ေတာင္ႀကီးၿမိဳ႕တြင္ Access to Health Fund, State Health Grant ၏ State Level Advocacy Meeting အစည္းအ‌ေဝးက်င္းပ

ေတာင္ႀကီးၿမိဳ႕ ၾသဂုတ္   -   ၁၅

194

ရွမ္းျပည္နယ္ကုသေရးႏွင့္ျပည္သူ႕က်န္းမာ‌ေရးဦးစီးဌာနႏွင့္ Access to Health Fund တို႔ပူး‌ေပါင္း‌ေဆာင္႐ြက္ေသာ Access to Health Fund, State Health Grant ၏ State Level Advocacy Meeting ကို ေတာင္ႀကီးၿမိဳ႕၊ ေတာင္ႀကီးဟိုတယ္ အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။

အစည္းအေဝးသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနမွ ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာသူဇာခ်စ္တင္၊ ဒု−ျပည္နယ္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာနန္းမားလိုင္းဆိုင္၊ လက္ေထာက္ၫႊန္ၾကားေရးမႉးမ်ား၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) (၂၁)ၿမိဳ႕နယ္မွ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမႉးမ်ား၊  မိတ္ဖက္အဖြဲ႕အစည္းမ်ားျဖစ္ေသာ Access to Health Fund, Relief International, Alliance, MSI၊ ျပည္နယ္ CSO ကိုယ္စားျပဳ ေမတၱာရွင္အဖြဲ႕ႏွင့္ တိုင္းရင္းသားက်န္းမာေရး အဖြဲ႕အစည္း ကိုယ္စားျပဳအျဖစ္ Shan State Development Foundation (SSDF) တို႔မွ တာဝန္ရွိသူမ်ားႏွင့္ အျခားတာဝန္ရွိပုဂၢိဳလ္မ်ား စုစုေပါင္း(၇၀)ဦး တက္ေရာက္ခဲ့ၾကၿပီး၊ အစည္းအေဝးတြင္ ရွမ္းျပည္နယ္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွအဖြင့္ အမွာစကားေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ Access to Health Fund မွ ေဒါက္တာလင္းလင္းထြန္းက Access to Health fund ျဖစ္ေပၚလာရျခင္း အေၾကာင္းႏွင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည့္လုပ္ငန္းမ်ားကို အက်ဥ္းခ်ဳပ္ေဆြးေႏြးတင္ျပခဲ့ပါသည္။ ျပည္နယ္ ကုသေရးႏွင့္ျပည္သူ႕က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာသူဇာခ်စ္တင္ႏွင့္ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာ မင္းယုေအာင္တို႔က Access to Health Fund, State Health Grant ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည့္လုပ္ငန္း မ်ားကိုရွင္းလင္းတင္ျပကာ Access to Health Fund အေထာက္အပံ့ျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား‌ ေဆာင္႐ြက္ မည့္မိတ္ဖက္အဖြဲ႕အစည္းမ်ားျဖစ္သည့္ RI, MSI, Alliance, MMA, PSI တို႔မွ ေရွ႕ဆက္ေဆာင္႐ြက္မည့္လုပ္ငန္းမ်ားကို လည္းေကာင္း၊ တိုင္းရင္းသားက်န္းမာေရး အဖြဲ႕အစည္းမ်ားမွ မိမိတို႔လက္ရွိေဆာင္႐ြက္ေနေသာ လုပ္ငန္းမ်ားႏွင့္ အေျခအေန မ်ားကိုလည္းေကာင္း ရွင္းလင္းတင္ျပခဲ့ပါသည္။ ဆက္လက္၍ တက္ေရာက္လာသူမ်ားမွ မရွင္းလင္းသည္မ်ားကို ျပန္လည္ ေဆြးေႏြးေမးျမန္းၿပီးေနာက္ ေန႔လည္ (၁၂)နာရီခြဲတြင္ အစည္းအေဝးကို ေအာင္ျမင္စြာ႐ုပ္သိမ္းခဲ့ပါသည္။

