ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းအတြက္ ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး ဩဂုတ္ - ၃၀

208

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ျပည္နယ္စည္ပင္ သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္၊ သက္ဆိုင္ရာျပည္နယ္/ၿမိဳ႕နယ္အဆင့္ တာဝန္ရွိသူမ်ားႏွင့္အတူ ဩဂုတ္ ၃၀ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ၿမိဳ႕ေရွာင္လမ္းတိုးခ်ဲ႕မည့္ေနရာမ်ားကို ကြင္းဆင္း ၾကည့္႐ႈၾကေၾကာင္း သိရသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္ ျပည္ေထာင္စုရန္ပုံေငြျဖင့္ ေဆာင္႐ြက္ေသာ ေတာင္ႀကီးၿမိဳ႕နယ္၊ ေနာင္ေလေက်း႐ြာအုပ္စု၊ ကန္ေလာင္း- စခဲလမ္း အား သြားေရာက္ၾကည့္႐ႈရာ လမ္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ရွင္းလင္းၿပီး မူယားေက်း႐ြာ၌ ကမၻာ့ဘဏ္ ေခ်းေငြျဖင့္ေဆာင္႐ြက္မည့္ အမ်ိဳးသားလၽွပ္စစ္ဓာတ္အားရရွိေရးစီမံကိန္း အစီအစဥ္ျဖင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီး- ေက်ာက္တလုံးႀကီး- ေနာင္ခဲ- ဆီဆိုင္- ေအးသာယာ- ေ႐ႊေညာင္- ေညာင္ေ႐ႊၿမိဳ႕နယ္၊ စုစုေပါင္း ေက်း႐ြာ (၄၄)႐ြာ ဓာတ္အားရရွိေရးအတြက္ 11 KVA  လၽွစ္စစ္မီးလင္းေရး ေဆာင္႐ြက္မည့္ေနရာသို႔ ေရာက္ရွိရာ ျပည္နယ္လၽွပ္စစ္ဓာတ္အားလုပ္ငန္း၊ ျပည္နယ္ဦးစီးမႉးမွ ရွင္းလင္းကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ လိုအပ္သည္မ်ားကို ျဖည့္စြက္မွာၾကားခဲ့သည္။

ထို႔ေနာက္ ေနာင္ေလေက်း႐ြာအုပ္စု၊ ကန္ေလာင္းတြင္ Kfw ကန္ေလာင္း- စလဲလမ္း TGI II အား ေဆာင္႐ြက္မည့္ေနရာႏွင့္ ထီေဟာ္ေက်း႐ြာတြင္ ေက်းလက္ဦးစီးဌာနမွ VDP စီမံခ်က္ျဖင့္ ေဆာင္႐ြက္ထားသည့္ မူႀကိဳေက်ာင္းေဆာင္အား ၾကည့္႐ႈျခင္း၊ ပုံေလာင္းေက်း႐ြာတြင္ ေက်းလက္ဦးစီးဌာနမွ တာဝန္ယူေဆာင္႐ြက္ေသာ စိမ့္စမ္းေရသြယ္ႏွင့္ ေရေပးေဝမွလုပ္ငန္းအား ၾကည့္႐ႈကာ ေကာင္းနိန္းေက်း႐ြာတြင္ဌာနႏွင့္ ျပည္သူပူးေပါင္း ေဆာင္႐ြက္သည့္ ကတၱရာလမ္းအား ၾကည့္႐ႈၿပီး သံေတေက်း႐ြာတြင္ Kfw ေတာင္နီ- ေတာင္ေလးလုံးလမ္း TGI II အား ေဆာင္႐ြက္မည့္ေနရာကို ေရာက္ရွိလာရာ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပ၍ ကေလာၿမိဳ႕နယ္၊ ဟဲဟိုးၿမိဳ႕ လၽွပ္စစ္ဓာတ္အားခြဲ႐ုံအား ၾကည့္႐ႈရာ ဟဲဟိုးၿမိဳ႕ (66/11)KV 10 MVA ဓာတ္အားခြဲ႐ုံ တည္ေဆာက္ၿပီးစီးပါက ဓာတ္အားျဖန္႔ျဖဴးေပးႏိုင္မည့္ ေက်း႐ြာမ်ားအတြက္ ျပည္နယ္လၽွပ္စစ္ဓာတ္အားလုပ္ငန္း၊ ျပည္နယ္ဦးစီးမႉးက ရွင္းလင္းကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားက ဓာတ္အားခြဲ႐ုံအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(unicode)+++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကွင်းဆင်းကြည့်ရှု

တောင်ကြီး ဩဂုတ် - ၃၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ သက်ဆိုင်ရာပြည်နယ်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၃၀ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ရှောင်လမ်းတိုးချဲ့မည့်နေရာများကို ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ ကန်လောင်း- စခဲလမ်း အား သွားရောက်ကြည့်ရှုရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြီး မူယားကျေးရွာ၌ ကမ္ဘာ့ဘဏ် ချေးငွေဖြင့်ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း အစီအစဉ်ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး- ကျောက်တလုံးကြီး- နောင်ခဲ- ဆီဆိုင်- အေးသာယာ- ရွှေညောင်- ညောင်ရွှေမြို့နယ်၊ စုစုပေါင်း ကျေးရွာ (၄၄)ရွာ ဓာတ်အားရရှိရေးအတွက် 11 KVA  လျှစ်စစ်မီးလင်းရေး ဆောင်ရွက်မည့်နေရာသို့ ရောက်ရှိရာ ပြည်နယ်လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် နောင်လေကျေးရွာအုပ်စု၊ ကန်လောင်းတွင် Kfw ကန်လောင်း- စလဲလမ်း TGI II အား ဆောင်ရွက်မည့်နေရာနှင့် ထီဟော်ကျေးရွာတွင် ကျေးလက်ဦးစီးဌာနမှ VDP စီမံချက်ဖြင့် ဆောင်ရွက်ထားသည့် မူကြိုကျောင်းဆောင်အား ကြည့်ရှုခြင်း၊ ပုံလောင်းကျေးရွာတွင် ကျေးလက်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော စိမ့်စမ်းရေသွယ်နှင့် ရေပေးဝေမှလုပ်ငန်းအား ကြည့်ရှုကာ ကောင်းနိန်းကျေးရွာတွင်ဌာနနှင့် ပြည်သူပူးပေါင်း ဆောင်ရွက်သည့် ကတ္တရာလမ်းအား ကြည့်ရှုပြီး သံတေကျေးရွာတွင် Kfw တောင်နီ- တောင်လေးလုံးလမ်း TGI II အား ဆောင်ရွက်မည့်နေရာကို ရောက်ရှိလာရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ၍ ကလောမြို့နယ်၊ ဟဲဟိုးမြို့ လျှပ်စစ်ဓာတ်အားခွဲရုံအား ကြည့်ရှုရာ ဟဲဟိုးမြို့ (66/11)KV 10 MVA ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့် ကျေးရွာများအတွက် ပြည်နယ်လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ပြည်နယ်ဦးစီးမှူးက ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဓာတ်အားခွဲရုံအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates