ရှမ်းပြည်နယ်သတင်းများ

၂၀၁၉−၂၀၂၀ ပညာသင္ႏွစ္ ျပည္နယ္အဆင့္ ေက်ာင္းျပင္ပမူလတန္း ပညာေရးလုပ္ငန္းဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္   −   ၁၄

192

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ၂၀၁၉−၂၀၂၀ ပညာသင္ႏွစ္ ျပည္နယ္အဆင့္ ေက်ာင္းျပင္ပမူလတန္းပညာေရးဖြင့္ပြဲကို ၾသဂုတ္(၁၄)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕ အမွတ္(၅)အေျခခံပညာအထက္တန္းေက်ာင္း စိန္ျမင္းမိုရ္ခန္းမ၌ က်င္းပ သည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ၂၀၁၄ခုႏွစ္တြင္ေကာက္ယူခဲ့သည့္ သန္းေခါင္းစာရင္းအရ ေက်ာင္းေန အ႐ြယ္မူလတန္းပညာၿပီးဆုံးေအာင္ သင္ၾကားခြင့္မရသည့္စာမတတ္သူေပါင္းမွာ ျမန္မာႏိုင္ငံလူဦးေရ၏ ၁၀.၅%ရွိၿပီး၊ ပညာေရး ဝန္ႀကီးဌာနအေနျဖင့္ ေက်ာင္းေနအ႐ြယ္ကေလးတိုင္း မူလတန္းပညာသင္ယူၿပီးေျမာက္ေရးကို အေလးထားေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ ျမန္မာႏိုင္ငံသားတိုင္း အေျခခံပညာကိုၿပီးေျမာက္ေအာင္ သင္ယူခြင့္ရရွိေစႏိုင္ေရးအတြက္ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ေက်ာင္းလုံးဝမေနခဲ့ရသူမ်ား၊ ေက်ာင္းေနခဲ့ရေသာ္လည္း မူလတန္းပညာၿပီးဆုံးေအာင္မသင္ၾကားဘဲ ေက်ာင္းေစာ ထြက္သူမ်ား၊ အသက္(၁၀)ႏွစ္ႏွင့္ အသက္(၁၄)ႏွစ္အ႐ြယ္ ေက်ာင္းပညာေရးသင္ယူခြင့္မရေသးသူမ်ား၊ ေက်ာင္းေနရမည့္ အ႐ြယ္တြင္မိသားစုႏွင့္ မိမိကိုယ္တိုင္ဘဝအတြက္ ရင္ဆိုင္ေျဖရွင္းေနရသူမ်ား၏ ပညာဆက္လက္သင္ယူလိုေသာဆႏၵကို ျဖည့္ဆည္းေပးရန္ရည္႐ြယ္ၿပီး၊ ေက်ာင္းျပင္ပမူလတန္းပညာေရးကို ဒုတိယအခြင့္အလမ္းပညာေရးအျဖစ္ ပညာေရးဝန္ႀကီးဌာန ေက်ာင္းျပင္ပႏွင့္ တစ္သက္တာပညာေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံစာတတ္ေျမာက္ေရးအေထာက္အကူျပဳ ပင္မဌာနတို႔ ပူးေပါင္း ေဆာင္႐ြက္ေနသည္ကိုလည္း အားလုံးအသိျဖစ္ပါေၾကာင္း၊ ပညာေရးဝန္ႀကီးဌာနႏွင့္ ျပည္တြင္းျပည္ပအလႉရွင္မ်ား ပူးေပါင္း မႈျဖင့္ေက်ာင္းျပင္ပမူလတန္းပညာေရးအစီအစဥ္ကို ၂၀၀၈−၂၀၀၉ပညာသင္ႏွစ္မွ စတင္ေဆာင္႐ြက္ခဲ့ရာ (၁၂)ႏွစ္ေျမာက္ရွိခဲ့ၿပီး၊ ၿမိဳ႕နယ္ေပါင္း(၅)ၿမိဳ႕နယ္မွ ႏွစ္အလိုက္တိုးခ်ဲ႕ေဆာင္႐ြက္ခဲ့ရာ ၿမိဳ႕နယ္ေပါင္း(၁၃၆)ၿမိဳ႕နယ္အထိ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း၊ တစ္ႏိုင္ငံလုံးတြင္ တကၠသိုလ္ဝင္တန္းကို(၂၄)ဦးေအာင္ျမင္ၿပီး၊ တကၠသိုလ္ေကာလိပ္အသီးသီးသို႔ တက္ေရာက္ႏိုင္ခဲ့ကာ ေက်ာင္းျပင္ပ ေက်ာင္းသားေက်ာင္းသူေပါင္း(၈၀၀၀၀)ေက်ာ္ ပညာသင္ယူခြင့္ရရွိခဲ့ေသာ္လည္း ျပည္သူမ်ား၏ လူမႈစီးပြား အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းပညာေရးစနစ္ကို လက္လွမ္းမမီသူမ်ားက်န္ရွိေနပါေသးေၾကာင္း၊ မိမိပတ္ဝန္းက်င္မွာ ရွိသည့္ေက်ာင္းေနအ႐ြယ္ ေက်ာင္းျပင္ပေရာက္ကေလးငယ္မ်ားရွိပါက နီးစပ္ရာအေျခစိုက္စခန္းတြင္ တက္ေရာက္ႏိုင္ရန္ ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးရန္လိုေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ေက်ာင္းျပင္ပႏွင့္တစ္သက္တာပညာေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးဦးျမတ္ထြန္းမွ အမွာစကား ေျပာၾကားၿပီး၊ ေက်ာင္းျပင္ပမူလတန္းပညာေရးကိစၥ ေဆာင္႐ြက္ထားရွိမႈအေျခအေနကို ျပည္နယ္ပညာေရးမႉး ဆရာႀကီး ဦးဝင္းေမာင္က ရွင္းလင္းေျပာၾကားကာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉးဦးစိုးစိုးေဇာ္မွ ဟိုပုံး၊ ေညာင္ေ႐ႊႏွင့္ လြိဳင္လင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားအား ၿမိဳ႕နယ္ႀကီးၾကပ္မႈေကာ္မတီဥကၠ႒ တာဝန္ေပးအပ္လႊာမ်ားေပးအပ္၍ ထူးခၽြန္ဆုရရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထဋ္က ဆုခ်ီးျမႇင့္ေပးၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လႉဒါန္းေသာ ေက်ာင္းသုံးဗလာစာအုပ္မ်ားကို ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွေပးအပ္ရာ ဟိုပုံး၊ ေညာင္ေ႐ႊ၊ လြိဳင္လင္၊ ၿမိဳ႕နယ္ပညာေရးမႉးအသီးသီးတို႔က လက္ခံရယူၾကသည္။

