ရှမ်းပြည်နယ်သတင်းများ

ႏိုင္ငံတကာအဆင့္မီ ေဂါက္ကြင္းႏွင့္ အဆင့္ျမင့္အိမ္ရာ စီမံကိန္းလုပ္ငန္းမ်ားအား နားလည္မႈစာခၽြန္လႊာခ်ဳပ္ဆို

ေတာင္ႀကီး ၾသဂုတ္   −   ၂၇

204

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ ေဒသႏၲရဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းေကာ္မတီႏွင့္ HEHO RESORT (INNKHAUNG) CO.,LTD တို႔အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မည့္ ႏိုင္ငံတကာအဆင့္မီေဂါက္ကြင္းႏွင့္ အဆင့္ျမင့္အိမ္ရာ စီမံကိန္းလုပ္ငန္းမ်ားအား နားလည္မႈစာခၽြန္လႊာ(MoU)စာခ်ဳပ္ခ်ဳပ္ဆိုျခင္းကို ၾသဂုတ္(၂၇)ရက္ နံနက္(၁၁)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္းသိရသည္။

အဆိုပါစာခ်ဳပ္ခ်ဳပ္ဆိုပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္က ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ HEHO RESORT (INNKHAUNG) CO.,LTD တို႔ႏွင့္ နားလည္မႈစာခၽြန္လႊာ (MoU) စာခ်ဳပ္ခ်ဳပ္ဆို ရျခင္းျဖစ္ေၾကာင္းႏွင့္ ကေလာၿမိဳ႕နယ္၊ ဟဲဟိုးအင္းေခါင္းေဒသ၊ ေဘာ္နင္းေက်း႐ြာအုပ္စုတြင္ ၆၃ဧက+၂၆၃ဧက စုစုေပါင္း ၃၂၆ဧကႏွင့္ က်ပ္သန္း၄၀၀၀ရင္းႏွီးျမႇပ္ႏွံ၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မည္ျဖစ္သည့္အတြက္ ဝမ္းေျမာက္ဂုဏ္ယူမိပါေၾကာင္းႏွင့္ လုပ္ငန္းမ်ားကိုအလ်င္အျမန္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေပးသြားရန္ ေျပာၾကားသြား သည္။

ဆက္လက္၍ HEHO RESORT (INNKHAUNG) CO.,LTD ဥကၠ႒ ဦးေအာင္ေအာင္စိုးမွ (MoU) စာခ်ဳပ္လက္မွတ္ေရးထိုး ျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပရာ ဟဲဟိုးေလဆိပ္ကို ႏိုင္ငံတကာအဆင့္မီေအာင္ ျမႇင့္တင္ရန္ႏွင့္ ၎ႏွင့္ဆက္စပ္သည့္ ေနရာမ်ားတြင္လည္း ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ယခုလိုရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ လုပ္ငန္းမ်ားကိုလည္း အလ်င္အျမန္အေကာင္အထည္ေဖာ္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားၿပီး စာခ်ဳပ္မ်ားကို လက္မွတ္ေရးထိုး၍ အျပန္အလွန္လဲလွယ္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++

နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းလုပ်ငန်းများအား နားလည်မှုစာချွန်လွှာချုပ်ဆို

တောင်ကြီး သြဂုတ်   −   ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကော်မတီနှင့် HEHO RESORT (INNKHAUNG) CO.,LTD တို့အကျိုးတူပူးပေါင်းဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မီဂေါက်ကွင်းနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းလုပ်ငန်းများအား နားလည်မှုစာချွန်လွှာ(MoU)စာချုပ်ချုပ်ဆိုခြင်းကို သြဂုတ်(၂၇)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

အဆိုပါစာချုပ်ချုပ်ဆိုပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် HEHO RESORT (INNKHAUNG) CO.,LTD တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) စာချုပ်ချုပ်ဆို ရခြင်းဖြစ်ကြောင်းနှင့် ကလောမြို့နယ်၊ ဟဲဟိုးအင်းခေါင်းဒေသ၊ ဘော်နင်းကျေးရွာအုပ်စုတွင် ၆၃ဧက+၂၆၃ဧက စုစုပေါင်း ၃၂၆ဧကနှင့် ကျပ်သန်း၄၀၀၀ရင်းနှီးမြှပ်နှံ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် လုပ်ငန်းများကိုအလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားရန် ပြောကြားသွား သည်။

ဆက်လက်၍ HEHO RESORT (INNKHAUNG) CO.,LTD ဥက္ကဋ္ဌ ဦးအောင်အောင်စိုးမှ (MoU) စာချုပ်လက်မှတ်ရေးထိုး ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဟဲဟိုးလေဆိပ်ကို နိုင်ငံတကာအဆင့်မီအောင် မြှင့်တင်ရန်နှင့် ၎င်းနှင့်ဆက်စပ်သည့် နေရာများတွင်လည်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းများကိုလည်း အလျင်အမြန်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပြီး စာချုပ်များကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 56 guests and no members online