ရှမ်းပြည်နယ်သတင်းများ

Educational Leadership & Classroom Management (ELCM) ဖြင့္ပြဲက်င္းပ

ေညာင္ေ႐ႊ ၾသဂုတ္   −   ၈

190

Final Workshop in Inle (Educational Leadership & Classroom Management) ဖြင့္ပြဲကို ၾသဂုတ္လ (၈)ရက္ နံနက္(၈)နာရီက ေညာင္ေ႐ႊၿမိဳ႕ ေဟာ္တယ္ဇုန္ရွိ Aureum Palace ေဟာ္တယ္အစည္းအေဝးခန္းမတြင္က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းက Educational Leadership & Classroom Management စီမံကိန္း ဒုတိယအဆင့္ အလုပ္႐ုံေဆြးေႏြးပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကိုယ္စား စကားေျပာခြင့္ရသည့္ အတြက္ဂုဏ္ယူမိပါေၾကာင္း၊ ELCM စီမံကိန္းသည္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေငြေၾကးပံ့ပိုးမႈႏွင့္ ျမန္မာႏိုင္ငံ ပညာေရးဝန္ႀကီးဌာန၏ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ ေဝးလံေခါင္ဖ်ားသည့္ နယ္စပ္ၿမိဳ႕(၆)ၿမိဳ႕ရွိ တကၠသိုလ္(၁၈)ခုမွ လက္ေထာက္ကထိကႏွင့္ လက္ေထာက္ကထိကအထက္ ဆရာ/ ဆရာမ (၂၁၈)ဦး ပညာေရးဆိုင္ရာ ေခါင္းေဆာင္မႈႏွင့္ စာသင္ခန္းအတြင္း စီမံခန္႔ခြဲမႈအေၾကာင္းအရာမ်ားကို ႏိုင္ငံျခားပညာေတာ္သင္ျပန္မ်ားက မၽွေဝေပးခဲ့သည္ဟု သိရပါေၾကာင္း၊ ျမန္မာ့ပညာေရး ျပဳျပင္ေျပာင္းလဲမႈက႑မ်ားတြင္ မ်ိဳးဆက္သစ္မ်ား ပါဝင္ကူညီသည္ကို ေတြ႕ျမင္ရသည့္အတြက္ လြန္စြာအားရ ေက်နပ္ပါေၾကာင္း၊ တိုင္းျပည္အေပၚထားရွိသည့္ေစတနာ၊ အေမၽွာ္အျမင္ႏွင့္ စိတ္အားထက္သန္မႈတို႔ကို ေတြ႕ရွိရ၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ တက္ေရာက္ခ်ီးျမႇင့္အားေပးရျခင္းျဖစ္ပါေၾကာင္း၊ အလုပ္႐ုံေဆြးေႏြးပြဲက်င္းပသည့္ နယ္စပ္ ၿမိဳ႕(၆)ၿမိဳ႕တြင္ ရွမ္းျပည္နယ္မွပင္လုံႏွင့္က်ိဳင္းတုံတို႔ပါဝင္ေၾကာင္း၊ အဆိုပါ(၂)ၿမိဳ႕ရွိတကၠသိုလ္(၆)ခုမွ ဆရာ/ဆရာမ(၁၈)ဦး အျပင္ေတာင္ႀကီးနည္းပညာတကၠသိုလ္ႏွင့္ ေတာင္ႀကီးကြန္ပ်ဴတာတကၠသိုလ္တို႔မွ ဆရာ/ဆရာမ(၁၂)ဦးအား ပင္လုံအလုပ္႐ုံ ေဆြးေႏြးပြဲသို႔ ေလ့လာသူအျဖစ္(၁၂)ဦးႏွင့္ အင္းေလးအလုပ္႐ုံေဆြးေႏြးပြဲသို႔ ေလ့လာသူ(၄)ဦး တက္ေရာက္ခြင့္ျပဳသည့္အတြက္ ရွမ္းျပည္နယ္အဖြဲ႕ကိုယ္စား ေက်းဇူးတင္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရမွ ရွမ္းျပည္နယ္ရွိတကၠသိုလ္မ်ား၊ စာသင္ေက်ာင္း မ်ားသို႔လိုအပ္သည္မ်ား စဥ္ဆက္မျပတ္ေထာက္ပံ့ေပးလ်က္ရွိပါေၾကာင္း၊ ယခုေဆြးေႏြးပြဲဒုတိယအဆင့္အလုပ္႐ုံ ေဆြးေႏြးပြဲသို႔ တက္ေရာက္လာၾကသည့္ နယ္စပ္ေဒသအသီးသီးမွ ဆရာ/ဆရာမမ်ားအား စီမံကိန္းမွ ပို႔ခ်သည္မ်ားကို ေသခ်ာေလ့လာ မွတ္သားၿပီး မိမိတို႔တာဝန္က်ရာေဒသတြင္ ခ်က္ခ်င္းအသုံးခ်ေပးရန္ႏွင့္ မတက္ေရာက္ရေသးသည့္ ဆရာ/ဆရာမမ်ားအား ျပန္လည္မၽွေဝေပးရန္တိုက္တြန္းေျပာၾကားခဲ့သည္။

