ရှမ်းပြည်နယ်သတင်းများ

ေက်ာင္းက်န္းမာေရးအဆင့္ျမႇင့္စံျပေက်ာင္းမ်ား ဆုေပးပြဲက်င္းပ

ေတာင္ႀကီး ဩဂုတ္ - ၁၇

197

ျပည္နယ္အဆင့္ ေက်ာင္းက်န္းမာေရးသီတင္းပတ္လႈပ္ရွားမႈဖြင့္ပြဲႏွင့္ ေက်ာင္းက်န္းမာေရးအဆင့္ျမႇင့္စံျပ ေက်ာင္းမ်ား ဆုေပးပြဲကို ဩဂုတ္ ၁၇ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ အမွတ္(၁) အေျခခံပညာအထက္တန္း ေက်ာင္း၊ ေဒၚခင္သိန္းခန္းမေဆာင္၌ က်င္းပသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျမန္မာႏိုင္ငံတစ္ဝန္းလုံးရွိ အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းက်န္းမာေရးအဆင့္ျမႇင့္ေက်ာင္းလုပ္ငန္းမ်ားကို အေကာင္ထည္ေဖာ္လ်က္ရွိရာ စီမံခန္႔ခြဲမႈ အေထာက္အကူ ျပဳ က်န္းမာေရးသတင္းစနစ္အခ်က္အလက္မ်ားအရ ၂၀၁၅ ခုႏွစ္တြင္ ၃၈.၈ ရာခိုင္ႏႈန္းႏွင့္ ၂၀၁၈ ခုႏွစ္တြင္ ၄၂ ရာခိုင္ႏႈန္းသာ က်န္းမာေရးအဆင့္ျမႇင့္ေက်ာင္း လုပ္ငန္းစဥ္မ်ားကို ျပည့္မီေအာင္ ေဆာင္႐ြက္ႏိုင္သည္ကို သိရွိရၿပီး ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ ေတာင္ႀကီးၿမိဳ႕ရွိ ေက်ာင္းအခ်ိဳ႕တြင္ က်န္းမာေရးအဆင့္ျမႇင့္ေက်ာင္းလုပ္ငန္းစဥ္မ်ား ျပည့္မီေအာင္ေဆာင္႐ြက္ႏိုင္သည္ကို သိရွိရပါေၾကာင္း၊ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၁၂ ရက္ေန႔ႏွင့္ ၁၃ ရက္ေန႔မ်ား၌ က်င္းပ ျပဳလုပ္ခဲ့ေသာ က်န္းမာေရးအဆင့္ျမႇင့္ေက်ာင္းလုပ္ငန္းမ်ား အရွိန္အဟုန္ျမင့္တင္ေရး အမ်ိဳးသားအဆင့္ ႏွီးေႏွာဖလွယ္ပြဲတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က အေျခခံပညာေက်ာင္းမ်ားႏွင့္ တကၠသိုလ္မ်ားတြင္ မူးယစ္ေဆးဝါးအႏၲရာယ္ကင္းစင္ပေပ်ာက္ေရး၊ ေဆးလိပ္ ေဆး႐ြက္ႀကီးႏွင့္ ကြမ္းယာသုံးစြဲမႈ ကင္းစင္ပေပ်ာက္ေရး၊ အရက္အလြန္အကၽြံေသာက္သုံးျခင္းႏွင့္ ေနာက္ဆက္တြဲအႏၲရာယ္မ်ား ေလ်ာ့ခ်ေရး၊ က်န္းမာေရးႏွင့္ ညီၫြတ္သည့္ လူေနမႈဘဝပုံစံမ်ား လိုက္နာက်င့္သုံးေဆာင္႐ြက္ေရး၊ ယာဥ္အႏၲရာယ္ႏွင့္ လမ္းအႏၲရာယ္တို႔ေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိမႈ ေလ်ာ့နည္းပေပ်ာက္ေရး၊ မ်ိဳးဆက္ပြားက်န္းမာေရးဆိုင္ရာ အသိပညာဗဟုသုတမ်ားကို ထည့္သြင္းသင္ၾကား ေပးႏိုင္ေရးႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားတြင္ ဂိမ္းအလြန္အကၽြံစြဲလန္းမႈ ပေပ်ာက္ေရးလုပ္ငန္းစဥ္မ်ားကို အရွိန္အဟုန္ျမင့္ေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္၍ ေဆြးေႏြးသြားၾကမည္ဟု သိရပါေၾကာင္း၊ ႏွီးေႏွာဖလွယ္ပြဲ၏ ရလဒ္ အေနျဖင့္ တစ္ႏိုင္ငံလုံးရွိ ေက်ာင္းမ်ား/ တကၠသိုလ္မ်ားတြင္ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ေရး သက္ဆိုင္သူ မ်ားအားလုံး ပညာေရးဝန္ႀကီးဌာနက အထူးအေလးထားေဆာင္႐ြက္သြားၾကမည္ဟု ေမၽွာ္လင့္ပါေၾကာင္း ထည့္သြင္း မွာၾကားခဲ့သည္ကို ေျပာၾကားသြားသည္။

