ရှမ်းပြည်နယ်သတင်းများ

တောင်ကြီးကွန်ပျူတာတက္ကသိုလ်၌ ထုတ်ကုန်ပြပွဲ (Product Show 2019) ကျင်းပ

တောင်ကြီး       စက်တင်ဘာ - ၆

211

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ နောင်လေကျေးရွာအုပ်စု၊ မဲသောင်းကျေးရွာ၊ တောင်ကြီး- ဟိုပုံးသွားလမ်းရှိ တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ ကြီးမှူး၍ တတိယအကြိမ်မြောက် ထုတ်ကုန်ပြပွဲ (Product Show 2019) ကျင်းပခဲ့ကြောင်း သိရသည်။

            အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေးအတွက် နိုင်ငံတော်က ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်များကို အကောင်အထည်ဖော်သည့် နေရာများ IT နည်းပညာသည် အလွန်အရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်နေပါ ကြောင်း၊  ယနေ့ကမ္ဘာသည် Globalization ခေတ်ကို ရောက်နေပြီဖြစ်သည်နှင့်အညီ ကမ္ဘာတစ်ဝှမ်းလုံးတွင် IT နည်းပညာ၏ တိုးတက်ပြောင်းလဲမှုသည် နိုင်ငံတိုင်း၏ စီးပွားရေး၊ လူမှုရေးတိုးတက်မှုအတွက် များစွာအထောက်အကူပေးလျက်ရှိပါကြောင်း၊ နည်းပညာ၊ အတတ်ပညာ တက်မြောက်ထားသည့် လူငယ်လူရွယ် များစွာရှိသည့် နိုင်ငံဖြစ်မှသာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၏ တီထွင်ဖန်တီးနိုင်မှုများကြောင့် နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆုကို ရရှိခဲ့ကြောင်း ကြားသိရသည့်အတွက် ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သော တက္ကသိုလ်တစ်ခုအဖြစ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း အဖွင့်အမှာစကား၌ ပြောကြား သွားသည်။ ထို့နောက် တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ သင်းသုနိုင်က တတိယအကြိမ် မြောက် ထုတ်ကုန်ပြပွဲ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသော ကွန်ပျူတာပညာရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

            ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် တက်ရောက်လာကြသူများက ကုန်ထုတ်ပြပွဲ တွင် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)မှ ကျောင်းသား/ကျောင်းသူများမှ တီထွင်ထားသော ထုတ်ကုန်ပစ္စည်း ၃၇ မျိုး ပြထားမှုများကို လိုက်လံကြည့်ရှုအားပေးကာ Dynamicweb APAC မှ ဒါရိုက်တာ Mr. Puspak Patro က မြန်မာနိုင်ငံ၏ အီလက်ထရောနစ် စီးပွားရေးအကြောင်း၏ အနာဂတ်လမ်းကြောင်းများကို ဆွေးနွေးပြောကြားပြီး Founder of Ahtar Oo Co.Ltd မှ တည်ထောင်သူ ဦးအောင်အောင်က ကွန်ပျူတာလုပ်ငန်း အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ပေးပြီး တက်ရောက်လာကြသူများက ကွန်ပျူတာနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ IT, ICT နည်းပညာများအကြောင်းများကို ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 70 guests and no members online