ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပေရးလုပ္ငန္း ၫွိႏႈိင္းစည္းေဝးက်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၄

209

၁၃၈၁ခု ၂၀၁၉ခုႏွစ္ ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပႏိုင္ေရးအတြက္ လုပ္ငန္းၫွိႏႈိင္းစည္းေဝးကို စက္တင္ဘာ(၃)ရက္ မြန္းလြဲ(၂)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရ႐ုံး အစည္းအေဝးခန္းမ၌က်င္းပသည္။

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပေရးဦးစီးေကာ္မတီဥကၠ႒ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီးေဒါက္တာမ်ိဳးထြန္းက ယခုအစည္းအေဝးသည္ ပထမအႀကိမ္အစည္းအေဝးျဖစ္ၿပီး ေကာ္မတီဖြဲ႕စည္း၍ လုပ္ငန္း တာဝန္မ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ ကမၻာေက်ာ္သည့္ပြဲျဖစ္သည့္အတြက္ ျပည္တြင္းျပည္ပဧည့္သည္မ်ား လာေရာက္ လည္ပတ္လ်က္ရွိေသာေၾကာင့္ လုံၿခဳံေရး၊ သန္႔ရွင္းေရး စနစ္တက်ရွိရန္လိုေၾကာင္း၊ ပြဲေတာ္ကို စည္ကားသိုက္ၿမိဳက္စြာက်င္းပ သြားမည္ျဖစ္ေၾကာင္းႏွင့္ ေကာ္မတီအသီးသီးအား လုပ္ငန္းတာဝန္ခြဲေဝေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ လုပ္ငန္းေကာ္မတီမ်ားဖြဲ႕စည္းမႈႏွင့္ လုပ္ငန္းတာဝန္မ်ား ရွင္းလင္းေဆြးေႏြးကာ တက္ေရာက္လာၾက ေသာလုပ္ငန္းေကာ္မတီအလိုက္ တင္ျပေဆြးေႏြးရာ လုံၿခဳံေရးႏွင့္စည္းကမ္း ထိန္းသိမ္းေရးေကာ္မတီ၊ ဘ႑ာေရးလုပ္ငန္း ေကာ္မတီ၊ ဖြင့္ပြဲ/ပိတ္ပြဲ အခမ္းအနားက်င္းပေရးလုပ္ငန္းေကာ္မတီ၊ မီးပုံးပ်ံၿပိဳင္ပြဲ၊ ႐ိုးရာပြဲေတာ္က်င္းပေရးလုပ္ငန္းေကာ္မတီ၊ အခမ္းအနားျပင္ဆင္ေရးလုပ္ငန္းေကာ္မတီ၊ ျပန္ၾကားေရး၊ မွတ္တမ္းတင္ေရး၊ ဖိတ္ၾကားေရးႏွင့္ျပပြဲၿပိဳင္ပြဲ က်င္းပေရးလုပ္ငန္း ေကာ္မတီ၊ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေကာ္မတီ၊ မီးပေဒသာလွည့္လည္ၿပိဳင္ပြဲ က်င္းပေရးလုပ္ငန္းေကာ္မတီ၊ မသိုးသကၤန္း ရက္လုပ္ယွဥ္ၿပိဳင္ဆက္ကပ္ေရး၊ ဆုခ်ီးျမႇင့္ေရးႏွင့္ဆြမ္းဆက္ကပ္ေရး လုပ္ငန္းေကာ္မတီ၊ က်န္းမာေရးႏွင့္သန္႔ရွင္းမႈ ႀကီးၾကပ္ ေရးလုပ္ငန္းေကာ္မတီ၊ ၿမိဳ႕လုံးကၽြတ္မဟာဘုံကထိန္ပြဲေတာ္ က်င္းပေရးလုပ္ငန္းေကာ္မတီ၊ ဆုခ်ီးျမႇင့္ပြဲႏွင့္ဧည့္ခံေကၽြးေမြးေရး လုပ္ငန္းေကာ္မတီအသီးသီးမွ တင္ျပေဆြးေႏြးကာ အေထြေထြေဆြးေႏြးၾကၿပီး၊ ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပေရးဦးစီးေကာ္မတီဥကၠ႒ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ နိဂုံးခ်ဳပ္စကား ေျပာၾကားေၾကာင္းသိရသည္။

အဆိုပါေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ကို ႏိုဝင္ဘာ(၄)ရက္မွ (၁၂)ရက္ေန႔ထိက်င္းပသြားမည္ျဖစ္ၿပီး ပြဲေတာ္ တြင္ဖြင့္ပြဲအခမ္းအနား၊ မီးပုံးပ်ံညမီးႀကီး၊ စိန္နားပန္မီးပုံးပ်ံၿပိဳင္ပြဲ၊ ေန႔လြတ္အုပ္စု၊ ေျခ(၂)ေခ်ာင္း၊ ေျခ(၄)ေခ်ာင္း မီးပုံးပ်ံၿပိဳင္ပြဲ၊ မီးပေဒသာလွည့္လည္ပူေဇာ္ၿပိဳင္ပြဲ၊ သီခ်င္းၿပိဳင္ပြဲ၊ ေရာင္စုံဓါတ္ပုံၿပိဳင္ပြဲ၊ စာေပၿပိဳင္ပြဲ၊ မသိုးသကၤန္းရက္လုပ္ၿပိဳင္ပြဲ၊ ၿမိဳ႕လုံးကၽြတ္ မဟာဘုံကထိန္လွည့္လည္ပြဲ၊ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား စသျဖင့္စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

၀၉−၂၅၀၁၃၂၉၄၃

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးလုပ်ငန်း ညှိနှိုင်းစည်းဝေးကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၄

၁၃၈၁ခု ၂၀၁၉ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးကို စက်တင်ဘာ(၃)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်းက ယခုအစည်းအဝေးသည် ပထမအကြိမ်အစည်းအဝေးဖြစ်ပြီး ကော်မတီဖွဲ့စည်း၍ လုပ်ငန်း တာဝန်များ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာကျော်သည့်ပွဲဖြစ်သည့်အတွက် ပြည်တွင်းပြည်ပဧည့်သည်များ လာရောက် လည်ပတ်လျက်ရှိသောကြောင့် လုံခြုံရေး၊ သန့်ရှင်းရေး စနစ်တကျရှိရန်လိုကြောင်း၊ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်းနှင့် ကော်မတီအသီးသီးအား လုပ်ငန်းတာဝန်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီများဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြ သောလုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးရာ လုံခြုံရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်း ကော်မတီ၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ မီးပုံးပျံပြိုင်ပွဲ၊ ရိုးရာပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့်ပြပွဲပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ မီးပဒေသာလှည့်လည်ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ မသိုးသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ဆက်ကပ်ရေး၊ ဆုချီးမြှင့်ရေးနှင့်ဆွမ်းဆက်ကပ်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးနှင့်သန့်ရှင်းမှု ကြီးကြပ် ရေးလုပ်ငန်းကော်မတီ၊ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ပွဲနှင့်ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီအသီးသီးမှ တင်ပြဆွေးနွေးကာ အထွေထွေဆွေးနွေးကြပြီး၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ နိဂုံးချုပ်စကား ပြောကြားကြောင်းသိရသည်။

အဆိုပါတောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ(၄)ရက်မှ (၁၂)ရက်နေ့ထိကျင်းပသွားမည်ဖြစ်ပြီး ပွဲတော် တွင်ဖွင့်ပွဲအခမ်းအနား၊ မီးပုံးပျံညမီးကြီး၊ စိန်နားပန်မီးပုံးပျံပြိုင်ပွဲ၊ နေ့လွတ်အုပ်စု၊ ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်း မီးပုံးပျံပြိုင်ပွဲ၊ မီးပဒေသာလှည့်လည်ပူဇော်ပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲ၊ ရောင်စုံဓါတ်ပုံပြိုင်ပွဲ၊ စာပေပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ စသဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 167 guests and no members online