ရှမ်းပြည်နယ်သတင်းများ

လူဦးေရစာရင္းႏွင့္ အခ်က္အလက္မ်ား ေကာက္ယူျပဳစုျခင္း လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးက်င္းပ

ေတာင္ႀကီး ဇူလိုင္   −   ၃၁

183

လူဦးေရစာရင္းႏွင့္ အခ်က္အလက္မ်ား ေကာက္ယူျပဳစုျခင္း ျပည္နယ္အဆင့္လုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ႏွင့္ ျပည္နယ္ (ဒုတိယ)အဆင့္၊ ခ႐ိုင္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ လုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕တို႔၏ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးကို ဇူလိုင္ (၃၁) မြန္းလြဲ(၁)နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံး အစည္းအေဝးခန္းမ၌က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ပူးေပါင္းၿပီး လြန္စြာအေရးႀကီး ေသာအေျခခံလူဦးေရစာရင္း ေကာက္ယူျပဳစုျခင္းႏွင့္ လာမည့္၂၀၂၀ျပည့္ႏွစ္တြင္ က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲႀကီးအတြက္ ႀကိဳတင္ျပင္ဆင္သည့္အေနျဖင့္ ေကာက္ယူရရွိေသာ လူဦးေရစာရင္းမွ အသက္(၁၈)ႏွစ္ ျပည့္ၿပီးတဲ့မဲဆႏၵရွင္မ်ားကို အေျခခံမဲဆႏၵရွင္စာရင္း ျပဳစုႏိုင္ေရးအတြက္ လူဦးေရစာရင္းႏွင့္ အခ်က္အလက္မ်ား ေကာက္ယူ ျပဳစုျခင္းလုပ္ငန္းကို ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၁၉ခုႏွစ္ကို မဲဆႏၵရွင္ စာရင္းျပဳစုေရးႏွစ္အျဖစ္သတ္မွတ္ၿပီး ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ ႏိုင္ငံသားတိုင္းမဲစာရင္းတြင္ပါဝင္ျခင္းျဖင့္ ၎တို႔ရဲ႕ ႏိုင္ငံသား အခြင့္အေရး မဆုံး႐ုံးေစဖို႔၊ မဲဆႏၵရွင္စာရင္းကို တိက်မွန္ကန္ေစေရး ျပဳစုေဆာင္႐ြက္ဖို႔အတြက္ လူဦးေရစာရင္းႏွင့္ အခ်က္အလက္မ်ား ေကာက္ယူျပဳစုျခင္း၊ အေျခခံမဲဆႏၵရွင္ စာရင္းျပဳစုျခင္းဆိုင္ရာ လုပ္ငန္းစီမံခ်က္ကို ေရးဆြဲထားၿပီး ၎ စီမံခ်က္ကို ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ဖို႔ တိုင္းေဒသႀကီး/ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲမ်ားႏွင့္ သက္ဆိုင္ရာ ဌာန မ်ားအားလုံးက ၫွိႏႈိင္းပူးေပါင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနၾကသည္ျဖစ္ေၾကာင္းေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးထင္ေက်ာ္က လူမႈေရးစာရင္းႏွင့္ အခ်က္အလက္မ်ား ေကာက္ယူျပဳစုျခင္း ဆိုင္ရာကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ရွင္းလင္းေျပာၾကားၿပီး ရွမ္းျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕ အင္အားဆိုင္ရာဦးစီးမႉး႐ုံးမွ ၫႊန္ၾကားေရးမႉးဦးဝင္းလြင္က ရွမ္းျပည္နယ္အတြင္း ေဒသအလိုက္ လူဦးေရစာရင္းေကာက္ယူ မည့္အခ်က္အလက္ဆိုင္ရာမ်ားကို Projectorျဖင့္ရွင္းလင္းေဆြးေႏြးတင္ျပသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ အေရွ႕ပိုင္းႏွင့္ ေတာင္ပိုင္းတို႔မွ ဒုတိယျပည္နယ္မႉးမ်ား၊ ခ႐ိုင္မႉးမ်ားႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ လုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ဝင္မ်ားက မိမိတို႔ေဒသအလိုက္ လုပ္ငန္းေဆာင္႐ြက္မည့္ အေျခအေန မ်ားကိုအသီးသီးတင္ျပေဆြးေႏြးၾကသည္။ ဆက္လက္၍ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ႏွင့္ တက္ေရာက္လာၾက သည့္ တာဝန္ရွိသူတို႔က မိမိတို႔ေဒသမ်ားတြင္ ေဆာင္႐ြက္မည့္ လုပ္ငန္းဆိုင္ရာမ်ားကို ေပါင္းစပ္ၫွိႏႈိင္း ေဆြးေႏြးခဲ့ေၾကာင္း သိရွိ ရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး ဇူလိုင်   −   ၃၁

လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း ပြည်နယ်အဆင့်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ် (ဒုတိယ)အဆင့်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် (၃၁) မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ပူးပေါင်းပြီး လွန်စွာအရေးကြီး သောအခြေခံလူဦးရေစာရင်း ကောက်ယူပြုစုခြင်းနှင့် လာမည့်၂၀၂၀ပြည့်နှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကောက်ယူရရှိသော လူဦးရေစာရင်းမှ အသက်(၁၈)နှစ် ပြည့်ပြီးတဲ့မဲဆန္ဒရှင်များကို အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးအတွက် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူ ပြုစုခြင်းလုပ်ငန်းကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ခုနှစ်ကို မဲဆန္ဒရှင် စာရင်းပြုစုရေးနှစ်အဖြစ်သတ်မှတ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းမဲစာရင်းတွင်ပါဝင်ခြင်းဖြင့် ၎င်းတို့ရဲ့ နိုင်ငံသား အခွင့်အရေး မဆုံးရုံးစေဖို့၊ မဲဆန္ဒရှင်စာရင်းကို တိကျမှန်ကန်စေရေး ပြုစုဆောင်ရွက်ဖို့အတွက် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲထားပြီး ၎င်း စီမံချက်ကို အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ ဌာန များအားလုံးက ညှိနှိုင်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေကြသည်ဖြစ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က လူမှုရေးစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးဝင်းလွင်က ရှမ်းပြည်နယ်အတွင်း ဒေသအလိုက် လူဦးရေစာရင်းကောက်ယူ မည့်အချက်အလက်ဆိုင်ရာများကို Projectorဖြင့်ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့မှ ဒုတိယပြည်နယ်မှူးများ၊ ခရိုင်မှူးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များက မိမိတို့ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေ များကိုအသီးသီးတင်ပြဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တက်ရောက်လာကြ သည့် တာဝန်ရှိသူတို့က မိမိတို့ဒေသများတွင် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိ ရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 171 guests and no members online