ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ေနာ္ေဝသံ႐ုံးမွ Mrs. Lise Nordgaad ေတြ႕ဆုံ

ေတာင္ႀကီး ၾသဂုတ္   −   ၂၈

206

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္၊ အစိုးရ အဖြဲ႕ၫႊန္ၾကားေရးမႉး ဦးထင္ေက်ာ္ေအးႏွင့္အတူ ၾသဂုတ္ (၂၈)ရက္ နံနက္(၁၁)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရ႐ုံး ျပည္နယ္ဝန္ႀကီးခ်ဳပ္ Callခန္းမ၌ ေနာ္ေဝသံ႐ုံးမွ Charge d’ Affaires a.i. ျဖစ္သူ Mrs. Lise Nordgaad ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕မွ UNDPႏွင့္ လက္ရွိေဆာင္႐ြက္ေနေသာ စီမံကိန္းျဖစ္သည့္ အင္းေလးကန္ စီမံခန္႔ခြဲမႈအာဏာပိုင္ အင္အား ေတာင့္တင္းေစေရးႏွင့္ ကုလသမဂၢပတ္ဝန္းက်င္ထိန္းသိမ္းေရးအစီအစဥ္ UNEP ႏွင့္ HELVETAS တို႔မၾကာေသးမီက လက္မွတ္ ေရးထိုးခဲ့သည့္ Climate Smart Rice Project ကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ လာေရာက္ေတြ႕ဆုံေၾကာင္းသိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ Mrs. Lise Nordgaad မွ ယခုလိုရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ အခ်ိန္ေပးၿပီးေတြ႕ဆုံရသည့္အတြက္ ေက်းဇူးတင္ပါေၾကာင္း၊ အင္းေလးကန္ကိစၥႏွင့္ပတ္သက္ၿပီး ေျပာၾကားလိုေၾကာင္းႏွင့္ ခရီးသြားဧည့္သည္ကိစၥရပ္မ်ား ရွင္းလင္း လိုေၾကာင္း၊ လက္ရွိရွမ္းျပည္နယ္တြင္ အင္းေလးကန္ထိန္းသိမ္းေရးကို မည္ကဲ့သို႔ ေဆာင္႐ြက္ေနသည္ကို သိရွိလိုေၾကာင္းႏွင့္ UNDP အေနျဖင့္ နည္းပညာ ကူညီေထာက္ပံ့ေပးႏိုင္ရန္ တင္ျပထားေၾကာင္း၊ အင္းေလးကန္တြင္ တရားဝင္လုပ္ကိုင္ႏိုင္ရန္ အတြက္ပါဝင္ဖြဲ႕စည္းပုံမ်ားႏွင့္ ေအာင္ျမင္မႈရရွိရန္ ေဆာင္႐ြက္လိုေၾကာင္း၊ UNDP အဖြဲ႕မွေဆြးေႏြးရာ ဥပေဒမူၾကမ္းကို ျပဳစုေန ေၾကာင္းႏွင့္ ယခုလက္ရွိ ဥပေဒက်မ္းတြင္ ပါဝင္မႈမရွိေသးေၾကာင္းႏွင့္ အင္းေလးကန္အတြက္ ဖြဲ႕စည္းပုံရွိရန္လိုအပ္ေၾကာင္း၊ စီမံကိန္း၏ရည္႐ြယ္ခ်က္မွာ အင္းေလးကန္အတြက္ လုပ္ငန္းမ်ားလုပ္ကိုင္ႏိုင္ရန္ (၂)ႏွစ္စီမံကိန္းျဖစ္သည့္အတြက္ ယခုလက္ရွိ တြင္သက္တမ္းျပည့္သြားၿပီ ျဖစ္ေသာေၾကာင့္ အင္းေလးကန္အတြက္ ေနာက္ဆံတင္းမိပါေၾကာင္း ေဆြးေႏြးသြားသည္။ 

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ယခုလို ေတြ႕ဆုံရသည့္အတြက္ ႀကိဳဆိုပါေၾကာင္းႏွင့္ အင္းေလးကန္ႏွင့္ပတ္သက္၍ ရွင္းျပလိုသည္မွာ အင္းေလးကန္တြင္ တိုင္းရင္းသားလူမ်ိဳးမ်ား ပါဝင္ ေနထိုင္ေနေၾကာင္း၊ လက္ရွိတြင္ အင္းေလးကန္အုပ္ခ်ဳပ္မႈေကာင္းပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ အင္းေလးကန္ ႏွင့္ပတ္သက္ၿပီး ပြင့္ပြင့္လင္းလင္း ရွင္းျပလိုသည္မွာ အင္းေလးကန္တြင္ တိုင္းရင္းသားျပည္သူေပါင္းစုံရွိၿပီး လုပ္ငန္းလုပ္ကိုင္ရ သည္မွာ အဆင္ေျပမႈသိပ္မရွိေၾကာင္း၊ တိုင္းရင္းသား သေဘာထားဆႏၵမ်ား ကြဲျပားေနေၾကာင္း၊ အစိုးရအဖြဲ႕အေနျဖင့္ ဝင္ေရာက္စြတ္ဖက္၍ မရေၾကာင္း၊ အင္းေလးကန္ကို ထိန္းထိန္းသိမ္းသိမ္း ေစာင့္ေရွာက္ေနပါေၾကာင္း၊ ေနာ္ေဝႏိုင္ငံအေနျဖင့္ အင္းေလးကန္ႏွင့္ပတ္သက္၍ ဝင္ေရာက္ေျဖရွင္းေပးေနသည္ကို သိရွိရပါေၾကာင္း ေဆြးေႏြးေျပာၾကားသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် နော်ဝေသံရုံးမှ Mrs. Lise Nordgaad တွေ့ဆုံ

