ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ထိေတြ႕မႈျဖစ္ပြားစဥ္အတြင္း ဒဏ္ရာရရွိသူမ်ားေသဆုံးခဲ့သူမ်ားအား ေထာက္ပံ့ပစၥည္းမ်ားေပးအပ္

ေနာင္ခ်ိဳ ဩဂုတ္-၁၇

195

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မႉးႀကီး လွဦး၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္ႏွင့္ တာဝန္ရွိသူမ်ားႏွင့္အတူ ဩဂုတ္ ၁၆ရက္ မြန္းလြဲ ၂နာရီက ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေက်ာက္မဲခ႐ိုင္၊ ေနာင္ခ်ိဳၿမိဳ႕ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အစည္းအေဝးခန္းမတြင္ ၂၀၁၉ခုႏွစ္ ဩဂုတ္လ ၁၅ ရက္ေန႔က လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕မွ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရွိသူမ်ားႏွင့္ ေသဆုံးခဲ့သူမ်ားအား သြားေရာက္ေတြ႕ဆုံကာ ေထာက္ပံ့ပစၥည္းမ်ားေပးအပ္ခဲ့သည္။ 

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ထိေတြ႕မႈျဖစ္စဥ္အတြင္း က်ဆုံးခဲ့သည့္တပ္မေတာ္သားမ်ား၏ မိသားစုဝင္မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မိသားစုမ်ားကို အားေပးစကားေျပာၾကားၿပီး ေထာက္ပံ့ပစၥည္းႏွင့္ေငြသားမ်ား ေပးအပ္ရာ ဒဏ္ရာရရွိသူ(၁၃)ဦးအတြက္ တစ္ဦးလၽွင္ေငြသားက်ပ္(၁)သိန္းစီႏွင့္ေထာက္ပံ့ပစၥည္းမ်ား၊ ေသဆုံးခဲ့သည့္ တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕ဝင္ႏွင့္အရပ္သား(၁၄)ဦးအတြက္ က်န္ခဲ့သည့္မိသားစုဝင္မ်ားအား တစ္ဦးလၽွင္ငြသားက်ပ္ (၅)သိန္းစီကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားအစိုးရအဖြဲ႕ အတြင္းေရးမႉးႏွင့္ တာဝန္ရွိသူမ်ားက အသီးသီးေပးအပ္ခဲ့ၾကၿပီး က်န္ရစ္ခဲ့သည့္မိသားစုဝင္မ်ားအား လိုက္လံႏႈတ္ဆက္အားေပး ႏွစ္သိမ့္ခဲ့သည္။

ဆက္လက္၍ ဩဂုတ္(၁၅)ရက္ေန႔က လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ TNLA၊ MNDA၊ AAတို႔မွ ေနာင္ခ်ိဳၿမိဳ႕၊ ဂုတ္တြင္းတံတားအားေဖာက္ခြဲဖ်က္စီးခဲ့သည့္ေနရာသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီး တို႔ သြားေရာက္ၾကည့္႐ႈရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ခရီးသြားျပည္သူမ်ားႏွင့္ ကုန္စည္စီးဆင္းမႈအျမန္ေခ်ာေမြ႕ေစရန္ တံတားမ်ားခိုင္ခံၿပီး (၅)ရက္အတြင္း အျမန္ၿပီးစီးႏိုင္ရန္ လမ္းတံတားဦးစီးဌာနမွ တာဝန္ရွိသူမ်ားကို ျဖည့္စြက္မွာၾကားခဲ့ကာ တံတားအား လွည့္လည္ၾကည့္႐ႈ႕ၿပီး ေပါက္ကြဲမႈမရွိေသးေသာက်န္ရွိေနသည့္မိုင္းမ်ားႏွင့္ ေနာင္ခ်ိဳၿမိဳ႕အထြက္ရွိ မူးယစ္စစ္ေဆးေရးဂိတ္အား ဝင္ေရာက္ပစ္ခတ္မီး႐ႈိ႕ဖ်က္ဆီးထားရွိမႈတို႔ကို ဝင္ေရာက္ၾကည့္႐ႈ ခဲ့ၾကေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09250132943

(Unicode)+++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထိတွေ့မှုဖြစ်ပွားစဉ်အတွင်း ဒဏ်ရာရရှိသူများသေဆုံးခဲ့သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

နောင်ချို ဩဂုတ်-၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၆ရက် မွန်းလွဲ ၂နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၁၉ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရှိသူများနှင့် သေဆုံးခဲ့သူများအား သွားရောက်တွေ့ဆုံကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။ 

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ထိတွေ့မှုဖြစ်စဉ်အတွင်း ကျဆုံးခဲ့သည့်တပ်မတော်သားများ၏ မိသားစုဝင်များနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများကို အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းနှင့်ငွေသားများ ပေးအပ်ရာ ဒဏ်ရာရရှိသူ(၁၃)ဦးအတွက် တစ်ဦးလျှင်ငွေသားကျပ်(၁)သိန်းစီနှင့်ထောက်ပံ့ပစ္စည်းများ၊ သေဆုံးခဲ့သည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နှင့်အရပ်သား(၁၄)ဦးအတွက် ကျန်ခဲ့သည့်မိသားစုဝင်များအား တစ်ဦးလျှင်ငွသားကျပ် (၅)သိန်းစီကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး ကျန်ရစ်ခဲ့သည့်မိသားစုဝင်များအား လိုက်လံနှုတ်ဆက်အားပေး နှစ်သိမ့်ခဲ့သည်။

ဆက်လက်၍ ဩဂုတ်(၁၅)ရက်နေ့က လက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA၊ MNDA၊ AAတို့မှ နောင်ချိုမြို့၊ ဂုတ်တွင်းတံတားအားဖောက်ခွဲဖျက်စီးခဲ့သည့်နေရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီး တို့ သွားရောက်ကြည့်ရှုရာ ပြည်နယ်ဝန်ကြီးချုပ်မှ ခရီးသွားပြည်သူများနှင့် ကုန်စည်စီးဆင်းမှုအမြန်ချောမွေ့စေရန် တံတားများခိုင်ခံပြီး (၅)ရက်အတွင်း အမြန်ပြီးစီးနိုင်ရန် လမ်းတံတားဦးစီးဌာနမှ တာဝန်ရှိသူများကို ဖြည့်စွက်မှာကြားခဲ့ကာ တံတားအား လှည့်လည်ကြည့်ရှု့ပြီး ပေါက်ကွဲမှုမရှိသေးသောကျန်ရှိနေသည့်မိုင်းများနှင့် နောင်ချိုမြို့အထွက်ရှိ မူးယစ်စစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခတ်မီးရှို့ဖျက်ဆီးထားရှိမှုတို့ကို ဝင်ရောက်ကြည့်ရှု ခဲ့ကြကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 91 guests and no members online