ထ.က (ခြဲ)မွ အ.ထ.က အဆင့္သို႔ (၁)ေက်ာင္း၊ အ.လ.က မွ အ.ထ.က (ခြဲ)အဆင့္သို႔ (၄)ေက်ာင္း၊ အ.လ.က(ခြဲ)မွ အ.လ.က အဆင့္သို႔ (၇)ေက်ာင္း၊ မူလတန္းလြန္ မွ အ.လ.က (ခြဲ)အဆင့္သို႔ (၁၂)ေက်ာင္း၊ အ.မ.က မွ မူလတန္းလြန္အဆင့္သို႔ (၇)ေက်ာင္း၊ အ.မ.က (ခြဲ)မွ အ.မ.က အဆင့္သို႔ (၁)ေက်ာင္း၊ စုစုေပါင္း (၃၂)ေက်ာင္းကို အသီးသီးအဆင့္တိုးျမႇင့္ေပးခဲ့ပါေၾကာင္း၊ ပညာေရးႏွင့္ပတ္သက္၍ မိမိတို႔ႏိုင္ငံ၏ လူသားအရင္းအျမစ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္အဓိက အခရာက်ေသာ ဆရာ၊ ဆရာမမ်ားအေနျဖင့္ ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈလုပ္ငန္းမ်ားကို ထိေရာက္စြာ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားၾကရန္ႏွင့္ မိမိတို႔၏ ေက်ာင္းဂုဏ္သတင္းမ်ား တိုးတက္ လာေအာင္ ဆရာ/ ဆရာမမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ မိဘဆရာအသင္းမ်ားႏွင့္ ရပ္မိရပ္ဖမ်ား ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားၾကရန္ ေျပာၾကားသြားသည္။

ထို႔ေနာက္ ျပည္နယ္ပညာေရးၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္မွ အမွာစကားေျပာၾကားၿပီး စက္မႈဇုန္ စီမံခန္႔ခြဲေရးေကာ္မတီဥကၠဌ ဦးဝင္းေသာ္က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားကာ ေက်ာင္းအုပ္ ဆရာမႀကီး ေဒၚခင္ျမင့္က ေက်ာင္းသမိုင္းႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပၿပီး အလႉရွင္မ်ားအား ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ကာ အ.ထ.က (စက္မႈဇုန္) ေက်ာင္းအုပ္ဆရာမႀကီး ေဒၚခင္ျမင့္က ဖြင့္ပြဲအထိမ္းအမွတ္အလံႏွင့္ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ အားေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉-၂၅၀၁၃၂၉၄၃

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်

တောင်ကြီး ဇူလိုင် - ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊အေးသာယာမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခြင်းကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီက အ.ထ.က (စက်မှုဇုန်) အေးသာယာမြို့၌ ကျင်းပသည်။

ဆက်လက်၍ ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ စက်မှုဇုန်စီမံခန့်ခွဲရေးဥက္ကဌ ဦးဝင်းသော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆိုင်းဘုတ်အား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့က အမွေးနံသာများ ပတ်ဖျန်းပေးကြသည်။

အစီအစဉ်အရ အခမ်းအနား ဒုတိယအပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်နှင့် ပညာရေးကဏ္ဍကို အထူးအလေးပေးပြီး အမျိုးသားပညာရည် မြင့်မားရေးလုပ်ငန်းများကို အစီအစဉ်ချမှတ်၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ နိုင်ငံသားတိုင်းအခြေခံပညာကို မူလတန်းအဆင့်မှ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ပညာရပ်များ ဖြင့် အဆင့်ဆင့်သင်ကြားခွင့်ရရှိနိုင်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေ အရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်က မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ ကျောင်းသူများအား ပုံနှိပ်စာအုပ်များကို အခမဲ့ဝေငှပေးခဲ့ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ ပညာရေးအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် တောင်ကြီးမြို့နယ်အတွင်း အ.ထ.က (ခွဲ)မှ အ.ထ.က အဆင့်သို့ (၁)ကျောင်း၊ အ.လ.က မှ အ.ထ.က (ခွဲ)အဆင့်သို့ (၄)ကျောင်း၊ အ.လ.က(ခွဲ)မှ အ.လ.က အဆင့်သို့ (၇)ကျောင်း၊ မူလတန်းလွန် မှ အ.လ.က (ခွဲ)အဆင့်သို့ (၁၂)ကျောင်း၊ အ.မ.က မှ မူလတန်းလွန်အဆင့်သို့ (၇)ကျောင်း၊ အ.မ.က (ခွဲ)မှ အ.မ.က အဆင့်သို့ (၁)ကျောင်း၊ စုစုပေါင်း (၃၂)ကျောင်းကို အသီးသီးအဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက်အဓိက အခရာကျသော ဆရာ၊ ဆရာမများအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိရောက်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ ကျောင်းဂုဏ်သတင်းများ တိုးတက် လာအောင် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘဆရာအသင်းများနှင့် ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်မှ အမှာစကားပြောကြားပြီး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးဝင်းသော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြင့်က ကျောင်းသမိုင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အလှူရှင်များအား ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ အ.ထ.က (စက်မှုဇုန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်က ဖွင့်ပွဲအထိမ်းအမှတ်အလံနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 73 guests and no members online