ရှမ်းပြည်နယ်သတင်းများ

ကိုယ္ကာယႀကံ႕ခိုင္မႈေလ့က်င့္ခန္း(ေအ႐ိုးဗစ္) ၉ဦးတြဲေလ့က်င့္စဥ္အသစ္ ဆင့္ပြားသင္တန္း(၁/၂၀၁၉) သင္တန္းဆင္းပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္   −   ၂၂

202

ရွမ္းျပည္နယ္ အမ်ိဳးသမီးအားကစားအဖြဲ႕ဆပ္ေကာ္မတီႏွင့္ ရွမ္းျပည္နယ္ အားကစားႏွင့္ကာယပညာဦးစီးဌာနတို႔ ပူးေပါင္းဖြင့္လွစ္သည့္ ကိုယ္ကာယႀကံ႕ခိုင္မႈေလ့က်င့္ခန္း (ေအ႐ိုးဗစ္) ၉ဦးတြဲ ေလ့က်င့္စဥ္အသစ္ ဆင့္ပြားသင္တန္း(၁/၂၀၁၉) သင္တန္းဆင္းပြဲကို ၾသဂုတ္(၂၂)ရက္ နံနက္(၁၀)နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ၌ က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ရွမ္းျပည္နယ္ အမ်ိဳးသမီးအားကစားအဖြဲ႕ဆပ္ေကာ္မတီနာယက ေဒၚနန္းေ႐ႊျမင့္က ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္(၂၉)ၿမိဳ႕နယ္ အေျခခံပညာေက်ာင္းမ်ားမွ ဆရာမ(၁၁၇)ဦး၊ ေက်ာင္းသူ(၆၅) ဦး၊ ျပင္ပမွ(၁၁)ဦးအပါအဝင္ စုစုေပါင္းသင္တန္းသား(၂၁၄)ဦး တက္ေရာက္ခဲ့သည္ကို သိရွိရပါေၾကာင္း၊ ယခုသင္တန္းနည္းတူ လား႐ႈိးၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၅)ရက္မွ(၉)ရက္ေန႔အထိ သင္တန္းသူ(၃၀၀)ဦးႏွင့္ ဆင့္ပြားသင္တန္းကို ေအာင္ျမင္စြာ ဖြင့္လွစ္ေပးႏိုင္ခဲ့ေၾကာင္း၊ သင္တန္းကိုဖြင့္လွစ္ရသည့္ ရည္႐ြယ္ခ်က္မွာ ကိုယ္ကာယႀကံ႕ခိုင္မႈေလ့က်င့္ခန္း (ေအ႐ိုးဗစ္) ၉ဦးတြဲ ၿပိဳင္ပြဲကို ေလ့က်င့္စဥ္အသစ္ ျပန္လည္မြမ္းမံလိုက္ၿပီး၊ ၂၀၁၉ခုႏွစ္ ေနျပည္ေတာ္တြင္ က်င္းပမည့္တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ေအ႐ိုးဗစ္ၿပိဳင္ပြဲတြင္ ၉ဦးတြဲေလ့က်င့္စဥ္အသစ္သာ ယွှဥ္ၿပိဳင္ရမွာျဖစ္၍ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္လည္း အသစ္ ျပန္လည္မြမ္းမံလိုက္သည့္ ေလ့က်င့္စဥ္အသစ္မ်ားကို သိရွိေလ့က်င့္ႏိုင္ရန္အတြက္ ျပန္လည္ၿပီး ဆင့္ပြားသင္တန္းေပးရျခင္း ျဖစ္ေၾကာင္းေျပာၾကားသြားသည္။

ဆက္လက္၍ သင္တန္းသူမ်ားကဖြင့္လွစ္သည့္ ကိုယ္ကာယႀကံ႕ခိုင္မႈေလ့က်င့္ခန္း (ေအ႐ိုးဗစ္) ၉ဦးတြဲ ေလ့က်င့္စဥ္ အသစ္ႏွင့္သ႐ုပ္ျပသၿပီး၊ အႀကီးတန္းသင္တန္းသားစံျပဆု ရရွိသူမ်ားအား ဆုတံဆိပ္ႏွင့္ေငြသားခ်ီးျမႇင့္ရာ သင္တန္းသားစံျပဆု တတိယဆုရရွိေသာ ကေလာၿမိဳ႕နယ္မွ ေမာင္တင္ထြန္းဝင္း၊ ဒုတိယဆုရရွိေသာ ေနာင္ခ်ိဳၿမိဳ႕နယ္မွ ဝင့္သူဇာထြန္း၊ ပထမဆုရရွိ ေသာပင္းတယၿမိဳ႕နယ္မွ ေအးမြန္မြန္သိမ့္တို႔ကို ရွမ္းျပည္နယ္ အမ်ိဳးသမီးအားကစားအဖြဲ႕ဆပ္ေကာ္မတီနာယက ေဒၚနန္းေ႐ႊျမင့္ မွဆုခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ အငယ္တန္းသင္တန္းသားစံျပဆု ရရွိသည့္ တတိယဆုရရွိေသာ ေတာင္ႀကီးၿမိဳ႕ အလက(၁၄) ေက်ာင္းမွ မၾကည္စင္သန္႔၊ ဒုတိယဆုရရွိေသာ အထက(၁)ေက်ာင္းမွ မရွင္ဖုန္းျမတ္၊ ပထမဆုရရွိေသာ အထက(၅)ေက်ာင္းမွ မသင္းစုစုစံတို႔ကို ရွမ္းျပည္နယ္အမ်ိဳးသမီးအားကစားဆပ္ေကာ္မတီနာယက ျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝိုဟိန္းမွ ဆုခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ ဂုဏ္ျပဳဆုရရွိသူမ်ားကို ရွမ္းျပည္နယ္ အမ်ိဳးသမီးအားကစားဆပ္ေကာ္မတီ ဒုတိယဥကၠ႒ ေဒၚၫိုၫိုလြင္ႏွင့္ သင္တန္းဆင္းလက္မွတ္မ်ားကို ဥကၠ႒ေဒၚနန္းခ်ိဳခ်ိဳၿပဳံးတို႔မွ အသီးသီးဆုမ်ား ခ်ီးျမႇင့္ေပးၾကေၾကာင္း သိရွိရ သည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ၉ဦးတွဲလေ့ကျင့်စဉ်အသစ် ဆင့်ပွားသင်တန်း(၁/၂၀၁၉) သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး သြဂုတ်   −   ၂၂

ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနှင့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ၉ဦးတွဲ လေ့ကျင့်စဉ်အသစ် ဆင့်ပွားသင်တန်း(၁/၂၀၁၉) သင်တန်းဆင်းပွဲကို သြဂုတ်(၂၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယက ဒေါ်နန်းရွှေမြင့်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၉)မြို့နယ် အခြေခံပညာကျောင်းများမှ ဆရာမ(၁၁၇)ဦး၊ ကျောင်းသူ(၆၅) ဦး၊ ပြင်ပမှ(၁၁)ဦးအပါအဝင် စုစုပေါင်းသင်တန်းသား(၂၁၄)ဦး တက်ရောက်ခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုသင်တန်းနည်းတူ လားရှိုးမြို့တွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၅)ရက်မှ(၉)ရက်နေ့အထိ သင်တန်းသူ(၃၀၀)ဦးနှင့် ဆင့်ပွားသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ သင်တန်းကိုဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ၉ဦးတွဲ ပြိုင်ပွဲကို လေ့ကျင့်စဉ်အသစ် ပြန်လည်မွမ်းမံလိုက်ပြီး၊ ၂၀၁၉ခုနှစ် နေပြည်တော်တွင် ကျင်းပမည့်တိုင်းဒေသကြီးနှင့်ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲတွင် ၉ဦးတွဲလေ့ကျင့်စဉ်အသစ်သာ ယှှဉ်ပြိုင်ရမှာဖြစ်၍ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း အသစ် ပြန်လည်မွမ်းမံလိုက်သည့် လေ့ကျင့်စဉ်အသစ်များကို သိရှိလေ့ကျင့်နိုင်ရန်အတွက် ပြန်လည်ပြီး ဆင့်ပွားသင်တန်းပေးရခြင်း ဖြစ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ သင်တန်းသူများကဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ၉ဦးတွဲ လေ့ကျင့်စဉ် အသစ်နှင့်သရုပ်ပြသပြီး၊ အကြီးတန်းသင်တန်းသားစံပြဆု ရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားချီးမြှင့်ရာ သင်တန်းသားစံပြဆု တတိယဆုရရှိသော ကလောမြို့နယ်မှ မောင်တင်ထွန်းဝင်း၊ ဒုတိယဆုရရှိသော နောင်ချိုမြို့နယ်မှ ဝင့်သူဇာထွန်း၊ ပထမဆုရရှိ သောပင်းတယမြို့နယ်မှ အေးမွန်မွန်သိမ့်တို့ကို ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယက ဒေါ်နန်းရွှေမြင့် မှဆုချီးမြှင့်ပေး၍လည်းကောင်း၊ အငယ်တန်းသင်တန်းသားစံပြဆု ရရှိသည့် တတိယဆုရရှိသော တောင်ကြီးမြို့ အလက(၁၄) ကျောင်းမှ မကြည်စင်သန့်၊ ဒုတိယဆုရရှိသော အထက(၁)ကျောင်းမှ မရှင်ဖုန်းမြတ်၊ ပထမဆုရရှိသော အထက(၅)ကျောင်းမှ မသင်းစုစုစံတို့ကို ရှမ်းပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီနာယက ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဂုဏ်ပြုဆုရရှိသူများကို ရှမ်းပြည်နယ် အမျိုးသမီးအားကစားဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ညိုညိုလွင်နှင့် သင်တန်းဆင်းလက်မှတ်များကို ဥက္ကဋ္ဌဒေါ်နန်းချိုချိုပြုံးတို့မှ အသီးသီးဆုများ ချီးမြှင့်ပေးကြကြောင်း သိရှိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 154 guests and no members online