ဆက္လက္၍ ၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္၏ ေက်ာင္းက်န္းမာေရးစံျပေက်ာင္းဆုရရွိေသာ ေက်ာင္းမ်ား အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ဇနီး ေဒၚနန္းေ႐ႊျမင့္တို႔က ဆုခ်ီးျမႇင့္ေပး ၍ လည္းေကာင္း၊ က်န္းမာေစေၾကာင္း အေလ့အက်င့္ေကာင္းမ်ားႏွင့္ပတ္သက္၍ စာစီစာကုံး၊ ကာတြန္း၊ ပန္းခ်ီႏွင့္ ကဗ်ာၿပိဳင္ပြဲတြင္ ဆုရေက်ာင္းသား/ေက်ာင္းသူမ်ားအား ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္မွ ဆုခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ စံျပေက်ာင္းေ႐ြးခ်ယ္ျခင္းလုပ္ငန္းအား စဥ္ဆက္မျပတ္အားျဖည့္ကူညီေပးေသာ ေမာ္ေတာ္ယာဥ္ထိန္းသိမ္းေရးဌာန ဥကၠဌ ဦးသန္းေက်ာ္အား ေက်းဇူးတင္ဂုဏ္ျပဳလႊာကို ပညာေရးဌာနမွ တာဝန္ရွိသူတစ္ဦးတို႔က ဆုမ်ားအသီးသီး ခ်ီးျမႇင့္ေပးၾကသည္။

ထို႔ေနာက္ အမွတ္(၅) အေျခခံပညာအထက္တန္းမွ ေက်ာင္းေက်ာင္းသား/ေက်ာင္းသူမ်ားမွ အနာဂတ္ပန္း မ်ား လန္းဆန္းဖို႔ ဝိုင္းဝန္း ပါဝင္ပူးေပါင္းစို႔ ေတးသ႐ုပ္ေဖာ္တင္ဆက္ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားက ေက်ာင္းသား/ ေက်ာင္းသူမ်ားအား အဟာရေကၽြးေမြးေနမႈႏွင့္ ေက်ာင္းက်န္းမာေရးဌာနမွ က်န္းမာေရးစစ္ေဆး ေပးေနမႈတို႔ကို လွည့္လည္ ၾကည့္႐ႈအားေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09250132943

(Unicode)++++

ကျောင်းကျန်းမာရေးအဆင့်မြှင့်စံပြကျောင်းများ ဆုပေးပွဲကျင်းပ

တောင်ကြီး ဩဂုတ် - ၁၇

ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုဖွင့်ပွဲနှင့် ကျောင်းကျန်းမာရေးအဆင့်မြှင့်စံပြ ကျောင်းများ ဆုပေးပွဲကို ဩဂုတ် ၁၇ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ ဒေါ်ခင်သိန်းခန်းမဆောင်၌ ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများကို အကောင်ထည်ဖော်လျက်ရှိရာ စီမံခန့်ခွဲမှု အထောက်အကူ ပြု ကျန်းမာရေးသတင်းစနစ်အချက်အလက်များအရ ၂၀၁၅ ခုနှစ်တွင် ၃၈.၈ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၄၂ ရာခိုင်နှုန်းသာ ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်သည်ကို သိရှိရပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီးမြို့ရှိ ကျောင်းအချို့တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များ ပြည့်မီအောင်ဆောင်ရွက်နိုင်သည်ကို သိရှိရပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များ၌ ကျင်းပ ပြုလုပ်ခဲ့သော ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ပပျောက်ရေး၊ ဆေးလိပ် ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံသောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြား ပေးနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများတွင် ဂိမ်းအလွန်အကျွံစွဲလန်းမှု ပပျောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆွေးနွေးသွားကြမည်ဟု သိရပါကြောင်း၊ နှီးနှောဖလှယ်ပွဲ၏ ရလဒ် အနေဖြင့် တစ်နိုင်ငံလုံးရှိ ကျောင်းများ/ တက္ကသိုလ်များတွင် လက်တွေ့အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်သူ များအားလုံး ပညာရေးဝန်ကြီးဌာနက အထူးအလေးထားဆောင်ရွက်သွားကြမည်ဟု မျှော်လင့်ပါကြောင်း ထည့်သွင်း မှာကြားခဲ့သည်ကို ပြောကြားသွားသည်။

ဆက်လက်၍ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်၏ ကျောင်းကျန်းမာရေးစံပြကျောင်းဆုရရှိသော ကျောင်းများ အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီး ဒေါ်နန်းရွှေမြင့်တို့က ဆုချီးမြှင့်ပေး ၍ လည်းကောင်း၊ ကျန်းမာစေကြောင်း အလေ့အကျင့်ကောင်းများနှင့်ပတ်သက်၍ စာစီစာကုံး၊ ကာတွန်း၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ စံပြကျောင်းရွေးချယ်ခြင်းလုပ်ငန်းအား စဉ်ဆက်မပြတ်အားဖြည့်ကူညီပေးသော မော်တော်ယာဉ်ထိန်းသိမ်းရေးဌာန ဥက္ကဌ ဦးသန်းကျော်အား ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးတို့က ဆုများအသီးသီး ချီးမြှင့်ပေးကြသည်။

ထို့နောက် အမှတ်(၅) အခြေခံပညာအထက်တန်းမှ ကျောင်းကျောင်းသား/ကျောင်းသူများမှ အနာဂတ်ပန်း များ လန်းဆန်းဖို့ ဝိုင်းဝန်း ပါဝင်ပူးပေါင်းစို့ တေးသရုပ်ဖော်တင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများအား အဟာရကျွေးမွေးနေမှုနှင့် ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးစစ်ဆေး ပေးနေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

 

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 65 guests and no members online