တောင်ကြီး သြဂုတ်   −   ၂၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရ အဖွဲ့ညွှန်ကြားရေးမှူး ဦးထင်ကျော်အေးနှင့်အတူ သြဂုတ် (၂၈)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ်ဝန်ကြီးချုပ် Callခန်းမ၌ နော်ဝေသံရုံးမှ Charge d’ Affaires a.i. ဖြစ်သူ Mrs. Lise Nordgaad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ UNDPနှင့် လက်ရှိဆောင်ရွက်နေသော စီမံကိန်းဖြစ်သည့် အင်းလေးကန် စီမံခန့်ခွဲမှုအာဏာပိုင် အင်အား တောင့်တင်းစေရေးနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် UNEP နှင့် HELVETAS တို့မကြာသေးမီက လက်မှတ် ရေးထိုးခဲ့သည့် Climate Smart Rice Project ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် Mrs. Lise Nordgaad မှ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အချိန်ပေးပြီးတွေ့ဆုံရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ အင်းလေးကန်ကိစ္စနှင့်ပတ်သက်ပြီး ပြောကြားလိုကြောင်းနှင့် ခရီးသွားဧည့်သည်ကိစ္စရပ်များ ရှင်းလင်း လိုကြောင်း၊ လက်ရှိရှမ်းပြည်နယ်တွင် အင်းလေးကန်ထိန်းသိမ်းရေးကို မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်းနှင့် UNDP အနေဖြင့် နည်းပညာ ကူညီထောက်ပံ့ပေးနိုင်ရန် တင်ပြထားကြောင်း၊ အင်းလေးကန်တွင် တရားဝင်လုပ်ကိုင်နိုင်ရန် အတွက်ပါဝင်ဖွဲ့စည်းပုံများနှင့် အောင်မြင်မှုရရှိရန် ဆောင်ရွက်လိုကြောင်း၊ UNDP အဖွဲ့မှဆွေးနွေးရာ ဥပဒေမူကြမ်းကို ပြုစုနေ ကြောင်းနှင့် ယခုလက်ရှိ ဥပဒေကျမ်းတွင် ပါဝင်မှုမရှိသေးကြောင်းနှင့် အင်းလေးကန်အတွက် ဖွဲ့စည်းပုံရှိရန်လိုအပ်ကြောင်း၊ စီမံကိန်း၏ရည်ရွယ်ချက်မှာ အင်းလေးကန်အတွက် လုပ်ငန်းများလုပ်ကိုင်နိုင်ရန် (၂)နှစ်စီမံကိန်းဖြစ်သည့်အတွက် ယခုလက်ရှိ တွင်သက်တမ်းပြည့်သွားပြီ ဖြစ်သောကြောင့် အင်းလေးကန်အတွက် နောက်ဆံတင်းမိပါကြောင်း ဆွေးနွေးသွားသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုလို တွေ့ဆုံရသည့်အတွက် ကြိုဆိုပါကြောင်းနှင့် အင်းလေးကန်နှင့်ပတ်သက်၍ ရှင်းပြလိုသည်မှာ အင်းလေးကန်တွင် တိုင်းရင်းသားလူမျိုးများ ပါဝင် နေထိုင်နေကြောင်း၊ လက်ရှိတွင် အင်းလေးကန်အုပ်ချုပ်မှုကောင်းပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အင်းလေးကန် နှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရှင်းပြလိုသည်မှာ အင်းလေးကန်တွင် တိုင်းရင်းသားပြည်သူပေါင်းစုံရှိပြီး လုပ်ငန်းလုပ်ကိုင်ရ သည်မှာ အဆင်ပြေမှုသိပ်မရှိကြောင်း၊ တိုင်းရင်းသား သဘောထားဆန္ဒများ ကွဲပြားနေကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ဝင်ရောက်စွတ်ဖက်၍ မရကြောင်း၊ အင်းလေးကန်ကို ထိန်းထိန်းသိမ်းသိမ်း စောင့်ရှောက်နေပါကြောင်း၊ နော်ဝေနိုင်ငံအနေဖြင့် အင်းလေးကန်နှင့်ပတ်သက်၍ ဝင်ရောက်ဖြေရှင်းပေးနေသည်ကို သိရှိရပါကြောင်း ဆွေးနွေးပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 61 guests and no members online