ထို႔ေနာက္ ေက်ာင္းျပင္ပမူလတန္းပညာေရးသင္တန္းသားျဖစ္သူ အမက(၂)လြိဳင္လင္ၿမိဳ႕နယ္မွ ေမာင္ေအာင္ခိုင္ႏွင့္ သင္တန္းဆရာမတစ္ဦးျဖစ္သည့္ ေညာင္ေ႐ႊၿမိဳ႕နယ္ နႏၵာဝန္အေျခစိုက္စခန္းမွ ဆရာမေဒၚခင္ေထြးျမင့္တို႔က ေက်းဇူးတင္ စကားျပန္လည္ေျပာၾကား၍ ဟိုပုံးၿမိဳ႕နယ္ သင္တန္းဆရာဆရာမမ်ားမွ “ကေလးမ်ားအတြက္ ဒီေန႔” သီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖ ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၂၀၁၉−၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်းဖွင့်ပွဲကျင်းပ

တောင်ကြီး သြဂုတ်   −   ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ၂၀၁၉−၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းပြင်ပမူလတန်းပညာရေးဖွင့်ပွဲကို သြဂုတ်(၁၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပ သည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၄ခုနှစ်တွင်ကောက်ယူခဲ့သည့် သန်းခေါင်းစာရင်းအရ ကျောင်းနေ အရွယ်မူလတန်းပညာပြီးဆုံးအောင် သင်ကြားခွင့်မရသည့်စာမတတ်သူပေါင်းမှာ မြန်မာနိုင်ငံလူဦးရေ၏ ၁၀.၅%ရှိပြီး၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း မူလတန်းပညာသင်ယူပြီးမြောက်ရေးကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံသားတိုင်း အခြေခံပညာကိုပြီးမြောက်အောင် သင်ယူခွင့်ရရှိစေနိုင်ရေးအတွက် အကြောင်းအမျိုးမျိုး ကြောင့်ကျောင်းလုံးဝမနေခဲ့ရသူများ၊ ကျောင်းနေခဲ့ရသော်လည်း မူလတန်းပညာပြီးဆုံးအောင်မသင်ကြားဘဲ ကျောင်းစော ထွက်သူများ၊ အသက်(၁၀)နှစ်နှင့် အသက်(၁၄)နှစ်အရွယ် ကျောင်းပညာရေးသင်ယူခွင့်မရသေးသူများ၊ ကျောင်းနေရမည့် အရွယ်တွင်မိသားစုနှင့် မိမိကိုယ်တိုင်ဘဝအတွက် ရင်ဆိုင်ဖြေရှင်းနေရသူများ၏ ပညာဆက်လက်သင်ယူလိုသောဆန္ဒကို ဖြည့်ဆည်းပေးရန်ရည်ရွယ်ပြီး၊ ကျောင်းပြင်ပမူလတန်းပညာရေးကို ဒုတိယအခွင့်အလမ်းပညာရေးအဖြစ် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြု ပင်မဌာနတို့ ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း အားလုံးအသိဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ပြည်တွင်းပြည်ပအလှူရှင်များ ပူးပေါင်း မှုဖြင့်ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကို ၂၀၀၈−၂၀၀၉ပညာသင်နှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ (၁၂)နှစ်မြောက်ရှိခဲ့ပြီး၊ မြို့နယ်ပေါင်း(၅)မြို့နယ်မှ နှစ်အလိုက်တိုးချဲ့ဆောင်ရွက်ခဲ့ရာ မြို့နယ်ပေါင်း(၁၃၆)မြို့နယ်အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းကို(၂၄)ဦးအောင်မြင်ပြီး၊ တက္ကသိုလ်ကောလိပ်အသီးသီးသို့ တက်ရောက်နိုင်ခဲ့ကာ ကျောင်းပြင်ပ ကျောင်းသားကျောင်းသူပေါင်း(၈၀၀၀၀)ကျော် ပညာသင်ယူခွင့်ရရှိခဲ့သော်လည်း ပြည်သူများ၏ လူမှုစီးပွား အခြေအနေအမျိုးမျိုးကြောင့် ကျောင်းပညာရေးစနစ်ကို လက်လှမ်းမမီသူများကျန်ရှိနေပါသေးကြောင်း၊ မိမိပတ်ဝန်းကျင်မှာ ရှိသည့်ကျောင်းနေအရွယ် ကျောင်းပြင်ပရောက်ကလေးငယ်များရှိပါက နီးစပ်ရာအခြေစိုက်စခန်းတွင် တက်ရောက်နိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြတ်ထွန်းမှ အမှာစကား ပြောကြားပြီး၊ ကျောင်းပြင်ပမူလတန်းပညာရေးကိစ္စ ဆောင်ရွက်ထားရှိမှုအခြေအနေကို ပြည်နယ်ပညာရေးမှူး ဆရာကြီး ဦးဝင်းမောင်က ရှင်းလင်းပြောကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော်မှ ဟိုပုံး၊ ညောင်ရွှေနှင့် လွိုင်လင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအား မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တာဝန်ပေးအပ်လွှာများပေးအပ်၍ ထူးချွန်ဆုရရှိသော ကျောင်းသားကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထဋ်က ဆုချီးမြှင့်ပေးပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ကျောင်းသုံးဗလာစာအုပ်များကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှပေးအပ်ရာ ဟိုပုံး၊ ညောင်ရွှေ၊ လွိုင်လင်၊ မြို့နယ်ပညာရေးမှူးအသီးသီးတို့က လက်ခံရယူကြသည်။

ထို့နောက် ကျောင်းပြင်ပမူလတန်းပညာရေးသင်တန်းသားဖြစ်သူ အမက(၂)လွိုင်လင်မြို့နယ်မှ မောင်အောင်ခိုင်နှင့် သင်တန်းဆရာမတစ်ဦးဖြစ်သည့် ညောင်ရွှေမြို့နယ် နန္ဒာဝန်အခြေစိုက်စခန်းမှ ဆရာမဒေါ်ခင်ထွေးမြင့်တို့က ကျေးဇူးတင် စကားပြန်လည်ပြောကြား၍ ဟိုပုံးမြို့နယ် သင်တန်းဆရာဆရာမများမှ “ကလေးများအတွက် ဒီနေ့” သီချင်းဖြင့် သီဆိုဖျော်ဖြေ ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 56 guests and no members online

Latest Updates