ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးၿမိဳ႕၌ အျပည္ျပည္ဆိုင္ရာ ဌာေနတိုင္းရင္းသားမ်ားေန႔က်င္းပ

ေတာင္ႀကီး ၾသဂုတ္   −   ၈

189

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈခန္းမတြင္ ၾသဂုတ္(၈)ရက္ နံနက္(၉)နာရီက အျပည္ျပည္ဆိုင္ရာ ဌာေနတိုင္းရင္းသားမ်ားေန႔က်င္းပသည္။

ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္က ရွမ္းျပည္နယ္သည္ ဌာေနတိုင္းရင္းသားလူမ်ိဳး မ်ားကြဲျပားစုံလင္စြာ မွီတင္းေနထိုင္ၾကေသာ ျပည္နယ္တစ္ခုျဖစ္ၿပီး၊ ဌာေနတိုင္းရင္းသားလူမ်ိဳးတိုင္းတြင္ မတူကြဲျပားေသာ ေဒသအသိပညာမ်ား၊ ယဥ္ေက်းမႈဓေလ့ထုံးတမ္းအစဥ္အလာမ်ား၊ ကိုးကြယ္ယုံၾကည္မႈမ်ား၊ အလွတရားမ်ားျဖင့္ တန္ဖိုးကိုယ္စီ ပိုင္ဆိုင္ထားၾကကာ မတူကြဲျပားစုံလင္ေသာ  ဌာေနတိုင္းရင္းသားလူမ်ိဳးစုမ်ား အတူတကြၿငိမ္းခ်မ္းစြာ ယွဥ္တြဲေနထိုင္ႏိုင္ရန္ အတြက္တိုင္းရင္းသားမ်ားအေနျဖင့္ မိမိတို႔၏ယဥ္ေက်းမႈမ်ား၊ ေနထိုင္စားေသာက္မႈပုံစံမ်ားႏွင့္ ႐ိုးရာဓေလ့မ်ားကို တန္ဖိုးထား ထိန္းသိမ္းသြားရန္အတြက္ အေရးႀကီး႐ုံသာမက အျခားေသာ ဌာေနတိုင္းရင္းသားလူမ်ိဳးမ်ား၏ ယဥ္ေက်းမႈမ်ား၊ ေနထိုင္ စားေသာက္မႈပုံစံမ်ားႏွင့္ ႐ိုးရာဓေလ့မ်ားကိုလည္း အျပန္အလွန္ေလးစားတတ္ရန္ မ်ားစြာအေရးႀကီးပါေၾကာင္း၊ ဌာေန တိုင္းရင္းသားမ်ားသည္ မိမိတို႔၏ ႐ိုးရာဓေလ့ထုံးတမ္းအစဥ္အလာမ်ား၊ လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံေရးအစရွိသည့္ ေန႔စဥ္ ဘဝဆိုင္ရာအေရးအရာမ်ားကို ႏွစ္ေပါင္းမ်ားစြာ ထိန္းသိမ္းေစာင့္ေရွာက္က်င့္သုံးေနထိုင္သူမ်ားျဖစ္ၾကၿပီး၊ သဘာဝေတာေတာင္ ေရေျမမ်ားႏွင့္တြဲဖက္လ်က္ ရွင္သန္ေနထိုင္ျခင္းသည္ ဌာေနတိုင္းရင္းသားမ်ားတို႔၏ ထူးျခားေသာ သြင္ျပင္လကၡဏာတစ္ရပ္ ျဖစ္၍ လက္ရွိေခတ္ေပၚလူေနမႈ အသိုင္းအဝိုင္းတို႔၏ ေနထိုင္မႈစနစ္မ်ားႏွင့္မတူညီဘဲ ျခားနားစြာ သဘာဝပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြစြာ ေနထိုင္လ်က္ရွိေသာသူမ်ားသည္ ဌာေနတိုင္းရင္းသားမ်ားပင္ျဖစ္ေၾကာင္း၊ ဌာေနတိုင္းရင္းသားမ်ားသည္ ထိခိုက္လြယ္၍ အခြင့္အေရးမ်ားဆုံး႐ႈံးေနေသာ လူမ်ိဳးစုႀကီးမ်ားျဖစ္ၿပီး၊ ၎တို႔ျဖစ္တည္မႈ ဓေလ့ထုံးတမ္းေျမယာမ်ား၊ ပိုင္နက္ နယ္ေျမမ်ားႏွင့္ သဘာဝသယံဇာတမ်ားလည္း ခ်ိဳးေဖာက္ခံေနရၿပီး၊ ကမၻာ့လူမႈအဖြဲ႕အစည္းမ်ားကလည္း ဌာေနတိုင္းရင္းသား မ်ား၏အခြင့္အေရးမ်ားႏွင့္ ထူးျခားေသာဓေလ့မ်ားကို အသိအမွတ္ျပဳလာၾကၿပီျဖစ္ေၾကာင္း ေျပာသြားသည္။

