ရှမ်းပြည်နယ်သတင်းများ

အာဟာရက႑ ျပဳျပင္ေျပာင္းလဲေရး သေဘာတူညီမႈစာခ်ဳပ္ဆိုင္ရာ ၫွိႏႈိင္းေဆြးေႏြး

ေတာင္ႀကီး ၾသဂုတ္   −   ၁၉

198

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန အမ်ိဳးသားအာဟာရဖြံ႕ၿဖိဳးေရးႏွင့္ သုေတသနဌာနခြဲမွ ဦးေဆာင္၍ ဆက္စပ္ ဝန္ႀကီးဌာနမ်ား ပါဝင္ေရးဆြဲထားေသာ MS-NPAN ၏ဦးစားေပး ေ႐ြးခ်ယ္ထားသည့္ တိုင္းေဒသႀကီး/ျပည္နယ္(၇)ခုတို႔တြင္ ရွမ္းျပည္နယ္ပါဝင္ေနၿပီး၊ ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားကို ဧရာဝတီတိုင္းေဒသႀကီးတြင္ ကနဦးေဆြးေႏြးပြဲမ်ား ေဆာင္႐ြက္ ကာ ယခုၾသဂုတ္(၁၉)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ အာဟာရက႑ ျပဳျပင္ေျပာင္းလဲေရး သေဘာတူညီမႈစာခ်ဳပ္ဆိုင္ရာ ျပည္နယ္အဆင့္ၫွိႏႈိင္းေဆြးေႏြးပြဲ က်င္းပေၾကာင္းသိရသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္တြင္ ေရရွည္အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ ငါးႏွစ္ေအာက္ကေလး မ်ားအရပ္ပုမႈသည္ ၃၆.၅% ရွိေနၿပီး တတိယအမ်ားဆုံးျဖစ္ေနေၾကာင္း၊ ရွမ္းျပည္နယ္တြင္ အာဟာရခ်ိဳ႕တဲ့မႈ ေလ်ာ့က်ေရးကို ဝန္ႀကီးဌာနမ်ား ပူးေပါင္းေဆာင္႐ြက္ရန္လိုေနၿပီး၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ဆည္ေျမာင္းဝန္ႀကီးဌာနမွလည္း အျခားေသာ ဝန္ႀကီးဌာနမ်ားႏွင့္ ခ်ိတ္ဆက္ၿပီး အထူးအေလးထား ေဆာင္႐ြက္ေနပါေၾကာင္း၊ က႑ေပါင္းစုံပူးေပါင္းပါဝင္ေသာ အမ်ိဳးသား အာဟာရဖြံ႕ၿဖိဳးမႈဆိုင္ရာ လုပ္ငန္းအစီအစဥ္ကို စိုက္ပ်ိဳးေရးဖြံ႕ၿဖိဳးမႈ မဟာဗ်ဴဟာႏွင့္ ခ်ိတ္ဆက္ကာ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ မ်ားအတြင္း အာဟာရဓာတ္ခ်ိဳ႕တဲ့မႈ ေလ်ာ့နည္းပေပ်ာက္ေရးကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရမွာ ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္သည္ ေျမဧရိယာအလြန္က်ယ္ျပန္႔ၿပီး ၿမိဳ႕နယ္မ်ားအလိုက္ မတူကြဲျပားျခားနားေသာ အေျခအေနမ်ား အမ်ိဳးမ်ိဳး ရွိႏိုင္သည့္အတြက္ စီမံကိန္းလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အာဟာရခ်ိဳ႕တဲ့မႈကို ျဖစ္ေစေသာ ေနာက္ခံအေၾကာင္းအရင္းမ်ား၊ တိုက္႐ိုက္အေၾကာင္းအရင္းမ်ားကို ဦးတည္ေျဖရွင္းေသာ လုပ္ငန္းမ်ားျဖစ္ရန္လိုအပ္ၿပီး၊ ၿမိဳ႕နယ္အသီးသီးတြင္ ရွိေနေသာ အရင္းအျမစ္မ်ားကို အထိအေရာက္ဆုံး အသုံးျပဳရန္ႏွင့္ အက်ိဳးျဖစ္ထြန္းမႈ အမ်ားဆုံးျဖစ္ေစေသာ လုပ္ငန္းမ်ားကို ဦးစားေပး ေဆာင္႐ြက္ရန္ အေရးႀကီးေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန စီမံကိန္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ေဆြလင္းမွ အမွာစကားေျပာၾကားၿပီး၊ ဥေရာပသမဂၢအဖြဲ႕အစည္း၏ Deputy head of cooperation ျဖစ္သူ Mr.Pedro မွအမွာစကားေျပာၾကားၾကသည္။ အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန စီမံကိန္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဥေရာပ သမဂၢအဖြဲ႕အစည္း(EU) မွ Head of cooperation, Mr. Pedro, Mr. Alvaro Ortega Aparicio ကၽြမ္းက်င္ပညာရွင္မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရ သည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူညီမှုစာချုပ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေး

တောင်ကြီး သြဂုတ်   −   ၁၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဦးဆောင်၍ ဆက်စပ် ဝန်ကြီးဌာနများ ပါဝင်ရေးဆွဲထားသော MS-NPAN ၏ဦးစားပေး ရွေးချယ်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်(၇)ခုတို့တွင် ရှမ်းပြည်နယ်ပါဝင်နေပြီး၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဧရာဝတီတိုင်းဒေသကြီးတွင် ကနဦးဆွေးနွေးပွဲများ ဆောင်ရွက် ကာ ယခုသြဂုတ်(၁၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူညီမှုစာချုပ်ဆိုင်ရာ ပြည်နယ်အဆင့်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပကြောင်းသိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်တွင် ရေရှည်အာဟာရချို့တဲ့မှုကြောင့် ငါးနှစ်အောက်ကလေး များအရပ်ပုမှုသည် ၃၆.၅% ရှိနေပြီး တတိယအများဆုံးဖြစ်နေကြောင်း၊ ရှမ်းပြည်နယ်တွင် အာဟာရချို့တဲ့မှု လျော့ကျရေးကို ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရန်လိုနေပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာနမှလည်း အခြားသော ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပြီး အထူးအလေးထား ဆောင်ရွက်နေပါကြောင်း၊ ကဏ္ဍပေါင်းစုံပူးပေါင်းပါဝင်သော အမျိုးသား အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ် များအတွင်း အာဟာရဓာတ်ချို့တဲ့မှု လျော့နည်းပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် မြေဧရိယာအလွန်ကျယ်ပြန့်ပြီး မြို့နယ်များအလိုက် မတူကွဲပြားခြားနားသော အခြေအနေများ အမျိုးမျိုး ရှိနိုင်သည့်အတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဟာရချို့တဲ့မှုကို ဖြစ်စေသော နောက်ခံအကြောင်းအရင်းများ၊ တိုက်ရိုက်အကြောင်းအရင်းများကို ဦးတည်ဖြေရှင်းသော လုပ်ငန်းများဖြစ်ရန်လိုအပ်ပြီး၊ မြို့နယ်အသီးသီးတွင် ရှိနေသော အရင်းအမြစ်များကို အထိအရောက်ဆုံး အသုံးပြုရန်နှင့် အကျိုးဖြစ်ထွန်းမှု အများဆုံးဖြစ်စေသော လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းမှ အမှာစကားပြောကြားပြီး၊ ဥရောပသမဂ္ဂအဖွဲ့အစည်း၏ Deputy head of cooperation ဖြစ်သူ Mr.Pedro မှအမှာစကားပြောကြားကြသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဥရောပ သမဂ္ဂအဖွဲ့အစည်း(EU) မှ Head of cooperation, Mr. Pedro, Mr. Alvaro Ortega Aparicio ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြကြောင်း သိရှိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 56 guests and no members online