ရှမ်းပြည်နယ်သတင်းများ


စက်တင်ဘာ   −   ၎

210



အဆိုပါ လူထုအခြေပြုဗဟိုဌာန Community Centre အဆောက်အဦဆောက်လုပ်မှုတွင် (၁)မြေညီထပ်တွင် စာအုပ် အရောင်းဆိုင်၊ ပြခန်းငယ် (Mini Museum) ကလေးစာဖတ်ခန်း၊ (၂) ပထမထပ်တွင်ပြည်သူ့စာကြည့်တိုက်၊ (၃)ဒုတိယထပ်တွင် ပြည်နယ်/ခရိုင် ရုံးအဖွဲ့ရုံးခန်း၊ (၄)တတိယထပ်တွင် အစည်းအဝေးခန်းမ၊ ကွန်ပျူတာအသုံးပြုခန်း၊ (၅)စတုတ္ထထပ်တွင် ကာယ လေ့ကျင့်ခန်း (Youth Centre)၊ (၆)ပဉ္စမထပ်တွင် ဘက်စုံသုံးခန်းမ၊ (၇)ဆဌမထပ်တွင် ဟင်းလင်းပြင်ကာယလေ့ကျင့်ရေးကွင်း များပါရှိကြောင်းသိရသည်။


၀၉−၂၅၀၁၃၂၉၄၃

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လူထုအခြေပြုဗဟိုဌာန Community Centre အဆောက်အဦဆောက်လုပ်ပြီးစီးမှုအခြေအနေအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး ကွင်းဆင်းကြည့်ရှု

စက်တင်ဘာ   −   ၄

ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့မရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း အကွက်အမှတ်(၂၇)မြေပေါ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန Community Centre အဆောက်အဦ၊ ဝန်ထမ်းအိမ်ရာအဆောက်အဦ တို့ကို စက်တင်ဘာ(၄)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေတို့မှ ဆောင်ရွက်ပြီးစီး မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုရာ မြန်မာ့ကြယ်စင်လင်းကုမ္ပဏီ ဦးဧရာလင်းမှ လိုက်လံရှင်းလင်းကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန Community Centre အဆောက်အဦဆောက်လုပ်မှုတွင် ဝန်ထမ်းအိမ်ရာ၌ ပဉ္စမအထိ ကွန်ကရစ်လုပ်ငန်း(၁၀၀)%၊ နံရံအုတ်စီလုပ်ငန်း(၉၅)%၊ အိမ်တွင်းရေ+မီးလုပ်ငန်း(၇၀)%၊ ဆေးသုတ်လုပ်ငန်း အတွင်းအပြင် (၆၀)%၊ တံခါးပြတင်းလုပ်ငန်း(၅၀)%၊ မိလ္လာကန်တည်ဆောက်ခြင်းလုပ်ငန်း(၁၀၀)%၊ အိမ်ရာပတ်ဝန်းကျင်ကွန်ကရိလမ်း(၄၀)%၊ အဆောက်အဦတစ်ခုလုံး၏(၉၆)% ဆောင်ရွက်ပြီးစီးမှုနှင့် ခြံစည်းရိုး၊ အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း(၇၀)%၊ ရေလုပ်ငန်း အတွက်အဝီစိတွင်းအကျယ်(၄)လက်မ၊ အနက်ပေ(၂၅၀)ဆောင်ရွက်ပြီးစီး၍ ရေထွက်ရှိကာရေသန့်ရရှိပြီး၊ ဂါလံ(၈၀၀၀)ဆန့် မြေအောက် ရေလှောင်ကန်(၁၀၀)% ဆောင်ရွက်ပြီးစီး၍ လူထုအခြေပြုဗဟိုဌာန Community Centre အဆောက်အဦကို အုတ်မြစ်လုပ်ငန်း (မြေတူး+ကွန်ကရစ်)ကို (၁၀၀)%၊ ဒုတိယထပ်ကွန်ကရစ်တိုင်နှင့် ကြမ်းခင်းလောင်းပြီး (၁၀၀)%၊ တတိယထပ် ကွန်ကရစ်တိုင်လောင်းရန် ပုံစံပြင်ဆင်ဆောင်ရွက်နေဆဲဖြစ်ကြောင်းနှင့် အဆောက်အဦတစ်ခုလုံး၏ (၃၅%)ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ လူထုအခြေပြုဗဟိုဌာန Community Centre အဆောက်အဦဆောက်လုပ်မှုတွင် (၁)မြေညီထပ်တွင် စာအုပ် အရောင်းဆိုင်၊ ပြခန်းငယ် (Mini Museum) ကလေးစာဖတ်ခန်း၊ (၂) ပထမထပ်တွင်ပြည်သူ့စာကြည့်တိုက်၊ (၃)ဒုတိယထပ်တွင် ပြည်နယ်/ခရိုင် ရုံးအဖွဲ့ရုံးခန်း၊ (၄)တတိယထပ်တွင် အစည်းအဝေးခန်းမ၊ ကွန်ပျူတာအသုံးပြုခန်း၊ (၅)စတုတ္ထထပ်တွင် ကာယ လေ့ကျင့်ခန်း (Youth Centre)၊ (၆)ပဥ္စမထပ်တွင် ဘက်စုံသုံးခန်းမ၊ (၇)ဆဌမထပ်တွင် ဟင်းလင်းပြင်ကာယလေ့ကျင့်ရေးကွင်း များပါရှိကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 111 guests and no members online