ဆက္လက္၍ လားဟူတိုင္းရင္းသားေရးရာဝန္ႀကီးမွ ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး၊ အျပည္ျပည္ဆိုင္ရာ ဌာေန တိုင္းရင္းသားမ်ားေန႔ က်င္းပရျခင္း၏ရည္႐ြယ္ခ်က္အား နန္းငယ္ငယ္မွ ရွင္းလင္းေျပာၾကား၍ တက္ေရာက္လာသည့္ တိုင္းရင္းသားအဖြဲ႕မ်ားမွ တစ္ဦးခ်င္းမိတ္ဆက္ၾကကာ အမွတ္တရဓာတ္ပုံ ႐ိုက္ကူးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ကျင်းပ

တောင်ကြီး သြဂုတ်   −   ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် သြဂုတ်(၈)ရက် နံနက်(၉)နာရီက အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ကျင်းပသည်။

ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ရှမ်းပြည်နယ်သည် ဌာနေတိုင်းရင်းသားလူမျိုး များကွဲပြားစုံလင်စွာ မှီတင်းနေထိုင်ကြသော ပြည်နယ်တစ်ခုဖြစ်ပြီး၊ ဌာနေတိုင်းရင်းသားလူမျိုးတိုင်းတွင် မတူကွဲပြားသော ဒေသအသိပညာများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများ၊ ကိုးကွယ်ယုံကြည်မှုများ၊ အလှတရားများဖြင့် တန်ဖိုးကိုယ်စီ ပိုင်ဆိုင်ထားကြကာ မတူကွဲပြားစုံလင်သော  ဌာနေတိုင်းရင်းသားလူမျိုးစုများ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန် အတွက်တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ယဉ်ကျေးမှုများ၊ နေထိုင်စားသောက်မှုပုံစံများနှင့် ရိုးရာဓလေ့များကို တန်ဖိုးထား ထိန်းသိမ်းသွားရန်အတွက် အရေးကြီးရုံသာမက အခြားသော ဌာနေတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများ၊ နေထိုင် စားသောက်မှုပုံစံများနှင့် ရိုးရာဓလေ့များကိုလည်း အပြန်အလှန်လေးစားတတ်ရန် များစွာအရေးကြီးပါကြောင်း၊ ဌာနေ တိုင်းရင်းသားများသည် မိမိတို့၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအစရှိသည့် နေ့စဉ် ဘဝဆိုင်ရာအရေးအရာများကို နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံးနေထိုင်သူများဖြစ်ကြပြီး၊ သဘာဝတောတောင် ရေမြေများနှင့်တွဲဖက်လျက် ရှင်သန်နေထိုင်ခြင်းသည် ဌာနေတိုင်းရင်းသားများတို့၏ ထူးခြားသော သွင်ပြင်လက္ခဏာတစ်ရပ် ဖြစ်၍ လက်ရှိခေတ်ပေါ်လူနေမှု အသိုင်းအဝိုင်းတို့၏ နေထိုင်မှုစနစ်များနှင့်မတူညီဘဲ ခြားနားစွာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်လျက်ရှိသောသူများသည် ဌာနေတိုင်းရင်းသားများပင်ဖြစ်ကြောင်း၊ ဌာနေတိုင်းရင်းသားများသည် ထိခိုက်လွယ်၍ အခွင့်အရေးများဆုံးရှုံးနေသော လူမျိုးစုကြီးများဖြစ်ပြီး၊ ၎င်းတို့ဖြစ်တည်မှု ဓလေ့ထုံးတမ်းမြေယာများ၊ ပိုင်နက် နယ်မြေများနှင့် သဘာဝသယံဇာတများလည်း ချိုးဖောက်ခံနေရပြီး၊ ကမ္ဘာ့လူမှုအဖွဲ့အစည်းများကလည်း ဌာနေတိုင်းရင်းသား များ၏အခွင့်အရေးများနှင့် ထူးခြားသောဓလေ့များကို အသိအမှတ်ပြုလာကြပြီဖြစ်ကြောင်း ပြောသွားသည်။

ဆက်လက်၍ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ အပြည်ပြည်ဆိုင်ရာ ဌာနေ တိုင်းရင်းသားများနေ့ ကျင်းပရခြင်း၏ရည်ရွယ်ချက်အား နန်းငယ်ငယ်မှ ရှင်းလင်းပြောကြား၍ တက်ရောက်လာသည့် တိုင်းရင်းသားအဖွဲ့များမှ တစ်ဦးချင်းမိတ်ဆက်ကြကာ အမှတ်တရဓာတ်ပုံ ရိုက်ကူးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 77 guests and no members online