ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ UNI Energy Co.,Ltd တို႔ သေဘာတူညီမႈစာခ်ဳပ္ခ်ဳပ္ဆို

ေတာင္ႀကီး ၾသဂုတ္ - ၁၄

193

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ UNI Energy Co.,Ltd တို႔ နမ့္နင္းေခ်ာင္းတြင္ အေသးစားေရအားလၽွပ္စစ္ထုတ္လုပ္ ႏိုင္ရန္အတြက္ လုပ္ငန္းသေဘာတူစာခ်ဳပ္ (MoA)ႏွင့္ နမ့္မေခ်ာင္းေရအားလၽွပ္စစ္ ထုတ္ယူႏိုင္ရန္အတြက္ နားလည္မႈ စာခၽႊန္လႊာ(MoU) လက္မွတ္ေရးထိုးျခင္းကို ၾသဂုတ္ ၁၄ ရက္ ညေန ၃ နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အစည္းအေဝးခန္းမ၌က်င္းပသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က  UNI Energy Co.,Ltd ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လၽွပ္စစ္ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီးတို႔သည္ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာ ၁၄ ရက္ေန႔တြင္ နမ့္နင္းေရအားလၽွပ္စစ္စီမံကိန္းအတြက္ နားလည္မႈစာခၽြန္လႊာ (MoU) လက္မွတ္ေရးထိုးခဲ့ၿပီး၊ နမ့္နင္းေရအားလၽွပ္စစ္စီမံကိန္းႏွင့္ ပတ္သက္၍ ျဖစ္ေျမာက္ႏိုင္ေျခ စမ္းသပ္တိုင္းတာ ကြင္းဆင္းေလ့လာျခင္းလုပ္ငန္းေဆာင္႐ြက္ခဲ့ရာ ျဖစ္ႏိုင္ေျခေလ့လာမႈအစီရင္ခံစာကို ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔တြင္ တင္ျပလာခဲ့ၿပီး၊ နမ့္နင္း ၃၀ မဂၢါဝပ္ ေရအားလၽွပ္စစ္စီမံကိန္း တည္ေဆာက္ႏိုင္ေရးအတြက္ သေဘာတူညီမႈ စာခ်ဳပ္ (MoA)ကို ခ်ဳပ္ဆိုရျခင္းျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ခ႐ိုင္ တာမိုးညဲၿမိဳ႕နယ္အတြင္း နမ့္နင္း ၃၀ မဂၢါဝပ္ ေရအားလၽွပ္စစ္ထုတ္လုပ္ျခင္း စီမံကိန္းကို တည္ေဆာက္ၿပီး ထြက္ရွိလာေသာ လၽွပ္စစ္ဓါတ္အားကို ေဒသအတြင္း အသုံးျပဳကာ ပိုလၽွံေသာ ဓါတ္အားကို ႏိုင္ငံေတာ္ပိုင္မဟာဓါတ္အားလိုင္းအတြင္း ထည့္သြင္းရန္ ရည္႐ြယ္ခ်က္ ထားရွိပါေၾကာင္း၊ UNI Energy Co.,Ltd မွ နမ့္နင္း ၃၀ မဂၢါဝပ္ ေရအားလၽွပ္စစ္ထုတ္လုပ္ျခင္းအတြက္ အေမရိကန္ေဒၚလာ သန္း(၅၀.၁၄၂)က်ခံရင္းႏွီးျမဳပ္ႏွံ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ UNI Energy Co.,Ltd ထံမွ ေျမအသုံးခ်မႈ ပရီမီယမ္ေၾကးအျဖစ္ က်ပ္သိန္း(၁၀၀)ရရွိမွာျဖစ္ၿပီး၊ စီမံကိန္းေဆာင္႐ြက္မည့္ ေျမငွားရမ္းခအျဖစ္ တစ္ႏွစ္လၽွင္ တစ္ဧက က်ပ္ (၅၀၀၀၀)ႏႈန္းျဖင့္ ရရွိမွာျဖစ္ကာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လုပ္ငန္းစီမံကိန္း အေကာင္အထည္ ေဖာ္ ခြင့္ျပဳသူ၏ရပိုင္ခြင့္မ်ားအေနျဖင့္ ခိုင္ေၾကးအျဖစ္ ထြက္ရွိလာေသာ ဓါတ္အားကို လစဥ္ေရာင္းခ်သည့္ လၽွပ္စစ္ယူနစ္အေပၚ ေကာက္ခံေငြတြက္ခ်က္၍ တစ္ယူနစ္လၽွင္ ၅ % ရရွိမွာျဖစ္ေၾကာင္း၊ နမ့္နင္း ၃၀ မဂၢါဝပ္ ေရအားလၽွပ္စစ္ထုတ္လုပ္ျခင္း စီမံကိန္း အေကာင္အထည္ေဖာ္ပါက အင္ဂ်င္နီယာ (၃၅) ဦးခန္႔ အေထြေထြလုပ္သား(၂၅၀)ဦးခန္႔တို႔ကို အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္မွာျဖစ္ၿပီး၊ ေရအားလၽွပ္စစ္ထုတ္လုပ္ျခင္း စီမံကိန္းမွ ထြက္ရွိလာမည့္ ဓါတ္အားမ်ားကို မူဆယ္ခ႐ိုင္၊ တာမိုးညဲ ၿမိဳ႕နယ္အတြင္းရွိ အုမၼနီေက်း႐ြာ၊ နားသီးေက်း႐ြာ၊ ႐ုံးေမွာ္ေက်း႐ြာမ်ားသို႔ ဦးစားေပးေရာင္းခ်သြားမည္ျဖစ္ကာ ပိုလၽွံေသာ လၽွပ္စစ္ဓါတ္အားမ်ားကို ကြမ္းလုံၿမိဳ႕နယ္အတြင္းသို႔ ျဖန္႔ျဖဴးေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲခ႐ိုင္၊ သီေပါၿမိဳ႕နယ္ အတြင္းနမ့္မေရအားလၽွပ္စစ္စီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ နားလည္မႈစာခၽြန္လႊာ (MoU)ကို လက္မွတ္ေရးထိုးသြားမည္ျဖစ္ေၾကာင္းေျပာၾကားသြားသည္။

