ရှမ်းပြည်နယ်သတင်းများ

ႏိုင္ငံတစ္ဝန္း မႈခင္းစီမံခန္႔ခြဲမႈအစီအစဥ္ (National Case Management Program) တစ္ႏွစ္တာေဆာင္႐ြက္ခ်က္အား ျပန္လည္သုံးသပ္ေဆြးေႏြး

ေတာင္ႀကီး ဩဂုတ္ - ၁၇

196

ရွမ္းျပည္နယ္တရားလႊတ္ေတာ္မွ ႀကီးမႉးက်င္းပသည့္ ႏိုင္ငံတစ္ဝန္း မႈခင္းစီမံခန္႔ခြဲမႈအစီအစဥ္ (National Case Management Program) တစ္ႏွစ္တာေဆာင္႐ြက္ခ်က္အား ျပန္လည္သုံးသပ္ျခင္းႏွင့္ လုပ္ငန္းၫွိႏႈိင္း ေဆြးေႏြးပြဲကို ဩဂုတ္ ၁၇ ရက္ နံနက္ ၈ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ႏိုင္ငံကို တိုင္းရင္းသားအားလုံး ဥမကြဲ သိုက္မပ်က္ စုေပါင္းမွီတင္းေနထိုင္သည့္ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုႏိုင္ငံ ထူေထာင္ႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနခ်ိန္ တြင္ က႑တိုင္း၊ ကိစၥရပ္တိုင္းတြင္ အခက္အခဲမ်ားစြာႏွင့္ စိန္ေခၚမႈမ်ားစြာတို႔ျဖင့္ ႀကဳံေတြ႕ေနရသည္ကို အခမ္းအနား တက္ေရာက္လာၾကသည့္ပုဂၢိဳလ္မ်ားအားလုံး သိရွိၿပီးျဖစ္ေၾကာင္း၊ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးသည္ အေရးႀကီးၿပီး တရားဥပေဒစိုးမိုးမွသာ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမွာျဖစ္၍ တရားဥပေဒစိုးမိုးေရးကိစၥရပ္ႏွင့္စပ္လ်ဥ္းၿပီး စိန္ေခၚမႈ အခက္အခဲမ်ားစြာကို ႀကဳံေတြ႕ရမည္ျဖစ္ေၾကာင္း၊ တရားဥပေဒစိုးမိုးႏိုင္ရန္ ဥပေဒျပဳမ႑ိဳင္ျဖစ္သည့္ လႊတ္ေတာ္ အသီးသီးက ႏိုင္ငံအက်ိဳးစီးပြား၊ ျပည္သူတို႔၏ အက်ိဳးစီးပြား ကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္ ျဖစ္ထြန္းေစရန္တို႔ အတြက္ ဥပေဒမ်ား ေရးဆြဲျပဌာန္းရန္ လိုအပ္သကဲ့သို႔ ဥပေဒမ်ားသည္ ေရရွည္တည္တံ့ၿပီး အမ်ားျပည္သူလိုက္နာ ႏိုင္သည့္ တရားမၽွတေသာ ဥပေဒျဖစ္ရန္ လိုအပ္ပါေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ ဥပေဒကျပဌာန္းေသာ ႏိုင္ငံသား တာဝန္မ်ားကို ေက်ပြန္ၿပီး ဥပေဒျပဌာန္းခ်က္မ်ားကို ေလးစားလိုက္နာၾကရန္ႏွင့္ စတုတၳမ႑ိဳင္ျဖစ္သည့္ မီဒီယာမ႑ိဳင္ကလည္း အထက္ပါမ႑ိဳင္ ၃ ရပ္ကို ထိန္းေက်ာင္းကာ ျပည္သူမ်ားအတြက္ သိသင့္သိထိုက္ေသာ သတင္းမ်ားထုတ္ျပန္ရန္၊ ျပည္သူမ်ားအက်ိဳးစီးပြားကို ကာကြယ္ရန္၊ ျပည္သူမ်ားဘက္မွ ရပ္တည္ရန္စသည္ျဖင့္ လိုအပ္မွာျဖစ္ေၾကာင္း၊ မ႑ိဳင္အားလုံးသည္ တရားဥပေဒစိုးမိုးေရးႏွင့္စပ္လ်ဥ္းၿပီး မိမိတို႔မ႑ိဳင္အလိုက္ ထမ္းေဆာင္ရမည့္တာဝန္မ်ားကို ေလးစားလိုက္နာရန္ႏွင့္ ႏိုင္ငံတစ္ဝွမ္းတရားဥပေဒစိုးမိုးမႈရရွိ၍ တည္ၿငိမ္ေအးခ်မ္း သြားမွာျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္တရားလႊတ္ေတာ္ ျပည္နယ္တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္မွ ႏိုင္ငံတစ္ဝန္း မႈခင္းစီမံခန္႔ခြဲမႈအစီအစဥ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈအေပၚ သုံးသပ္အမွာစကားေျပာၾကားသည္။ အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ျပည္နယ္ တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ရွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕ဝင္မ်ား၊ ျပည္နယ္/ခ႐ိုင္/ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူ မ်ား၊ တရားေရးမွ တာဝန္ရွိအရာရွိမ်ား၊ ႏိုင္ငံတကာလူမႈေရးအဖြဲ႕အစည္းမ်ား (INGO)၊ ျပည္တြင္းလူမႈေရးအဖြဲ႕ အစည္းမ်ား (NGO)၊ သတင္းမီဒီယာမ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09250132943

