ကိုးနဝင္းေတာင္ ဘုန္းေတာ္ႀကီးေက်ာင္းအနီး သဘာဝငွက္ေဘးမဲ့ေတာအတြင္း စိုက္ပ်ိဳးထားေသာသစ္ပင္မ်ား ရွင္သန္ေနမႈကို ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး ၾသဂုတ္   −   ၉

191

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ကိုးနဝင္းေတာင္ ဘုန္းေတာ္ႀကီးေက်ာင္းအတြင္း ၂၀၁၉ခုႏွစ္ ဇြန္လ(၁၉) ရက္ေန႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေမြးေန႔တြင္ စိုက္ပ်ိဳးထားေသာအပင္(၆)မ်ိဳးျဖစ္သည့္ စိန္ပန္းျပာ၊ စိန္ပန္းနီ၊ ခါေတာ္မွီ၊ ခ်ယ္ရီ၊ ေရသင္းဝင္၊ ပနားမားငုအပင္(၂၄၀၀)ပင္ စိုက္ပ်ိဳးထားမႈႏွင့္ အပင္(၂၃၉၂)ပင္ ရွင္သန္ေနမႈတို႔ကို ၾသဂုတ္(၉)ရက္ နံနက္ (၉)နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္သယံဇာတႏွင့္သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္ႏွင့္ ျပည္နယ္သစ္ေတာဦးစီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္အတူ သြားေရာက္ကြင္းဆင္းၾကည့္႐ႈရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ကသဘာဝငွက္ေဘးမဲ့ေတာမ်ားရွိ သစ္ပင္မ်ားပ်က္စီးဆုံး႐ႈံးမႈမရွိေစရန္ႏွင့္ အၿမဲရွင္သန္ႏိုင္ေအာင္ ျပဳစုေစာင့္ေရွာက္ထိန္းသိမ္း ရန္လိုအပ္ေၾကာင္း၊ ေဘးမဲ့ေတာ ပ်က္စီးပေပ်ာက္မသြားေစရန္ႏွင့္ သစ္ပင္မ်ား ရွင္သန္ႀကီးထြားႏိုင္ရန္ အထူးႀကီးၾကပ္ ေစာင့္ေရွာက္သြားရန္လိုအပ္ေၾကာင္း ျဖည့္စြက္မွာၾကားခဲ့သည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔သည္ ေ႐ႊေညာင္ၿမိဳ႕ တာေယာစိုက္ပ်ိဳးေရး မ်ိဳးသန္႔ၿခံတြင္ ေ႐ႊရင္ေအး၊ ဘာစမာတီ၊ မ်ိဳးေစ့ထုတ္စိုက္ခင္းအား ျပကြက္ျပသျခင္းကို သြားေရာက္ၾကည့္႐ႈရာ ျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန ျပည္နယ္ဦးစီးမႉးဦးတင္ဦးႀကိဳင္မွ ရွင္းလင္းေျပာၾကားၿပီး၊ ခင္းက်င္းျပသထားသည့္ ျပခန္းမ်ားအားလွည့္လည္ၾကည့္႐ႈၾကသည္။

ထို႔ေနာက္ ကေလာ−မိတၳီလာကားလမ္းေဘး မိုင္တိုင္အမွတ္၉၇/၇အနီး ေတာင္ေလးလုံးအေက်ာ္ ဘဝသံသရာတံတား အနီးရွိ ေတာင္ႀကီးၿမိဳ႕နယ္၏ မိုးရာသီစိုက္ထင္း႐ႉးစိုက္ခင္း(၅၀)ဧက၊ စိုက္ပ်ိဳးပင္ေပါင္း(၆၀၅၀၀)ပင္သို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ႏွင့္တာဝန္ရွိသူတို႔က သြားေရာက္ၾကည့္႐ႈရာ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ထင္း႐ႉးစိုက္ပ်ိဳးမႈႏွင့္ပတ္သက္ ၍ရွင္းလင္းတင္ျပကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔က ထင္း႐ႉးပင္စိုက္ပ်ိဳးေပးေနသည့္ ဝန္ထမ္းႏွင့္အလုပ္သမား မ်ားအား စားစရာမုန္႔မ်ားေပးအပ္ခဲ့ၾကၿပီး၊ ေညာင္ေ႐ႊၿမိဳ႕နယ္ ေ႐ႊေညာင္−ေညာင္ေ႐ႊ ကတၱရာလမ္းေဘး တိေလာေက်း႐ြာအုပ္စု ေက်ာ့ေမာင္ငယ္ေက်း႐ြာစံျပစိုက္ခင္းတြင္ ဓါတ္ေျမၾသဇာႀကဲပက္ပြဲႏွင့္ ပ်ိဳးသက္ႏုေကာက္ကြက္ႀကဲစိုက္နည္းစနစ္ ျပသျခင္းကို သြားေရာက္ၾကည့္႐ႈအားေပးရာ ျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန ျပည္နယ္ဦးစီးမႉးဦးတင္ဦးႀကိဳင္မွ ရွင္းလင္းေျပာၾကားကာ ေညာင္ေ႐ႊၿမိဳ႕အနီး နဒီကန္တြင္ ကန္တူးႏႈန္းဆယ္ျခင္းလုပ္ငန္း ေဆာင္႐ြက္ေနမႈကိုၾကည့္႐ႈ၍ တိေလာေက်း႐ြာအုပ္စု ေ႐ႊရန္ေျပ အလကခြဲတြင္ ေက်ာင္းသားေက်ာင္းသူမ်ားအား ဗလာစာအုပ္ႏွင့္ ခဲတံမ်ားကို ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ အစိုးရအဖြဲ႕အတြင္းေရးမႉးတို႔က ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရွိရ သည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုးနဝင်းတောင် ဘုန်းတော်ကြီးကျောင်းအနီး သဘာဝငှက်ဘေးမဲ့တောအတွင်း စိုက်ပျိုးထားသောသစ်ပင်များ ရှင်သန်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

