ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ International Finance Corporation (IFC) မွ Mr. Bas Rozemuller အဖြဲ႕ႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ၾသဂုတ္   −   ၂၁

200

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္၊ ျပည္နယ္စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ အစိုးရအဖြဲ႕အတြင္းေရးမႉးဦးစိုးစိုးေဇာ္၊ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္အတူ ၾသဂုတ္(၂၁)ရက္ နံနက္(၁၁)နာရီ ကေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕႐ုံး ျပည္နယ္ဝန္ႀကီးခ်ဳပ္Callခန္းမ၌ ရွမ္းျပည္နယ္ရွိ ေမြးျမဴေရးစက္႐ုံမ်ားအေပၚ ရင္းႏွီးျမႇဳပ္ႏွံမႈမူဝါဒမ်ား၊ လုပ္ထုံး လုပ္နည္းမ်ားႏွင့္ အစိုးရ၏ရည္မွန္းခ်က္မ်ား၊ အခြင့္အလမ္းကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ International Finance Corporation (IFC) မွ Mr. Bas Rozemuller အဖြဲ႕ႏွင့္ေတြ႕ဆုံေၾကာင္းသိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္မည့္အခမ္းအနားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးမ်ား ကိုဖိတ္ၾကားလိုေၾကာင္း၊ ဖြင့္ပြဲကိုေအာက္တိုဘာလတြင္ စီစဥ္ထားပါေၾကာင္းႏွင့္ ယခုလာေရာက္ေတြ႕ဆုံရသည္မွာ ျမန္မာျပည္ တြင္ျဖစ္ေပၚေနေသာ ဝက္ျပႆနာမ်ားႏွင့္ပတ္သက္၍ လာေရာက္ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္း၊ ေတာင္သူလယ္သမားႏွင့္ လုပ္ငန္းရွင္မ်ားကိုဖိတ္ၾကားၿပီး ျပႆနာကိုရင္ဆိုင္ေျဖရွင္းႏိုင္ရန္ စီစဥ္ထားပါေၾကာင္း၊ ပုဂၢလိကက႑တြင္ ထုတ္လုပ္မႈႏွင့္ အျမတ္အစြန္းပိုမိုရရွိေအာင္ သန္႔ရွင္းေသာပုဂၢလိကမ်ားကို စနစ္တက်ေဆာင္႐ြက္ေပးျခင္း၊ ဝက္သားမ်ားထုတ္လုပ္ျခင္းက႑ တြင္အစားအစာမ်ားကို စမ္းသပ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ကုမၸဏီႏွင့္လယ္သမား လက္လွမ္းမီေအာင္ အတူတူေဆာင္႐ြက္ရန္ ရွိပါေၾကာင္း၊ စုစည္းေဆာင္႐ြက္ရန္လည္း ယုံၾကည္ပါေၾကာင္းႏွင့္ ႏိုင္ငံတကာစံခ်ိန္စံၫႊန္းႏွင့္ ကိုက္ညီမႈမရွိမည္ကိုေတြ႕ရပါ ေၾကာင္း၊ အစိုးရအဖြဲ႕အစည္းႏွင့္ဌာနမ်ားက အဓိကအခန္းက႑တြင္ ပါဝင္ေနသည္ကိုေတြ႕ရပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးထုတ္လုပ္မႈက႑တြင္ ဝက္သားကိုအဓိကထုတ္လုပ္သည္ကိုေတြ႕ရပါေၾကာင္း၊ ေရာဂါကူးစက္မႈခံရပါက ဝက္မ်ားကို သတ္ပစ္ရန္လိုပါေၾကာင္း၊ ေရာဂါျဖစ္ပြားၿပီးပါက ဝက္မ်ားကိုအသစ္ျပန္လည္ေမြးျမဴရန္ မျဖစ္ႏိုင္ေၾကာင္း၊ ေနရာ အသစ္ရွာေဖြရန္လိုအပ္ေၾကာင္းႏွင့္ ေနရာအသစ္တြင္ ျပန္လည္ေမြးျမဴရန္လိုေၾကာင္း၊ လက္ရွိဝက္သားထုတ္လုပ္မႈက႑တြင္ ဘယ္လိုကာကြယ္ရန္လိုေၾကာင္း၊ စံခ်ိန္စံၫႊန္းေကာင္းပါကႏိုင္ငံျခားသို႔တင္ပို႔ႏိုင္ေၾကာင္းႏွင့္ အစိုးရႏွင့္ျပည္သူ႕သေဘာထား လိုအပ္ပါေၾကာင္း၊ အစိုးရမူဝါဒႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဌာနမွ ပိတ္ဆို႔မႈမရွိရန္လိုေၾကာင္း၊ ဝက္မ်ားေမြးျမဴပါက တစ္ၿခံႏွင့္တစ္ၿခံနီးစပ္ ရန္မလိုေၾကာင္း၊ ေျမေနရာလိုေၾကာင္းႏွင့္အကြာအေဝးရွိရန္လိုေၾကာင္း၊ အစိုးရအဖြဲ႕အေနျဖင့္ အႀကံေပးေဆြးေႏြးေစလိုေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ယခုလို International Finance Corporation (IFC) မွ Mr. Bas Rozemuller အဖြဲ႕မွ ပထမဆုံးအေနျဖင့္လာေရာက္ေတြ႕ဆုံသည့္အတြက္ ေက်းဇူးတင္ပါ ေၾကာင္းႏွင့္ ႀကိဳဆိုပါေၾကာင္းေျပာၾကားၿပီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ မိတ္ဆက္ေပးကာ ယခုလိုဝက္ေမြးျမဴေရးႏွင့္ ေရာဂါ က်ေရာက္မႈကို ရွင္းျပေပးသည့္အတြက္ ဗဟုသုတရရွိေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတြင္ေဆာင္႐ြက္ထားရွိမႈ တင္ျပရျခင္းျဖစ္ၿပီး၊ ရွမ္းျပည္နယ္တြင္ ေဝးလံေသာေဒသမ်ားလည္းရွိပါေၾကာင္းႏွင့္ ထိေရာက္မႈရွိေအာင္ ေဆးဝါးပစၥည္းမ်ားႏွင့္ ကုသမႈမ်ားကို လိုအပ္ပါေၾကာင္း ေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် International