ျပည္နယ္အဆင့္ ေက်ာင္းက်န္းမာေရးသီတင္းပတ္လႈပ္ရွားမႈ အထိမ္းအမွတ္ဖြင့္ပြဲ က်င္းပ

က်ိဳင္းတုံ ဩဂုတ္ - ၂၀

199

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ပညာေရးမႉး ဦးေအာင္ေက်ာ္ျမင့္၊ တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမႉး ဦးေအာင္သင္းတို႔အဖြဲ႕သည္ ၂၀၁၉ ဩဂုတ္လ ၁၉  ရက္ မြန္းလြဲ ၃ နာရီက တာခ်ီလိတ္ၿမိဳ႕နယ္၊ အ.မ.က (ခြဲ) ေဟြဟြယ္ေက်ာင္းသို႔ သြားေရာက္ၿပီး UWS မွ ကူညီပံ့ပိုးေနမႈမ်ားကို သြားေရာက္ၾကည့္႐ႈ အားေပးစကားေျပာၾကားခဲ့သည္။

ထို႔ေနာက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ေက်ာင္းသားလူငယ္တစ္ရပ္လုံးတြင္ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ လူေနမႈပုံစံမ်ား သိရွိက်င့္သုံးစြဲၿမဲေစရန္၊ က်န္းမာေရးအဆင့္အတန္း တိုးတက္ျမင့္မားလာေစရန္ႏွင့္ ေက်ာင္းက်န္းမာ ေရး သီတင္းပတ္လႈပ္ရွားမႈမ်ား၊ ေက်ာင္းက်န္းမာေရးလုပ္ငန္းစဥ္မ်ားကို ျပည္သူလူထုႏွင့္ ေက်ာင္းသားမိဘမ်ား ပိုမိုသိရွိၿပီး ပိုမိုပူးေပါင္းေဆာင္႐ြက္လာႏိုင္ေစရန္ ရည္႐ြယ္၍ ျပည္နယ္အဆင့္ ေက်ာင္းက်န္းမာေရးသီတင္းပတ္ လႈပ္ရွားမႈ အထိမ္းအမွတ္ဖြင့္ပြဲ အခမ္းအနားကို ဩဂုတ္လ ၂၀ ရက္ေန႔ နံနက္ ၉ နာရီက က်ိဳင္းတုံၿမိဳ႕၊ Amazing Hotel အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္းသိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအေနျဖင့္ ပညာေရးဝန္ႀကီးဌာနႏွင့္ ပူးေပါင္းၫွိႏႈိင္းၿပီး ႏွစ္စဥ္ဩဂုတ္လ ဒုတိယပါတ္ကို ေက်ာင္းက်န္းမာေရးသီတင္းပတ္အျဖစ္ သတ္မွတ္ၿပီး ေက်ာင္းက်န္းမာေရးလုပ္ငန္းစဥ္မ်ားကို တစ္ႏိုင္ငံလုံးအတိုင္း အတာျဖင့္ ေဆာင္႐ြက္လၽွက္ရွိပါေၾကာင္း အဖြင့္အမွာစကား၌ ေျပာၾကားၿပီး ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ေက်ာင္းက်န္းမာေရး စံျပဆုရေက်ာင္းမ်ားႏွင့္ ဆုဥေက်ာင္းသား/ ေက်ာင္းသူမ်ားအား ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔က ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ကာ စုေပါင္းမွတ္တမ္းဓာတ္ပုံမ်ား ႐ိုက္ကူးၾကသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုး၊ ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးရဲႏိုင္၊ ျပည္နယ္/ ခ႐ိုင္/ ၿမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ စံျပဆုရေက်ာင္းမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

အစရ(ရွမ္း)

(Unicode)++++++

ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်ဖွင့်ပွဲ ကျင်းပ

ကျိုင်းတုံ ဩဂုတ် - ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်၊ တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးအောင်သင်းတို့အဖွဲ့သည် ၂၀၁၉ ဩဂုတ်လ ၁၉  ရက် မွန်းလွဲ ၃ နာရီက တာချီလိတ်မြို့နယ်၊ အ.မ.က (ခွဲ) ဟွေဟွယ်ကျောင်းသို့ သွားရောက်ပြီး UWS မှ ကူညီပံ့ပိုးနေမှုများကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ သိရှိကျင့်သုံးစွဲမြဲစေရန်၊ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းကျန်းမာ ရေး သီတင်းပတ်လှုပ်ရှားမှုများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့် ကျောင်းသားမိဘများ ပိုမိုသိရှိပြီး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့၊ Amazing Hotel အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်းပြီး နှစ်စဉ်ဩဂုတ်လ ဒုတိယပါတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်လျှက်ရှိပါကြောင်း အဖွင့်အမှာစကား၌ ပြောကြားပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းကျန်းမာရေး စံပြဆုရကျောင်းများနှင့် ဆုဥကျောင်းသား/ ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုး၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စံပြဆုရကျောင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

 

အစရ(ရှမ်း)