(Unicode)++++

နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program) တစ်နှစ်တာဆောင်ရွက်ချက်အား ပြန်လည်သုံးသပ်ဆွေးနွေး

တောင်ကြီး ဩဂုတ် - ၁၇

ရှမ်းပြည်နယ်တရားလွှတ်တော်မှ ကြီးမှူးကျင်းပသည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program) တစ်နှစ်တာဆောင်ရွက်ချက်အား ပြန်လည်သုံးသပ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံကို တိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မပျက် စုပေါင်းမှီတင်းနေထိုင်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ရေးအတွက် ဆောင်ရွက်နေချိန် တွင် ကဏ္ဍတိုင်း၊ ကိစ္စရပ်တိုင်းတွင် အခက်အခဲများစွာနှင့် စိန်ခေါ်မှုများစွာတို့ဖြင့် ကြုံတွေ့နေရသည်ကို အခမ်းအနား တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များအားလုံး သိရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရားဥပဒေစိုးမိုးမှသာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှာဖြစ်၍ တရားဥပဒေစိုးမိုးရေးကိစ္စရပ်နှင့်စပ်လျဉ်းပြီး စိန်ခေါ်မှု အခက်အခဲများစွာကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးနိုင်ရန် ဥပဒေပြုမဏ္ဍိုင်ဖြစ်သည့် လွှတ်တော် အသီးသီးက နိုင်ငံအကျိုးစီးပွား၊ ပြည်သူတို့၏ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်နိုင်ရန် ဖြစ်ထွန်းစေရန်တို့ အတွက် ဥပဒေများ ရေးဆွဲပြဌာန်းရန် လိုအပ်သကဲ့သို့ ဥပဒေများသည် ရေရှည်တည်တံ့ပြီး အများပြည်သူလိုက်နာ နိုင်သည့် တရားမျှတသော ဥပဒေဖြစ်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ဥပဒေကပြဌာန်းသော နိုင်ငံသား တာဝန်များကို ကျေပွန်ပြီး ဥပဒေပြဌာန်းချက်များကို လေးစားလိုက်နာကြရန်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာမဏ္ဍိုင်ကလည်း အထက်ပါမဏ္ဍိုင် ၃ ရပ်ကို ထိန်းကျောင်းကာ ပြည်သူများအတွက် သိသင့်သိထိုက်သော သတင်းများထုတ်ပြန်ရန်၊ ပြည်သူများအကျိုးစီးပွားကို ကာကွယ်ရန်၊ ပြည်သူများဘက်မှ ရပ်တည်ရန်စသည်ဖြင့် လိုအပ်မှာဖြစ်ကြောင်း၊ မဏ္ဍိုင်အားလုံးသည် တရားဥပဒေစိုးမိုးရေးနှင့်စပ်လျဉ်းပြီး မိမိတို့မဏ္ဍိုင်အလိုက် ထမ်းဆောင်ရမည့်တာဝန်များကို လေးစားလိုက်နာရန်နှင့် နိုင်ငံတစ်ဝှမ်းတရားဥပဒေစိုးမိုးမှုရရှိ၍ တည်ငြိမ်အေးချမ်း သွားမှာဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ် သုံးသပ်အမှာစကားပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ တရားရေးမှ တာဝန်ရှိအရာရှိများ၊ နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းများ (INGO)၊ ပြည်တွင်းလူမှုရေးအဖွဲ့ အစည်းများ (NGO)၊ သတင်းမီဒီယာများ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 48 guests and no members online