ဆက္လက္၍ ေတာင္ႀကီးနည္းပညာတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာေဒၚစန္းစန္းရီမွ ႀကိဳဆိုႏႈတ္ခြန္းဆက္စကား ေျပာၾကားၿပီး၊ ELCM စီမံကိန္းဒါ႐ိုက္တာ ကိုရဲျမင့္သူမွ စီမံကိန္းဆိုင္ရာမ်ားကို ရွင္းလင္းေျပာၾကားကာ တက္ေရာက္လာသူ မ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ိုက္ကူး၍ အဆိုပါအခမ္းအနားသို႔ တကၠသိုလ္ပါေမာကၡခ်ဳပ္(၂)ဦး၊ ဆရာ/ဆရာမ(၅၄)ဦး၊ ELCM စီမံကိန္းအဖြဲ႕ဝင္(၂၅)ဦး တက္ေရာက္ခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

Educational Leadership & Classroom Management (ELCM) ဖွင့်ပွဲကျင်းပ

ညောင်ရွှေ သြဂုတ်   −   ၈

Final Workshop in Inle (Educational Leadership & Classroom Management) ဖွင့်ပွဲကို သြဂုတ်လ (၈)ရက် နံနက်(၈)နာရီက ညောင်ရွှေမြို့ ဟော်တယ်ဇုန်ရှိ Aureum Palace ဟော်တယ်အစည်းအဝေးခန်းမတွင်ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက Educational Leadership & Classroom Management စီမံကိန်း ဒုတိယအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား စကားပြောခွင့်ရသည့် အတွက်ဂုဏ်ယူမိပါကြောင်း၊ ELCM စီမံကိန်းသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ငွေကြေးပံ့ပိုးမှုနှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဝေးလံခေါင်ဖျားသည့် နယ်စပ်မြို့(၆)မြို့ရှိ တက္ကသိုလ်(၁၈)ခုမှ လက်ထောက်ကထိကနှင့် လက်ထောက်ကထိကအထက် ဆရာ/ ဆရာမ (၂၁၈)ဦး ပညာရေးဆိုင်ရာ ခေါင်းဆောင်မှုနှင့် စာသင်ခန်းအတွင်း စီမံခန့်ခွဲမှုအကြောင်းအရာများကို နိုင်ငံခြားပညာတော်သင်ပြန်များက မျှဝေပေးခဲ့သည်ဟု သိရပါကြောင်း၊ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုကဏ္ဍများတွင် မျိုးဆက်သစ်များ ပါဝင်ကူညီသည်ကို တွေ့မြင်ရသည့်အတွက် လွန်စွာအားရ ကျေနပ်ပါကြောင်း၊ တိုင်းပြည်အပေါ်ထားရှိသည့်စေတနာ၊ အမျှော်အမြင်နှင့် စိတ်အားထက်သန်မှုတို့ကို တွေ့ရှိရ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက်ရောက်ချီးမြှင့်အားပေးရခြင်းဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပသည့် နယ်စပ် မြို့(၆)မြို့တွင် ရှမ်းပြည်နယ်မှပင်လုံနှင့်ကျိုင်းတုံတို့ပါဝင်ကြောင်း၊ အဆိုပါ(၂)မြို့ရှိတက္ကသိုလ်(၆)ခုမှ ဆရာ/ဆရာမ(၁၈)ဦး အပြင်တောင်ကြီးနည်းပညာတက္ကသိုလ်နှင့် တောင်ကြီးကွန်ပျူတာတက္ကသိုလ်တို့မှ ဆရာ/ဆရာမ(၁၂)ဦးအား ပင်လုံအလုပ်ရုံ ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ်(၁၂)ဦးနှင့် အင်းလေးအလုပ်ရုံဆွေးနွေးပွဲသို့ လေ့လာသူ(၄)ဦး တက်ရောက်ခွင့်ပြုသည့်အတွက် ရှမ်းပြည်နယ်အဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရမှ ရှမ်းပြည်နယ်ရှိတက္ကသိုလ်များ၊ စာသင်ကျောင်း များသို့လိုအပ်သည်များ စဉ်ဆက်မပြတ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲဒုတိယအဆင့်အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နယ်စပ်ဒေသအသီးသီးမှ ဆရာ/ဆရာမများအား စီမံကိန်းမှ ပို့ချသည်များကို သေချာလေ့လာ မှတ်သားပြီး မိမိတို့တာဝန်ကျရာဒေသတွင် ချက်ချင်းအသုံးချပေးရန်နှင့် မတက်ရောက်ရသေးသည့် ဆရာ/ဆရာမများအား ပြန်လည်မျှဝေပေးရန်တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ တောင်ကြီးနည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဒေါ်စန်းစန်းရီမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ ELCM စီမံကိန်းဒါရိုက်တာ ကိုရဲမြင့်သူမှ စီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသူ များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကူး၍ အဆိုပါအခမ်းအနားသို့ တက္ကသိုလ်ပါမောက္ခချုပ်(၂)ဦး၊ ဆရာ/ဆရာမ(၅၄)ဦး၊ ELCM စီမံကိန်းအဖွဲ့ဝင်(၂၅)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 116 guests and no members online