တောင်ကြီး သြဂုတ်   −   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကိုးနဝင်းတောင် ဘုန်းတော်ကြီးကျောင်းအတွင်း ၂၀၁၉ခုနှစ် ဇွန်လ(၁၉) ရက်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့တွင် စိုက်ပျိုးထားသောအပင်(၆)မျိုးဖြစ်သည့် စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ခါတော်မှီ၊ ချယ်ရီ၊ ရေသင်းဝင်၊ ပနားမားငုအပင်(၂၄၀၀)ပင် စိုက်ပျိုးထားမှုနှင့် အပင်(၂၃၉၂)ပင် ရှင်သန်နေမှုတို့ကို သြဂုတ်(၉)ရက် နံနက် (၉)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကွင်းဆင်းကြည့်ရှုရာ ပြည်နယ်ဝန်ကြီးချုပ် ကသဘာဝငှက်ဘေးမဲ့တောများရှိ သစ်ပင်များပျက်စီးဆုံးရှုံးမှုမရှိစေရန်နှင့် အမြဲရှင်သန်နိုင်အောင် ပြုစုစောင့်ရှောက်ထိန်းသိမ်း ရန်လိုအပ်ကြောင်း၊ ဘေးမဲ့တော ပျက်စီးပပျောက်မသွားစေရန်နှင့် သစ်ပင်များ ရှင်သန်ကြီးထွားနိုင်ရန် အထူးကြီးကြပ် စောင့်ရှောက်သွားရန်လိုအပ်ကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ရွှေညောင်မြို့ တာယောစိုက်ပျိုးရေး မျိုးသန့်ခြံတွင် ရွှေရင်အေး၊ ဘာစမာတီ၊ မျိုးစေ့ထုတ်စိုက်ခင်းအား ပြကွက်ပြသခြင်းကို သွားရောက်ကြည့်ရှုရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်ဦးကြိုင်မှ ရှင်းလင်းပြောကြားပြီး၊ ခင်းကျင်းပြသထားသည့် ပြခန်းများအားလှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ကလော−မိတ္ထီလာကားလမ်းဘေး မိုင်တိုင်အမှတ်၉၇/၇အနီး တောင်လေးလုံးအကျော် ဘဝသံသရာတံတား အနီးရှိ တောင်ကြီးမြို့နယ်၏ မိုးရာသီစိုက်ထင်းရှူးစိုက်ခင်း(၅၀)ဧက၊ စိုက်ပျိုးပင်ပေါင်း(၆၀၅၀၀)ပင်သို့ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုရာ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထင်းရှူးစိုက်ပျိုးမှုနှင့်ပတ်သက် ၍ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ထင်းရှူးပင်စိုက်ပျိုးပေးနေသည့် ဝန်ထမ်းနှင့်အလုပ်သမား များအား စားစရာမုန့်များပေးအပ်ခဲ့ကြပြီး၊ ညောင်ရွှေမြို့နယ် ရွှေညောင်−ညောင်ရွှေ ကတ္တရာလမ်းဘေး တိလောကျေးရွာအုပ်စု ကျော့မောင်ငယ်ကျေးရွာစံပြစိုက်ခင်းတွင် ဓါတ်မြေသြဇာကြဲပက်ပွဲနှင့် ပျိုးသက်နုကောက်ကွက်ကြဲစိုက်နည်းစနစ် ပြသခြင်းကို သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်ဦးကြိုင်မှ ရှင်းလင်းပြောကြားကာ ညောင်ရွှေမြို့အနီး နဒီကန်တွင် ကန်တူးနှုန်းဆယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုကြည့်ရှု၍ တိလောကျေးရွာအုပ်စု ရွှေရန်ပြေ အလကခွဲတွင် ကျောင်းသားကျောင်းသူများအား ဗလာစာအုပ်နှင့် ခဲတံများကို ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943