ဆက္လက္၍ စီမံကိန္းလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ UNI Energy Co.,Ltd မွ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေအာင္ေဇာ္ႏိုင္က ရွင္းလင္းတင္ျပၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ လုပ္ငန္းသေဘာတူစာခ်ဳပ္ (MoA)ႏွင့္ နားလည္မႈ စာခၽႊန္လႊာ(MoU) လက္မွတ္ေရးထိုးၾကကာ လုပ္ငန္းသေဘာတူစာခ်ဳပ္ႏွင့္ နားလည္မႈ စာခၽႊန္လႊာမ်ားအား အျပန္အလွန္လဲလွယ္ၾကေၾကာင္း သိရွိရသည္။

 ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09250132943

Uni+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNI Energy Co.,Ltd တို့ သဘောတူညီမှုစာချုပ်ချုပ်ဆို

တောင်ကြီး သြဂုတ် - ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNI Energy Co.,Ltd တို့ နမ့်နင်းချောင်းတွင် အသေးစားရေအားလျှပ်စစ်ထုတ်လုပ် နိုင်ရန်အတွက် လုပ်ငန်းသဘောတူစာချုပ် (MoA)နှင့် နမ့်မချောင်းရေအားလျှပ်စစ် ထုတ်ယူနိုင်ရန်အတွက် နားလည်မှု စာချွှန်လွှာ(MoU) လက်မှတ်ရေးထိုးခြင်းကို သြဂုတ် ၁၄ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က  UNI Energy Co.,Ltd နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီးတို့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် နမ့်နင်းရေအားလျှပ်စစ်စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး၊ နမ့်နင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်မြောက်နိုင်ခြေ စမ်းသပ်တိုင်းတာ ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် တင်ပြလာခဲ့ပြီး၊ နမ့်နင်း ၃၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှု စာချုပ် (MoA)ကို ချုပ်ဆိုရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် တာမိုးညဲမြို့နယ်အတွင်း နမ့်နင်း ၃၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းကို တည်ဆောက်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓါတ်အားကို ဒေသအတွင်း အသုံးပြုကာ ပိုလျှံသော ဓါတ်အားကို နိုင်ငံတော်ပိုင်မဟာဓါတ်အားလိုင်းအတွင်း ထည့်သွင်းရန် ရည်ရွယ်ချက် ထားရှိပါကြောင်း၊ UNI Energy Co.,Ltd မှ နမ့်နင်း ၃၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ သန်း(၅၀.၁၄၂)ကျခံရင်းနှီးမြုပ်နှံ ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် UNI Energy Co.,Ltd ထံမှ မြေအသုံးချမှု ပရီမီယမ်ကြေးအဖြစ် ကျပ်သိန်း(၁၀၀)ရရှိမှာဖြစ်ပြီး၊ စီမံကိန်းဆောင်ရွက်မည့် မြေငှားရမ်းခအဖြစ် တစ်နှစ်လျှင် တစ်ဧက ကျပ် (၅၀၀၀၀)နှုန်းဖြင့် ရရှိမှာဖြစ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လုပ်ငန်းစီမံကိန်း အကောင်အထည် ဖော် ခွင့်ပြုသူ၏ရပိုင်ခွင့်များအနေဖြင့် ခိုင်ကြေးအဖြစ် ထွက်ရှိလာသော ဓါတ်အားကို လစဉ်ရောင်းချသည့် လျှပ်စစ်ယူနစ်အပေါ် ကောက်ခံငွေတွက်ချက်၍ တစ်ယူနစ်လျှင် ၅ % ရရှိမှာဖြစ်ကြောင်း၊ နမ့်နင်း ၃၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်း အကောင်အထည်ဖော်ပါက အင်ဂျင်နီယာ (၃၅) ဦးခန့် အထွေထွေလုပ်သား(၂၅၀)ဦးခန့်တို့ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာဖြစ်ပြီး၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းမှ ထွက်ရှိလာမည့် ဓါတ်အားများကို မူဆယ်ခရိုင်၊ တာမိုးညဲ မြို့နယ်အတွင်းရှိ အုမ္မနီကျေးရွာ၊ နားသီးကျေးရွာ၊ ရုံးမှော်ကျေးရွာများသို့ ဦးစားပေးရောင်းချသွားမည်ဖြစ်ကာ ပိုလျှံသော လျှပ်စစ်ဓါတ်အားများကို ကွမ်းလုံမြို့နယ်အတွင်းသို့ ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အတွင်းနမ့်မရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ UNI Energy Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဇော်နိုင်က ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းသဘောတူစာချုပ် (MoA)နှင့် နားလည်မှု စာချွှန်လွှာ(MoU) လက်မှတ်ရေးထိုးကြကာ လုပ်ငန်းသဘောတူစာချုပ်နှင့် နားလည်မှု စာချွှန်လွှာများအား အပြန်အလှန်လဲလှယ်ကြကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)

 

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 59 guests and no members online