Access to Health Fund (လက္လွမ္းမီ က်န္းမာေရးေစာင့္ေရွာက္မႈ ရန္ပုံေငြ) ျဖင့္ ရွမ္းျပည္နယ္(၅၅)ၿမိဳ႕နယ္တြင္ လိုအပ္ခ်က္အႀကီးမားဆုံးျဖစ္ေသာ ၿမိဳ႕နယ္(၄၃)ၿမိဳ႕နယ္၌ ၂၀၁၉ခုႏွစ္မွ ၂၀၂၁ခုႏွစ္အထိ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္း မ်ားျဖစ္ေသာ မိခင္ႏွင့္ကေလးက်န္းမာေရးက႑၊ အာဟာရက႑၊ လိင္ႏွင့္မ်ိဳးဆက္ပြားက်န္းမာေရးက႑၊ အဆုတ္တီဘီေရာဂါ၊ ငွက္ဖ်ားေရာဂါ၊ မူးယစ္ေဆးသုံးစြဲျခင္းေၾကာင့္ ျဖစ္ေပၚလာမည့္ ေနာက္ဆက္တြဲကိစၥရပ္မ်ားႏွင့္ အက်ဥ္းေထာင္အတြင္း လိုအပ္ ေသာက်န္းမာေရးလုပ္ငန္းမ်ားကို ေဝးလံခက္ခဲေသာေဒသမ်ား၊ ပဋိပကၡျဖစ္ပြားေနေသာ ေနရာမ်ား၊ ဆင္းရဲႏြမ္းပါးသူမ်ားႏွင့္ ထိခိုက္ခံစားလြယ္ေသာ လူအုပ္စုမ်ားအတြက္ဦးစားေပး၍  အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

အစရ(ရွမ္း)

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့တွင် Access to Health Fund, State Health Grant ၏ State Level Advocacy Meeting အစည်းအ‌ဝေးကျင်းပ

တောင်ကြီးမြို့ သြဂုတ်   -   ၁၅

ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် Access to Health Fund တို့ပူး‌ပေါင်း‌ဆောင်ရွက်သော Access to Health Fund, State Health Grant ၏ State Level Advocacy Meeting ကို တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ ဒု−ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းမားလိုင်းဆိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) (၂၁)မြို့နယ်မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊  မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော Access to Health Fund, Relief International, Alliance, MSI၊ ပြည်နယ် CSO ကိုယ်စားပြု မေတ္တာရှင်အဖွဲ့နှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း ကိုယ်စားပြုအဖြစ် Shan State Development Foundation (SSDF) တို့မှ တာဝန်ရှိသူများနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြပြီး၊ အစည်းအဝေးတွင် ရှမ်းပြည်နယ် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှအဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် Access to Health Fund မှ ဒေါက်တာလင်းလင်းထွန်းက Access to Health fund ဖြစ်ပေါ်လာရခြင်း အကြောင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို အကျဉ်းချုပ်ဆွေးနွေးတင်ပြခဲ့ပါသည်။ ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းယုအောင်တို့က Access to Health Fund, State Health Grant ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်း များကိုရှင်းလင်းတင်ပြကာ Access to Health Fund အထောက်အပံ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ‌ ဆောင်ရွက် မည့်မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် RI, MSI, Alliance, MMA, PSI တို့မှ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို လည်းကောင်း၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများမှ မိမိတို့လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် အခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသူများမှ မရှင်းလင်းသည်များကို ပြန်လည် ဆွေးနွေးမေးမြန်းပြီးနောက် နေ့လည် (၁၂)နာရီခွဲတွင် အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

Access to Health Fund (လက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေ) ဖြင့် ရှမ်းပြည်နယ်(၅၅)မြို့နယ်တွင် လိုအပ်ချက်အကြီးမားဆုံးဖြစ်သော မြို့နယ်(၄၃)မြို့နယ်၌ ၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဖြစ်သော မိခင်နှင့်ကလေးကျန်းမာရေးကဏ္ဍ၊ အာဟာရကဏ္ဍ၊ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးကဏ္ဍ၊ အဆုတ်တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲကိစ္စရပ်များနှင့် အကျဉ်းထောင်အတွင်း လိုအပ် သောကျန်းမာရေးလုပ်ငန်းများကို ဝေးလံခက်ခဲသောဒေသများ၊ ပဋိပက္ခဖြစ်ပွားနေသော နေရာများ၊ ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်ခံစားလွယ်သော လူအုပ်စုများအတွက်ဦးစားပေး၍  အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အစရ(ရှမ်း)