Finance Corporation (IFC) မှ Mr. Bas Rozemuller အဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး သြဂုတ်   −   ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးစိုးစိုးဇော်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်(၂၁)ရက် နံနက်(၁၁)နာရီ ကတောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်Callခန်းမ၌ ရှမ်းပြည်နယ်ရှိ မွေးမြူရေးစက်ရုံများအပေါ် ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ လုပ်ထုံး လုပ်နည်းများနှင့် အစိုးရ၏ရည်မှန်းချက်များ၊ အခွင့်အလမ်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ International Finance Corporation (IFC) မှ Mr. Bas Rozemuller အဖွဲ့နှင့်တွေ့ဆုံကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် နေပြည်တော်၊ ရန်ကုန်မြို့တွင် ပြုလုပ်မည့်အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ကိုဖိတ်ကြားလိုကြောင်း၊ ဖွင့်ပွဲကိုအောက်တိုဘာလတွင် စီစဉ်ထားပါကြောင်းနှင့် ယခုလာရောက်တွေ့ဆုံရသည်မှာ မြန်မာပြည် တွင်ဖြစ်ပေါ်နေသော ဝက်ပြဿနာများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားနှင့် လုပ်ငန်းရှင်များကိုဖိတ်ကြားပြီး ပြဿနာကိုရင်ဆိုင်ဖြေရှင်းနိုင်ရန် စီစဉ်ထားပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ထုတ်လုပ်မှုနှင့် အမြတ်အစွန်းပိုမိုရရှိအောင် သန့်ရှင်းသောပုဂ္ဂလိကများကို စနစ်တကျဆောင်ရွက်ပေးခြင်း၊ ဝက်သားများထုတ်လုပ်ခြင်းကဏ္ဍ တွင်အစားအစာများကို စမ်းသပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုမ္ပဏီနှင့်လယ်သမား လက်လှမ်းမီအောင် အတူတူဆောင်ရွက်ရန် ရှိပါကြောင်း၊ စုစည်းဆောင်ရွက်ရန်လည်း ယုံကြည်ပါကြောင်းနှင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိမည်ကိုတွေ့ရပါ ကြောင်း၊ အစိုးရအဖွဲ့အစည်းနှင့်ဌာနများက အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်ကိုတွေ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်မှုကဏ္ဍတွင် ဝက်သားကိုအဓိကထုတ်လုပ်သည်ကိုတွေ့ရပါကြောင်း၊ ရောဂါကူးစက်မှုခံရပါက ဝက်များကို သတ်ပစ်ရန်လိုပါကြောင်း၊ ရောဂါဖြစ်ပွားပြီးပါက ဝက်များကိုအသစ်ပြန်လည်မွေးမြူရန် မဖြစ်နိုင်ကြောင်း၊ နေရာ အသစ်ရှာဖွေရန်လိုအပ်ကြောင်းနှင့် နေရာအသစ်တွင် ပြန်လည်မွေးမြူရန်လိုကြောင်း၊ လက်ရှိဝက်သားထုတ်လုပ်မှုကဏ္ဍတွင် ဘယ်လိုကာကွယ်ရန်လိုကြောင်း၊ စံချိန်စံညွှန်းကောင်းပါကနိုင်ငံခြားသို့တင်ပို့နိုင်ကြောင်းနှင့် အစိုးရနှင့်ပြည်သူ့သဘောထား လိုအပ်ပါကြောင်း၊ အစိုးရမူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုဌာနမှ ပိတ်ဆို့မှုမရှိရန်လိုကြောင်း၊ ဝက်များမွေးမြူပါက တစ်ခြံနှင့်တစ်ခြံနီးစပ် ရန်မလိုကြောင်း၊ မြေနေရာလိုကြောင်းနှင့်အကွာအဝေးရှိရန်လိုကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် အကြံပေးဆွေးနွေးစေလိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလို International Finance Corporation (IFC) မှ Mr. Bas Rozemuller အဖွဲ့မှ ပထမဆုံးအနေဖြင့်လာရောက်တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ပါ ကြောင်းနှင့် ကြိုဆိုပါကြောင်းပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးများနှင့် မိတ်ဆက်ပေးကာ ယခုလိုဝက်မွေးမြူရေးနှင့် ရောဂါ ကျရောက်မှုကို ရှင်းပြပေးသည့်အတွက် ဗဟုသုတရရှိကြောင်းနှင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်ထားရှိမှု တင်ပြရခြင်းဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် ဝေးလံသောဒေသများလည်းရှိပါကြောင်းနှင့် ထိရောက်မှုရှိအောင် ဆေးဝါးပစ္စည်းများနှင့် ကုသမှုများကို လိုအပ်ပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 172 guests and no members online