ကမၻာ့မိခင္ႏို႔တိုက္ေကၽြးေရး ရက္သတၱပတ္ႏွင့္ အာဟာရဖြံ႕ၿဖိဳးေရး ရက္သတၱပတ္မ်ားလႈပ္ရွားမႈ ဗဟိုအဆင့္ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္   −   ၅

187

၂၀၁၉ခုႏွစ္ ကမၻာ့မိခင္ႏို႔တိုက္ေကၽြးေရး ရက္သတၱပတ္ႏွင့္ အာဟာရဖြံ႕ၿဖိဳးေရးရက္သတၱပတ္မ်ားလႈပ္ရွားမႈ ဗဟိုအဆင့္ ဖြင့္ပြဲကို ၾသဂုတ္(၄)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပသည္။

ဆက္လက္၍ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက အမွာစကား ေျပာၾကားၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ေကာက္ယူခဲ့သည့္ ျမန္မာႏိုင္ငံ အဏုအာဟာရႏွင့္အစာစားသုံးမႈအေျခအေနေလ့လာေရး စစ္တမ္း(၂၀၁၇−၂၀၁၈)အရ ရွမ္းျပည္နယ္ရွိ အသက္(၅)ႏွစ္ေအာက္ကေလးမ်ား၏ သုံးပုံတစ္ပုံနီးပါးသည္ ေသြးအားနည္းေရာဂါ(၂၇%)ႏွင့္ ကာလတာရွည္ အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ ပုၫွက္ျခင္း(၃၀%)တို႔ကို ခံစားေနၾကသည္ကို သိရပါေၾကာင္း၊ ရွမ္းျပည္နယ္မွာရွိသည့္ ကေလးမ်ား၏ အာဟာရအေျခအေန တိုးတက္လာေအာင္ ဝိုင္းဝန္းအားထုတ္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ၿပီး၊ ဗဟိုအဆင့္မွဦးေဆာင္၍ အာဟာရဖြံ႕ၿဖိဳးေရးလူထုလႈပ္ရွားမႈမ်ားေဆာင္႐ြက္ၾကရာတြင္ ျပည္နယ္အစိုးရအေနျဖင့္ မိမိတို႔တတ္အားသေ႐ြ႕ ပံ့ပိုးေဆာင္႐ြက္ သြားမွာျဖစ္ၿပီး၊ ျပည္နယ္မွလႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္လည္း မိမိတို႔ေဒသအတြက္ ဝန္ႀကီးဌာနမ်ားႏွင့္ ပူးေပါင္းကာ လႈပ္ရွားမႈမ်ားပံ့ပိုးေဆာင္႐ြက္သြားၾကရန္ႏွင့္ ျပည္နယ္အတြင္း အာဟာရျပည့္ဝက်န္းမာၿပီး၊ ဉာဏ္ရည္ထက္ျမက္ေသာ ႏိုင္ငံ သားေကာင္းေလးမ်ား ေပၚထြန္းလာေစမွာျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ေတာင္ႀကီးၿမိဳ႕ အမွတ္(၅)အေျခခံပညာအထက္တန္းေက်ာင္း ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားမွ အာဟာရဖြံ႕ၿဖိဳးေရးသီခ်င္းျဖင့္ ေတးသ႐ုပ္ေဖာ္ေဖ်ာ္ေျဖ၍ ကမၻာ့က်န္းမာေရးအဖြဲ႕ဌာေနကိုယ္စားလွယ္ Dr. Stephen Paul Jost မွႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ကမၻာ့ကုလသမၼဂကေလးမ်ားရံပုံေငြအဖြဲ႕ Ms. June Kunuki မွႏႈတ္ခြန္းဆက္စကား ေျပာၾကားကာ ျပည္ေထာင္စုဝန္ႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔က (၅)ႏွစ္ေအာက္ကေလး မ်ားအား ဗီတာမင္ေအႏွင့္ သံခ်ေဆးမ်ားတိုက္ေကၽြးျခင္း၊ အပ်ိဳေဖာ္ဝင္အ႐ြယ္ေက်ာင္းသူမ်ားအား သံဓာတ္ေဆးျပားမ်ား တိုက္ေကၽြးျခင္း၊ ကိုယ္ဝန္ေဆာင္မိခင္မ်ားအား အဏုအာဟာရေဆးမ်ားတိုက္ေကၽြးျခင္း၊ အိုင္အိုဒင္းဆားႏွင့္ အားျဖည့္ဆန္မ်ား ျဖန္႔ေဝေပးျခင္းေဆာင္႐ြက္ကာ ခန္းမအတြင္းႏွင့္ အျပင္ဘက္တြင္ ခင္းက်င္းျပသထားေသာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ အားေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဗဟိုအဆင့်ဖွင့်ပွဲကျင်းပ

တောင်ကြီး သြဂုတ်   −   ၅

၂၀၁၉ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ဗဟိုအဆင့် ဖွင့်ပွဲကို သြဂုတ်(၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကောက်ယူခဲ့သည့် မြန်မာနိုင်ငံ အဏုအာဟာရနှင့်အစာစားသုံးမှုအခြေအနေလေ့လာရေး စစ်တမ်း(၂၀၁၇−၂၀၁၈)အရ ရှမ်းပြည်နယ်ရှိ အသက်(၅)နှစ်အောက်ကလေးများ၏ သုံးပုံတစ်ပုံနီးပါးသည် သွေးအားနည်းရောဂါ(၂၇%)နှင့် ကာလတာရှည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်ခြင်း(၃၀%)တို့ကို ခံစားနေကြသည်ကို သိရပါကြောင်း၊ ရှမ်းပြည်နယ်မှာရှိသည့် ကလေးများ၏ အာဟာရအခြေအနေ တိုးတက်လာအောင် ဝိုင်းဝန်းအားထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး၊ ဗဟိုအဆင့်မှဦးဆောင်၍ အာဟာရဖွံ့ဖြိုးရေးလူထုလှုပ်ရှားမှုများဆောင်ရွက်ကြရာတွင် ပြည်နယ်အစိုးရအနေဖြင့် မိမိတို့တတ်အားသရွေ့ ပံ့ပိုးဆောင်ရွက် သွားမှာဖြစ်ပြီး၊ ပြည်နယ်မှလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့ဒေသအတွက် ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ လှုပ်ရှားမှုများပံ့ပိုးဆောင်ရွက်သွားကြရန်နှင့် ပြည်နယ်အတွင်း အာဟာရပြည့်ဝကျန်းမာပြီး၊ ဉာဏ်ရည်ထက်မြက်သော နိုင်ငံ သားကောင်းလေးများ ပေါ်ထွန်းလာစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများမှ အာဟာရဖွံ့ဖြိုးရေးသီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost မှနှုတ်ခွန်းဆက်စကားပြောကြားပြီး ကမ္ဘာ့ကုလသမ္မဂကလေးများရံပုံငွေအဖွဲ့ Ms. June Kunuki မှနှုတ်ခွန်းဆက်စကား ပြောကြားကာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က (၅)နှစ်အောက်ကလေး များအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်း၊ အပျိုဖော်ဝင်အရွယ်ကျောင်းသူများအား သံဓာတ်ဆေးပြားများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးများတိုက်ကျွေးခြင်း၊ အိုင်အိုဒင်းဆားနှင့် အားဖြည့်ဆန်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ကာ ခန်းမအတွင်းနှင့် အပြင်ဘက်တွင် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943